အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1)ဒုတိယအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 3)ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

We will have been young – ဓာတ်ပုံပြပွဲ

(၂၀၁၆) နှင့် (၂၀၁၇) ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ပီနန်မြို့ ၌ Obscura ဓာတ်ပုံပြပွဲကျင်းပရာ “အရှေ့တောင်အာရှမှ လူငယ်နှင့်အနာဂတ်” ခေါင်းစဥ်အမည်ရှိပြပွဲကို Ostkreuz ဓာတ်ပုံအေဂျင်စီမှ J.Brüggemann နှင့် T.Kruse တို့ဦးစီးသည့် အရှေ့တောင်အာရှဓာတ်ပုံအထူးသင်တန်း၏ ရလဒ်အဖြစ် ပြသနိုင်ခဲ့ပါသည်။ (၂၀၁၈) ခုနှစ်တွင် စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် မလေးရှားတို့တွင် ပြပွဲပြသပြီးနောက်၊ (၂၀၁၉) ခုနှစ်တွင် မိုင်းမြစ်ကမ်းရှိဖရန့်ဖွတ်ထ်၊ ဘာလင်၊ ဟနွိုင်း နှင့် HCMC၊ (၂၀၂၀) ခုနှစ်တွင် ဘန်ကောက်နှင့် ရန်ကုန်တို့တွင် ပြပွဲများပြသခဲ့ပါသည်။

we will have been young Photography Exhibition©CCTang_Obscura
(၂၀၁၆) နှစ်ဦးတွင် အထူးသင်တန်းကို ရေရှည်ပရောဂျက်အဖြစ်စတင်ခဲ့ပါသည်။ ရည်ရွယ်ချက်မှာ ဒေသတွင်းလူငယ်ဓာတ်ပုံပညာရှင်များ ပေါ်ထွက်လာရေးနှင့် အရေးကြီးသောအကြောင်းအရာများ၊ ဇာတ်လမ်းတွဲများတွင် ပါ၀င်လုပ်ကိုင်နိုင်ရန် ဖြစ်၏။ သင်တန်းတက်ရောက်ခဲ့သူ ဓာတ်ပုံပညာရှင် (၁၂) ဦးအတွက်မူ ၎င်းပရောဂျက်မှာ အဖက်ဖက်မှ အတွေ့အကြုံရရှိပြီးရင့်ကျက်ပြောင်းလဲလာနိုင်ကာ သင်တန်းဆရာများအတွက်မူ တန်ဖိုးမဖြတ်နိုင်သော အတွေ့အကြုံ ဖြစ်ခဲ့ပါသည်။


၎င်းဒေသတွင်းပရောဂျက်မှ သင်တန်းသူ၊ သင်တန်းသားများမှာ အရှေ့တောင်အာရှရှစ်နိုင်ငံ ဖြစ်သော အင်ဒိုနီးရှား၊ က‌မ္ဘောဒီးယား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်တို့ကို ကိုယ်စားပြုခဲ့ပါသည်။ Obscura ပြပွဲကာလအတွင်းပြုလုပ်ခဲ့သော သင်တန်းများ၊ သင်တန်းသူ၊ သင်တန်းသားများနှင့် အကြံပေးဓာတ်ပုံပညာရှင်များကြားရှိ ပညာရပ်ဆိုင်ရာ ဖလှယ်မှုများမှတဆင့် “လူငယ်နှင့်အနာဂတ်” ခေါင်းစဥ်ဖြင့် ဓာတ်ပုံစီးရီး (၁၂) ခု ကို စီစဥ်၍ ပြသနိုင်ခဲ့ပါသည်။ 

Sea Masterclass © CCTang Obscura
ဓာတ်ပုံစာအုပ်ကို လိုက်ပဇစ်အခြေစိုက် dienacht Publishing မှ Calin Kruse က ထုတ်‌‌ဝေခဲ့ပါသည်။ အနုပညာရှင်အများစုမှာ ထိုအတောအတွင်း ၎င်းတို့၏လက်ရာများအတွက် နိုင်ငံတကာဆုများစွာ ရရှိခဲ့ပြီးဖြစ်သည်။ ၎င်းတို့အထဲတွင် စင်ကာပူ၊ တူရကီ နှင့် ဂျာမနီမှဆုများလည်း ပါဝင်ပါသည်။ သတင်းမီဒီယာများမှ အထူးသဖြင့် ပြပွဲတွင်ပြသခဲ့သော လူမှုရေးဆိုင်ရာအကြောင်းအရာ - ဥပမာ “တည်းဖြတ်ခြင်း” (CNN)- တို့ကို အသားပေးဖော်ပြခဲ့ပါသည်။ 

Photo Book WWHBY Fotobuch©Goethe Institut Photo Book WWHBY Fotobuch©Goethe Institut Photo Book WWHBY Fotobuch©Goethe Institut Photo Book WWHBY Fotobuch©Goethe Institut Photo Book WWHBY Fotobuch©Goethe Institut Photo Book WWHBY Fotobuch©Goethe Institut
ဓာတ်ပုံစီးရီး၏ခေါင်းစဥ်များမှာ online dating ၊ စိတ်ကျန်းမာရေးနှင့်စိတ်ရောဂါကြားမှဆက်နွယ်မှု စသည်တို့မှစ၍ ဇစ်မြစ်အထောက်အထား၊ ဖန်တီးနိုင်စွမ်း နှင့် ယုံကြည်ချက်ဆိုင်ရာမေးခွန်းများအထိပါဝင်ပါသည်။ စီးရီးတိုင်းကို တမူထူးခြားသောချဥ်းကပ်နည်းပုံံစံဖြင့် ပြုလုပ်လေ့ရှိပြီး၊ ငယ်ရွယ်နုပျိုမှုနှင့် ထိုအ‌ကြောင်းအရာကိုလေ့လာသုံးသပ်ကြရာမှ ပေါ်ပေါက်လာသည့် ကွဲပြားခြားနားသောရှုထောင့်များကို တွေ့မြင်စေပါသည်။

( ၂၀၁၈) ခုနှစ်တွင် အုပ်စုပြပွဲကို စင်ကာပူ၊ ဘန်ဒွန်၊ ဂျာကာတာ၊ မနီလာ နှင့် ကွာလာလမ်ပူ (Singapur, Bandung, Jakarta, Manila und Kuala Lumpur) တို့တွင် ပြုလုပ်ခဲ့၏။ ပြပွဲပါအကြောင်းအရာများကို အလုပ်ရုံဆွေးနွေးပွဲများ၊ ဆွေး‌နွေးဟောပြောပွဲများနှင့် စာတမ်းဖတ်ပွဲ စသည့် ပရိုဂရမ်ပုံစံအမျိုးမျိုးတို့ဖြင့် တင်ဆက်ခဲ့ပါသည်။

Aပြပွဲကို (၂၀၁၉) ခုနှစ် မတ်လ (၇) ရက်နေ့တွင် မိုင်းမြစ်ကမ်းရှိဖရန့်ဖွတ်ထ်မြို့  basis အနုပညာအသင်းတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပါ၀င်သည့်ဓာတ်ပုံပညာရှင် (၁၂) ဦး၊ သင်တန်းနည်းပြ (၂) ဦးဖြစ်သော Ostkreuz - အေဂျင်စီမှ Jörg Brüggemann, Tobias Kruse နှင့် Obscura ဓာတ်ပုံပွဲတော်မှ ဒါရိုက်တာ Vignes Balasingamတို့ဖွင့်ပွဲအားတက်ရောက်ခဲ့ပါသည်။
 
၎င်းဖွင့်ပွဲမှာ Goethe-Institut မှစီစဥ်သော၊ အရှေ့တောင်အာရှမှဓာတ်ပုံဆရာ (၁၂) ဦး၏ လက်ရာ ဘာလင်ပြပွဲခရီးစဥ်၏ ပဏာမအစီအစဥ်ဖြစ်ပါသည်။

ဓာတ်ပုံပြပွဲကို ၂၀၁၉ ခုနှစ် မေ (၃၁) ရက်မှ ဇွန် (၉) ရက် အထိ ဘာလင်ရှိ Ostkreuz သင်တန်းကျောင်းတွင် ကျင်းပခဲ့ပါသည်။  

Ilham Gallery Images Ilham Gallery Images | © Vignes-Balasingam | Ilham Gallery Images Ilham Gallery Images | ©Vignes-Balasingam | Ilham Gallery Images Ilham Gallery Images | ©Vignes-Balasingam |
အရှေ့တောင်အာရှမှ ဓာတ်ပုံပညာရှင် (၁၂) ဦး၏လက်ရာ “We Will Have Been Young” ဓာတ်ပုံပြပွဲနှင့် Network ခရီး ကို မိုင်းမြစ်ကမ်းမှဖရန့်ဖွတ်ထ် နှင့် ဘာလင်မြို့တွင် ၂၀၁၉ မတ်လ (၆) ရက်မှ (၁၅) ရက်ထိကျင်းပခဲ့ပါသည်။
ခရီးစဥ်၏အဓိကရည်ရွယ်ချက်မှာ ပြပွဲတစ်ခုမျှသာ မဟုတ်ဘဲ ဂျာမနီတွင် အဆက်အသွယ်ဖြန့်ကျက်နိုင်ရန် နှင့် ဓာတ်ပုံပြပွဲမြင်ကွင်းကို ပိုမိုနီးကပ်စွာ လေ့လာနိုင်ရေးလည်း ဖြစ်သည်။

“We Will Have Been Young” ပြပွဲခရီးစဥ်၏ ပဏာမအစီအစဥ်မှာ မိုင်းမြစ်ကမ်းဖရန့်ဖွတ်ထ်မြို့မှ basis အနုပညာအသင်းတွင် ပြုလုပ်ခဲ့သောဖွင့်ပွဲဖြစ်သည်။
ပြပွဲပထမရက်များတွင် DZ Bank colletion နှင့် Städel ပြတိုက်မှ ဓာတ်ပုံပြပွဲများကို အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ဖရန့်ဖွတ်ထ်မှ We Will Have Been Young ပြပွဲကို Obscura ဓာတ်ပုံပွဲတော်ဒါရိုက်တာ Vignes Balasingam နှင့် မိုင်းမြစ်ကမ်းဖရန့်ဖွတ်ထ်မြို့ရှိ Goethe University မှ အရှေ့တောင်အာရှအထူးပြု အနုပညာသမိုင်းကထိက Dr. Amanda Katherine Rath တို့ပါဝင်သောဆွေးနွေးပွဲဖြင့် အားဖြည့်ခဲ့ပါသည်။

မတ်လ (၁၁) ရက်တွင် ဘာလင်သို့ ဓာတ်ပုံပညာရှင်များ ရောက်ရှိခဲ့ပြီး ခရီးစဥ်အတွင်း ဘာလင်ရှိ အနုပညာပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြပါသည်။  ပြပွဲအားတနေကုန်လာရောက်ကြည့်ရှုမှု နှင့် Ostkreuz သင်တန်းကျောင်းတွင်ကျင်းပသည့် Portfolio-Review ပါဝင်သော ဆွေးနွေးဖလှယ်ပွဲတွင် ပါဝင်ဆွေးနွေးခြင်းတို့မှာ ပြပွဲခရီးစဥ်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံးအချက် ဖြစ်သည်။
Ostkreuz ဓာတ်ပုံသင်တန်းတွင် ပြုလုပ်ခဲ့သော တင်ဆက်မှုများမှာ ပီနန်ဓာတ်ပုံအထူးသင်တန်းစချိန်မှ ကုန်လွန်ခဲ့သောသုံးနှစ်တာကာလကို ပြန်လည်သုံးသပ်ရန် ကောင်းမွန်သောပလက်ဖောင်းတစ်ခုဖြစ်ပါသည်။ 
  • Networking Trip WWHBY © Amrita Chandradas

  • Networking Trip WWHBY © Lee Chang Ming

  • Networking Trip WWHBY © Khiev Kanel

  • Networking Trip WWHBY © Watsamon June Tri-yasakda

  • Networking Trip WWHBY © Watsamon June Tri-yasakda

  • Networking Trip WWHBY © Elliott Koon

Quotes from the participating photographers about the networking trip:

"I was really happy with the reception of our works. A lot more people were engaged especially with the whole talk. It felt like it was easier to explain our works and people were more interested to ask questions which made it really comforting." -Geric Cruz

"This trip is a good way to get inspired as an artist/photographer." - Muhammad Fadli

"It was inspiring to see how everyone had progressed since we last me. It was very insightful and personal."- Lee Chang Ming

"From a great opening, I felt more confident to open discussion on my work which push me more interesting in panel discussion which inspired me more." - Khiev Kanel

"Internally, being able to reconnect with everyone else felt very important. The session at Ostkreuzschule was a closed thing and it was moving to see how all of us (including Jörg and Tobi) have changed and grown in just a few years." - Dennese Victoria

"One of the best thing I like about the trip is able to connect to the people from the Basis Gallery, the Museums and Ostkreuz. Learn about their culture and how they run galleries and projects." - Elliott Koon

"It has been a wonderful experiences, I learn a lot form it. For example, I’ve learn that, there are different practices and methods in working with photography that I can explore more. It is more like, how will I use what I’ve learn from the program for my future works rather than looking back to my previous work." - Dwi Asrul Fajar

“During the trip to Frankfurt and Berlin, I had a chance to talk and discuss with many people who saw our works. Most people are from different background and live in different cultural context, it was a good opportunity for me to exchange idea and discuss with them.” - Watsamon June Tri-yasakda

“We became incredibly connected through this course of 2 years and have been inspired by each other. The programmes have allowed us to speak about our work many times in a public space and i think without us realizing it has grown our confidence and allowed us to own our work positively.” -Amrita Chandradas
 

ဓာတ်ပုံပညာရှင်များ

Alvin Lau | Malaysia
အချစ်ဆိုသည်မှာဤအရာလား။

အွန်လိုင်းဒိတ်ယဥ်ကျေးမှုဟာ ယခုထောင်စုနှစ် အစောပိုင်းကစပြီး လူအများကြားဆက်နွယ်မှုကို ပိုမိုအဆင်ပြေစေတဲ့အရာတစ်ခုဖြစ်လာပါတယ်။ 

အားလုံးကို ဆုံးရှုံးခြင်းမဟုတ်။

ဒါကသူမရဲ့ ပြင်ပအသွင်သဏ္ဍာန်လား။ သူမပြောဆိုပုံ၊ ပြုမူပုံ ဒါမှမဟုတ် လှုပ်ရှားပုံလား။ ဒါမှမဟုတ် သူမရဲ့ဆံနွယ်တွေ လေမှာဝေ့နေတဲ့ဟန်က သူမရဲ့ ဣထိယဆန်မှုကိုပံ့ပိုးပေးနေတာလား။

ဗက်စ်ပါ စစ်သည်များ။

(၁၉၄၆) ခုနှစ် ဖလောရန့်မြို့တွင်မွေးဖွားချိန်မှစ၍ Vespa သည် အများစုအတွက် ထူးခြားသောအရာဖြစ်ခဲ့ပါသည်။ အချို့အတွက်မူ ၎င်းသည် နေထိုင်မှုစတိုင်တစ်ခု ဖြစ်လာခဲ့၏။ 

ဟန်ဆောင်မိသားစုနဲ့အတူရှိခဲ့တဲ့နေ့ရက်များ။

(၂၀၁၆) ခုနှစ် အောက်တိုဘာလမှာ မိသားစုအယ်လ်ဘမ်အတုလို့ အမည်ပေးထားတဲ့ ပရောဂျက်ကို ကျွန်မစတင်လုပ်ကိုင်ခဲ့ပါတယ်။ ရင်းနှီးယုံကြည်မှုကိုဟန်ဆောင်ပြဖို့ ဘယ်လောက်လွယ်ပါသလဲဆိုတာ ကျွန်မလေးလေးနက်နက်တွေးခဲ့မိလို့ပါ။ 

Kanel Khiev | ပျက်စီးခြင်းမတိုင်မီ © Kanel Khiev

ပျက်စီးခြင်းမတိုင်မီ

အဖြူရောင်အဆောက်အအုံ သို့မဟုတ် Bodeng လို့ လူသိများတဲ့ ဖနွမ်းပင်မြို့လယ်က မြူနီစီပယ်တိုက်ခန်းတွဲတွေကို (၁၉၆၃) ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

စားပွဲအောက်ကစမ်းချောင်း

(၂၀၁၆) ခုနှစ်တွင် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)မှ အင်ဒိုနီးရှားတွင် စိတ်ရောဂါခံစားနေရသူများအားဆက်ဆံပုံနှင့်ပတ်သက်သည့် စာမျက်နှာ (၇၆) မျက်နှာပါ အစီရင်ခံစာကို  “ငရဲတွင်နေထိုင်ခြင်း - အင်ဒိုနီးရှားတွင် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူများကို ညှဥ်းပန်းနှိပ်စက်ခြင်း” အမည်ဖြင့် ထုတ်ဝေခဲ့သည်။

ဤမြေ၏သွေးသားများ

Orang Asli သည် မလေးရှားဌာနေတိုင်းရင်းသားများ ဖြစ်ပြီး ငြိမ်းချမ်းသောလူမျိုးစုဖြစ်သည်။ အများအားဖြင့် မြို့ပြ၏အခြားတဖက် သဘာ၀ပတ်၀န်းကျင်များ ဝန်းရံထားသည့် သေးငယ်သောလူမှုအဖွဲ့အစည်းများအတွင်း နေထိုင်ကြသည်။

၇၄၆၅

လူအများစုမေးလေ့ရှိသောမေးခွန်းများထဲမှတစ်ခုမှာ "မင်းအရွယ်ရောက်လာတဲ့အခါဘာဖြစ်ချင်သလဲ။” ဖြစ်ပြီး မည်သူကမှ “မင်းအခုဘာဖြစ်ချင်သလဲ။” ဟု လူငယ်များကိုမမေးခဲ့ပေ။

ထိုမတိုင်မီအထိ

“ထိုမတိုင်မီအထိ” ဆိုသည်မှာ “ငယ်ရွယ်ခြင်းနှင့် လိင်တူချစ်သူဖြစ်ခြင်း” ဟု စင်ကာပူတွင် အဓိပ္ပါယ်ဖွင့်နိုင်ကြောင်း ကျွန်ုပ်၏အတွေ့အကြုံမှရသော အမြင်ရှုထောင့် နှင့် ပတ်၀န်းကျင်ရှိမိတ်ဆွေများထံ မေးမြန်းရာမှ သိရှိရပါသည်။ 

အီဗာ

မနီလာ၏ပရမ်းပတာပတ်ဝန်းကျင်မှဝေးသော ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Bacolod တွင် ကျွန်တော်၏အဖွားအီဗာ နေထိုင်ပြီး၊ သူမ၏အိမ်ပတ်ဝန်းကျင်မှအရာများ၊ လူများနှင့် အမှတ်တရများကို မှတ်တမ်းတင်ခြင်းမှ အီဗာကတ်တလောက်ကို စတင်ခဲ့ပါတယ်။

ပိတ်ထားသော တံခါးချပ်များနောက်ကွယ်

“သတိ” ဒီအမိန့်သံကြားတာနဲ့တပြိုင်နက်တည်း ကျွန်တော်တို့ဟာ တန်းစီငြိမ်သက်လိုက်ကြပြီး အလံကို အလေးပြုလိုက်ကြပါတယ်။ ဒါဟာ (၁၂) နှစ်လုံးလုံး တနင်္လာနေ့တိုင်း မြင်တွေ့နေကျဖြစ်တဲ့ ကျွန်တော်တို့ ကျောင်းရဲ့အပတ်စဥ်တန်းစီပွဲ မြင်ကွင်းပါပဲ။ခပ်မတ်မတ်ရပ်ရတဲ့ ကိုယ်ဟန်အနေအထားက ဒီနေရာမှာ အရေးကြီးပြီး၊ ဒါက ကောင်းမွန်တဲ့ ကျင့်ဝတ်လိုက်နာမှုကို ကိုယ်စားပြုပါတယ်။

အမှတ်တရလမ်း

ဆေးရုံတက်နေရတဲ့ စန်းကေခိုင်ဆီကို သွားလည်တိုင်း  “အိမ်ပြန်ချင်တယ်”လို့  ပြောတာ ကြားရလေ့ရှိပါတယ်။ 
သူမက အသက် (၁၇) နှစ်အရွယ်ရှိပြီး၊ ရန်ကုန်က နာမည်ကြီးအပ်ချုပ်ဆိုင်တစ်ဆိုင်မှာ ငါးနှစ်ကြာ ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ခံရပြီး နှိပ်စက်ခံခဲ့ရသူပါ။ 
သတင်းထောက်တစ်ဦးက သူမအကြောင်းကို ဖော်ထုတ် ရေးသားပြီးနောက်မှာမှ သူမလွတ်မြောက်ခဲ့ပါတယ်။ သူမကိုစတွေ့တော့ လက်ချောင်းတွေအားလုံးက အရိုးတွေကျိုးပြီး၊ လက်ကလဲလိမ်နေပါတယ်။ အစပိုင်းမှာ (၁၅) မိနစ်ထက်လဲ ပိုပြီးမရပ်နိုင်ပါဘူး။


တွဲဖက်အဖွဲ့အစည်းများ