အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1)ဒုတိယအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 3)ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Banner Science Film Festival 2020© Goethe-Institut Myanmar

Science Film Festival 2020

နောက်ထပ်တစ်ကြိမ် သိပ္ပံရုပ်ရှင်ပွဲတော်ကျင်းပရန် အချိန်ရောက်ရှိလို့လာပါပြီ။ သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် (၉) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်တော့မည်ဖြစ်ပါသည်။ နို၀င်ဘာလ (၂၈) ရက် ၂၀၂၀ မှ ဒီဇင်ဘာလ (၁၀) ရက် ၂၀၂၀အတွင်း ကလေးသူငယ်များ လူငယ်များ နှင့် အရွယ်ရောက်ပြီးသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘ၊ ဆရာများက အင်တာနက်ရရှိသည့် မည်သည့်နေရာမှ မဆို၊ အိမ်မှနေ၍ အွန်လိုင်းမှ စာရင်းပေးသွင်းကာ ဤပွဲတော်တွင် ပါ၀င်ကြည့်ရှု ဆင်နွှဲနိုင်ကြတော့မည်ဖြစ်ပါသည်။ ယခုနှစ်တွင် မြန်မာပြည်က ရုပ်ရှင်ပွဲတော် အတွက် ဇာတ်လမ်းတို (၁၅) ကားရွေးချယ်ထားပါသည်။ “စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ” ဟူသောခေါင်းစဥ်နှင့် ပတ်သက်၍ ပုံမှန် အသိပညာပေးဖျော်ဖြေမှုရုပ်ရှင်များအပြင် အသက်အရွယ်အပိုင်းအခြားအလိုက် လက်တွေ့စမ်းသပ် တင်ပြမှု ဗီဒီယိုလေးများ ပေးပို့ကာ ကျောင်းသူ၊ကျောင်းသားများ ကိုယ်တိုင်ပါ၀င်နိုင်သော ပြိုင်ပွဲကိုလည်း စီစဥ်ထားရှိပါသည်။

စာရင်းပေးသွင်းရန်
sff thumbnail
© Goethe-Institut

သိပ္ပံရုပ်ရှင်ပွဲတော် အကြောင်း

သိပ္ပံရုပ်ရှင်ပွဲတော် ဆိုသည်မှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်း နှင့် လက်တင်အမေရိကရှိ သိပ္ပံဆိုင်ရာ ဆက်သွယ်မှု အစီအစဥ်တစ်ခု ဖြစ်ပါသည်။ သိပ္ပံပညာ တက်မြောက်မှုကို မြှင့်တင်ပေးခြင်း နှင့် ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ ပါဝင်သော နိုင်ငံတကာ ရုပ်ရှင်များမှ တစ်ဆင့် မျက်မှောက်ခေတ် သိပ္ပံဆိုင်ရာ၊ နည်းပညာဆိုင်ရာ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများအား အသိပညာရှိမှုကို ပံ့ပိုးပေးခြင်း စသည်တို့ကို ဒေသရှိ မိတ်ဖက်များနှင့် ပူးပေါင်းကာ ဆောင်ရွက်ပါသည်။ ဤပွဲတော်သည် ၂၀၀၅ ခုနှစ် ၎င်း၏ ပထမဆုံး အစပြုချိန်မှ သိသိသာသာ ကြီးမားလာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် ၎င်းနယ်ပယ်၏ အကြီးအမားဆုံး ပွဲတော် ဖြစ်လာပါသည်။
Science Film Festival

ဤနှစ်ခေါင်းစဥ် − ရေရှည်တည်တံ့ခိုင်မြဲခြင်း

၂၀၃၀ ခုနှစ် ကမ္ဘာကြီးအတွက် ရူပါရုံတစ်ခုကို ၂၀၁၅ ခုနှစ်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ သဘောတူညီခဲ့သည်။ ထိုရူပါရုံသည် ရည်မှန်းချက်ကြီးမားပါသည် − သင့်တင့်ကောင်းမွန်သော ဝန်းကျင်တွင် တည်ဆောက်ထားသည့် ငြိမ်းချမ်းပြီး သာယာဝပြောသော ကမ္ဘာတစ်ခု ဖြစ်သည်။ အခြားသော ရည်မှန်းချက်များ အနက် ပိုမိုကောင်းမွန်သော ကျန်းမာရေး၊ အရည်အသွေး ပြည့်မီသော ပညာရေး ရရှိမှု၊ အလုပ်အကိုင်ကောင်းများ နှင့် မညီမျှမှုများကို လျှော့ချထားသော ကမ္ဘာကြီး ဖြစ်သည်။ စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် (၁၇) ခုတွင် ဖော်ပြထားသော ဤရူပါရုံသည် ပိုမိုကောင်းမွန်သော၊ ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်အတွက် ကျွန်ုပ်တို့ မျှဝေထားသော စီမံချက်ဖြစ်သည်။ ထိုအနာဂတ်ကို ရရှိရန် ယနေ့ခေတ် ကမ္ဘာကြီးကို ကြည့်ရှု့ရန် လိုအပ်ပါသည်၊ အပြောင်းအလဲအတွက် ဖြစ်နိုင်ချေများကို နားလည်သဘောပေါက်ပြီး ထိုပြောင်းလဲမှု ဖြစ်ပေါ်စေရန် အရေးယူဆောင်ရွက်ရပါမည်။ ကမ္ဘာကုလသမ္မဂ ပတ်ဝန်းကျင် အစီအစဥ် နှင့် ပူးပေါင်းကာ ၂၀၂၀ သိပ္ပံရုပ်ရှင်ပွဲတော်လည်း ဤဖြစ်နိုင်ချေများကို လေ့လာရန် ရည်ရွယ်ပါသည်။ နိုင်ငံတကာမှ ရွေးချယ်ထားသော သိပ္ပံ၊ နည်းပညာ နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဇာတ်ကားများမှ တစ်ဆင့် SDG ၏ အဓိကကိစ္စရပ်များ စကားဝိုင်းကို ပိုမိုကျယ်ပြန့်စေရန် ကူညီပြီး၊ ထိုစကားဝိုင်းမှ တစ်ဆင့် လူသား နှင့် ကမ္ဘာမြေ တိုးတက်ကောင်းမွန်စေသော လုပ်ဆောင်မှုကို လှုံ့ဆော်ပေးရန် ကူညီပေးပါသည်။

ဤနှစ်ခေါင်းစဥ် ဖြစ်သော စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) နှင့် ဆက်စပ်သော ရုပ်ရှင်များနှင့် လိုက်ဖက်သော သင်ခန်းစာများအတွက် အကြံပြု သင်ကြားရေး ပစ္စည်းများကိုလည်း စီစဥ်ထားပြီး အွန်လိုင်းရှိ သိပ္ပံရုပ်ရှင်ပွဲတော် ဝက်ဘ်ဆိုက်တွင် တွေ့ရှိနိုင်ပါသည်။ 

ဘယ်လို စာရင်းပေးသွင်းရမလဲ။

ကိုဗစ်−၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုအရ ဤနှစ်တွင် ပြသမှုများမှာ အွန်လိုင်းပြသမှုများ ဖြစ်ပါလိမ့်မည်။ ၂၀၂၀ သိပ္ပံရုပ်ရှင်ပွဲတော်အတွက် ရွေးချယ်ထားမှုများကို အွန်လိုင်းတွင် တွေ့ရှိနိုင်ပါသည်။ ရုပ်ရှင်များရဲ့ လင့်ခ်ကို ရရှိနိုင်ရန် ကျေးဇူးပြု၍ စာရင်းပေးသွင်းပြီး၊ ပေးပို့လာသော စကားဝှက်ဖြင့် ရုပ်ရှင်များကို အခမဲ့ ကြည့်ရှု့နိုင်ပါသည်။ စကားဝှက်ကို ရရှိခြင်းဖြင့် ထိုလင့်ခ် နှင့် စကားဝှက်ကို အင်တာနက်ပေါ်တွင် တင်ခြင်း နှင့် အခြားသူများအား မပေးရန် သင်သဘောတူပြီး ဖြစ်သည်။ စီးပွါးဖြစ် အသုံးပြုခြင်း၊ ရုပ်ရှင်အား ကူးယူခြင်း (သို့) ဒေါင်းလုပ်ပြုလုပ်ခြင်းများကို တားမြစ်ထားပါသည်။ 
စာရင်းပေးသွင်းရန်


ကျွန်ုပ်တို့၏ မိတ်ဖက်အဖွဲ့အစည်းများ

Education Channel © Education Channel

Logo © Department of Alternative Education

Myanmar YMCA © Myanmar YMCA

Logo der Brainworks Total School Logo: Brainworks Total School

MMS logo ©MMS

logo von Total ©Total Learning Academy

logo von Matchless Production ©Matchless Production

logo von Infiniti Int'l Co., Ltd. © Infiniti Int'l Co., Ltd.

logo von Bago Center ©Bago Center

logo von Myanmar RC Builders & Flyers Club ©Myanmar RC Builders & Flyers Club

logo von Pride Myanmar ©Pride Myanmar

logo von WasoLearn ©WasoLearn

Logo © Joitamoi