Goethe-Institut ၏ ယဥ်ကျေးမှုဆိုင်ရာ ရန်ပုံငွေ အစီအစဥ် (၂၀၂၀ - ၂၀၂၁) ကို ဒုတိယအချီ ပြန်လည်ဖွင့်လှစ် လိုက်ပါပြီ။ ဤအစီအစဥ်က အမြင်ဆိုင်ရာ၊ စာပေ၊ ကဗျာ၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်နဲ့ ပါဖောမန့်စ် အနုပညာရှင်များ၊ အနုပညာနှင့် ယဥ်ကျေးမှုနယ်ပယ်အတွင်း လုပ်ငန်းဆောင်ရွက်နေသူများနှင့် အလွတ်တန်းသုတေသန ပညာရှင်များကို ပံ့ပိုးရန်ဖြစ်သည်။