ရေရှည်တည်တံ့သောရုပ်ရုပ်ထုတ်လုပ်ရေးလုပ်ငန်း
ရုပ်ရှင်သည်စိမ်းလန်းနေရမည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာအကြောင်းအရာများကိုထည့်သွင်းပြီး ပိုမိုကြာရှည်တည်တံ့သောလူနေမှုပုံစံတစ်မျိုးကိုနှိုးဆော်ထားသည့် မြောက်များစွာသောဖျော်ဖြေရေးရုံတင်ရုပ်ရှင်များနှင့်မှတ်တမ်းရုပ်ရှင်များရှိပါသည်။ သို့သော် ရုပ်ရှင်ထုတ်လုပ်ရေးကဏ္ဍထဲတွင် အခြေအနေကမည်သို့ရှိပါသနည်း။ ဂျာမန်ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းက မည်မျှလောက်ထိစိမ်းလန်းပါသနည်း။  

Davis Guggenheim နှင့် Al Gore တို့၏မှတ်တမ်းရုပ်ရှင် "Eine unbequeme Wahrheit" (သက်တောင့်သက်သာမရှိတဲ့ အမှန်တရား) သည် (၂၀၁၆) ခုနှစ်တွင် ကမ္ဘာတစ်လွှားအောင်မြင်မှုရရှိပြီးကတည်းကပင် ဖျော်ဖြေရေးရုပ်ရှင်များနှင့်မှတ်တမ်းရုပ်ရှင်များသည် "ရေရှည်တည်တံမှု" ခေါင်းစဉ်နှင့်ပို၍ပို၍နှီးနွှယ်လာကြသည်။ မကြာသေးမီကအချိန်ထိ သမိုင်းတလျှောက်အအောင်မြင်ဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သည့် ဒါရိုက်တာ James Cameron ၏ Avatar ရုပ်ရှင်ကဲ့သို့သော Blockbuster ဝင်ငွေအကောင်းဆုံးရုပ်ရှင်များသည် ဂေဟစနစ်နှင့်အက်ရှင်ဖျော်ဖြေရေးကိုတွဲစပ်ထားပါသည်။ Zeit für Utopien (စိတ်ကူးယဉ်အတွေး တွေးချိန်) ၊ Die grüne Lüge (အစိမ်းရောင်မုသား) ၊ Taste the Waste (စွန့်ပစ်ပစ္စည်းကို မြည်းစမ်းခြင်း) ကဲ့သို့သော မရေမတွက်နိုင်သည့်ဂျာမန်ရုပ်ရှင်ထုတ်လုပ်မှုများသည်လည်း ဘဝနေထိုင်မှုနှင့်အလုပ်အကိုင်တို့၏ရေရှည်တည်တံ့ခိုင်မြဲသောပုံစံတစ်ခုအတွက် အငြင်းပွားနေကြသည်။ သို့သော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးပညာပေးပါဝင်သည့်ဖျော်‌ဖြေရေးရုံတင်ရုပ်ရှင်ဇာတ်ကားများတွင် ဝိရောဓိတစ်ခုအမြဲရှိသည်။ သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေမည့်လူနေမှုပုံစံကိုတိုက်တွန်းထားသောရုပ်ရှင်များကို ငွေကုန်ကြေးကျများပြီးလျှပ်စစ်အသုံးကြမ်းသည့်နည်းပညာဖြင့်ထုတ်လုပ်ရသည်။ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့သည် မကြာခဏဆိုသလို ကမ္ဘာတစ်ခြမ်းလောက် လေယာဉ်ခရီးစဉ်ဖြင့်သွားလာနေရပြီး စွန့်ပစ်ပစ္စည်းများတောင်ပုံရာပုံစွန့်ထုတ်ခဲ့ကြသည်။ ဤသည်ကမည်ကဲ့သို့ ဆက်စပ်နေပါသနည်း။
 

ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း၏တုံပြန်မှု 

"ဂျာမနီနိုင်ငံရဲ့ ရုပ်ရှင်များဟာပိုမိုစိမ်းလန်းလာပါတယ်။ " ဟု (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ ဖက်ဒရယ်အစိုးရ၏သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ကြေငြာခဲ့သည်။ ဖက်ဒရယ်ယဉ်ကျေးမှုဝန်ကြီး Monika Gütter က ရုပ်မြင်သံကြားလွှင့်ဌာနများ၊ ရုပ်ရှင်ရန်ပုံငွေအဖွဲ့အစည်းများ၊ ရုပ်ရှင်လုပ်ငန်းနှင့်ဆက်စပ်အဖွဲ့အစည်းများနှင့်အတူ ကြာရှည်တည်တံ‌သောရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများထုတ်လုပ်ရေးအတွက် ပူးတွဲကြေငြာချက်တစ်ရပ်ကိုလက်မှတ်ရေးထိုးခဲ့ပါသည်။ ရုပ်သံလိုင်း ZDF နှင့် RTL မှထုတ်လုပ်ရေးကုမ္ပဏီများ Netflix နှင့် Sky အထိ လက်မှတ်ရေးထိုးသူများသည် အရင်းအမြစ်များသုံးစွဲမှုနှင့်အခြား ဂေဟစနစ်ဆိုင်ရာဆိုးကျိုးများကိုလျှော့ချရန် ကတိကဝတ်ပြုကြပါသည်။ ဤတွင် အထူးသဖြင့် အနာဂတ်ကိုဦးတည်လုပ်ဆောင်ကြပါသည်။ ဥပမာအားဖြင့် ရုပ်ရှင်ထုတ်လုပ်မှုရန်ပုံငွေအက်ဥပဒေကို ဆက်လက်ပြင်ဆင်ခြင်းများလုပ်ဆောင်ကြသည်။ ထို့ကြောင့် ရေရှည်တည်တံ့မှုသည် အဖွဲ့အစည်းရန်ပုံငွေစံသတ်မှတ်ချက်ကို ပိုမို‌ခိုင်မာလာနိုင်စေပါသည်။

ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲထုတ်လုပ်ရေးတွင် ရေရှည်တည်တံ့မှုနှင့်ပတ်သက်၍ထုတ်ပြန်ကြေငြာခြင်း -  (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းမှကိုယ်စားလှယ်များနှင့်အတူ ဖက်ဒရယ်ယဉ်ကျေးမှုဝန်ကြီး Monika Grütters ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲထုတ်လုပ်ရေးတွင် ရေရှည်တည်တံ့မှုနှင့်ပတ်သက်၍ထုတ်ပြန်ကြေငြာခြင်း - (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုပ်ရှင်နှင့်ရုပ်မြင်သံကြားလုပ်ငန်းမှကိုယ်စားလှယ်များနှင့်အတူ ဖက်ဒရယ်ယဉ်ကျေးမှုဝန်ကြီး Monika Grütters | ဓါတ်ပုံ။ ။© picture alliance/dpa/Wolfgang Kumm ရုပ်ရှင်ရန်ပုံငွေအဖွဲ့အစည်းများက ရည်မှန်းချက်များကိုမီဒီယာအားထိထိရောက်ရောက်မကြေငြာမှီ လမ်းညွှန်ချက်ဘောင်များအတွင်းအစိမ်းရောင်စံသတ်မှတ်ချက်များကိုထည့်သွင်းထားခဲ့ပြီး ရုပ်မြင်သံကြားထုတ်လွှင့်ရေးလုပ်ငန်းများနှင့်ကုမ္ပဏီများက ကိုယ်ပိုင်ကြာရှည်တည်တံရေးဗျူဟာများထားရှိခြင်းမှာ စိတ်ကူးသစ်အကြံညဏ်အသစ်မဟုတ်ပါ။ ထို့အတွက် Green Shooting လုပ်ငန်းအဖွဲ့အစည်းကို တစ်စိတ်တစ်ပိုင်းအနေနှင့်ကျေးဇူးတင်ရမည်ဖြစ်သည်။ တစ်ဒါဇင်ဝန်းကျင်ခန့်ရှိသောရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီများ၊ ရုပ်ရှင်အဖွဲ့အစည်းများ၊ ရုပ်သံလွှင့်ဌာနများနှင့်ရုပ်ရှင်ရန်ပုံငွေထောက်ပံ့ရေးအင်စတီကျူးရှင်းများပါဝင်သည့် Green Shooting အဖွဲ့ဝင်များသည် (၂၀၁၇) ခုနှစ်ကတည်းက ပိုမိုကြာရှည်တည်တံ့သောရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုများအတွက် စည်းရုံးလှုံ့ဆော်ကြပြီး ကိုယ်တိုင်လည်းတက်ကြွစွာပါဝင်လှုပ်ရှားလျှက်ရှိသည်။

ကာဗွန်ဒိုင်အောက်ဆိုဒ်တွက်ချက်မှုနှင့်အစိမ်းရောင်ရန်ပုံငွေစံသတ်မှတ်ချက်များ

Filmförderung Hamburg Schleswig-Holstein (FFHSH) ကအစိမ်းရောင်ရုပ်ရှင်အသိအမှတ်ပြုလက်မှတ် (Grüner Filmpass - ယခင် Grüner Drehpass/ အစိမ်းရောင်ရိုက်ကူးမှုအသိအမှတ်ပြုလက်မှတ်) ကို (၂၀၁၂) ခုနှစ်မှစ၍ချီးမြှင့်ခဲ့ပါသည်။ ၎င်းတွင် အကဲဖြတ်မှု၊ တိုးတက်မှုနှင့်ထုတ်လုပ်မှုတို့အတွက် တိကျသောစံသတ်မှတ်ချက်ကတ်တလောက်များပါဝင်ပြီး (၂၀၂၀) ခုနှစ်၊ ဧပြီလမှစ၍ အထူးသဖြင့် ဂျာမန်မှငွေကြေးထောက်ပံ့ထားသောဂျာမနီတွင် ထုတ်လုပ်သောထုတ်လုပ်ရေးများသည် FFHSH ၏ထောက်ပံ့ငွေအတွက်ဦးစားပေးအခြေအနေဖြစ်သည်။ လတ်တလောတွင် ၎င်းကို မှုခင်းရုပ်သံဇာတ်လမ်းတွဲ Tatort - Die goldene Zeit ( ရွှေရောင် အချိန်ကာလ) အားချီးမြှင့်ခဲ့ပါသည်။ အထူးသဖြင့် ထိုဇာတ်လမ်းတွဲကိုရိုက်ကူးစဉ်ကာလတွင် အမှိုက်စွန့်ပစ်မှုကိုလျှော့ချခဲ့ပြီး လျှစ်စစ်ဓာတ်‌အားပေးစက်များကိုအသုံးမပြုခဲ့ပေ။အခြားသောဆုအချို့ကိုဖော်ပြရလျှင် ရုပ်သံအစီအစဉ် "Verstehen Sie Spaß?" (ရယ်မြူးပျော်ရွှင်ရဲ့လား)၊ ရုံတင်ရုပ်ရှင်ဇာတ်ကား "Sauerkrautkoma" နှင့် Sky - ဇာတ်လမ်းတွဲ " 8 Tage" (၈ ရက်) တို့ဖြစ်ကြသည်။
(၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမဆုံးအကြိမ်ထုတ်လွှင့်ပြသခဲ့သည့် "Die goldene Zeit" (ရွှေရောင်အချိန်ကာလ) အပိုင်းလည်းပါဝင်သည့် Franziska Weisz (ဝဲ) နှင့် Woltan Wilke Möhring (ယာ) တို့ပါဝင်ထားသော Hamburg မြို့မှ NDR ရုပ်မြင်သံကြားဇာတ်လမ်းတွဲ "Tatort" (အခင်းဖြစ်ပွားရာနေရာ) သည်ထုတ်လုပ်ရေးများစွာအတွက်အစိမ်းရောင်ရိုက်ကူးမှုအသိအမှတ်ပြုလက်မှတ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။  (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပထမဆုံးအကြိမ်ထုတ်လွှင့်ပြသခဲ့သည့် "Die goldene Zeit" (ရွှေရောင်အချိန်ကာလ) အပိုင်းလည်းပါဝင်သည့် Franziska Weisz (ဝဲ) နှင့် Woltan Wilke Möhring (ယာ) တို့ပါဝင်ထားသော Hamburg မြို့မှ NDR ရုပ်မြင်သံကြားဇာတ်လမ်းတွဲ "Tatort" (အခင်းဖြစ်ပွားရာနေရာ) သည်ထုတ်လုပ်ရေးများစွာအတွက်အစိမ်းရောင်ရိုက်ကူးမှုအသိအမှတ်ပြုလက်မှတ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ | ဓါတ်ပုံ။ ။© NDR/Christine Schröder Baden-Württemberg ပြည်နယ်ရုပ်ရှင်ရန်ပုံငွေအဖွဲ့  (Medien- und Filmgesellschaft Baden-Württemberg, MFG) သည်လည်း (၂၀၁၉) ခုနှစ်တွင် ၎င်း၏ရန်ပုံငွေလမ်းညွှန်ချက်များတွင် ရေရှည်တည်တံ့ခိုင်မြဲသောစံနှုန်းများကိုထည့်သွင်းခဲ့သည်။ ရုပ်ရှင်ထုတ်လုပ်ရေးအများအပြားသည် ရန်ပုံငွေအပေါ်တွင်မှီတည်နေရ‌သောကြောင့် ထိုအရာသည် အလားအလာရှိသောထိရောက်သည့်တွန်းအားတစ်ခုဖြစ်သည်။ ထို့အပြင် MFG သည် KlimAktiv အေဂျင်စီနှင့် Südwestdeutschen Rundfunk (SWR) တို့နှင့်အတူ ရုပ်ရှင်ထုတ်လုပ်ရေးများမှကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုတွက်ချက်နိုင်ရန်နှင့်လျော့ချနိုင်ရန် Greenshooting CO2 တွက်ချက်စက်ကိုပံ့ပိုးပေးသည်။ "ရုပ်ရှင်ထုတ်လုပ်ရေးအဆင့်အားလုံးမှာအနာဂါတ်တွင်ညစ်ညမ်းမှုကိုလျော့ချဖို့အတွက်အခြေခံအချက်အလက်တွေကို ရုပ်ရှင်ထုတ်လုပ်သူများကဖန်တီးနိုင်မယ့်လက်နက်တစ်ခုပါပဲ။" ဟု SWR- ထုတ်လုပ်ရေးမန်နေဂျာ Michael Becker ကပြောဆိုပါသည်။
 
တကိုယ်တော်လေ့ကျင့်ရေးသင်တန်းကျောင်းအချို့ကလည်းပဲ ပူးပေါင်းပါဝင်ကြပါသည်။ (၂၀၁၉) ဆောင်းရာသီစာသင်နှစ်ဝက်မှစတင်၍ ရေရှည်တည်တံ့သောရုပ်ရှင်နှင့်မီဒီယာထုတ်လုပ်ရေးများအတွက်ကျွမ်းကျင်သူများအဖြစ် ရုပ်ရှင်ဖန်တီးသူများကိုအရည်အချင်းပြည့်မှီစေရန်ရည်ရွယ်သော အစိမ်းရောင်အကြံပေး Green Consultant အသိအမှတ်ပြုလက်မှတ်ကို Hochschule der Medien Stuttgart (မီဒီယာနှင့်ဆိုင်သောပညာရပ်များလေ့လာနိုင်သည့်တက္ကသိုလ်) တွင် လျှောက်ထားနိုင်ပြီဖြစ်သည်။ ထို့အပြင် မြူးနစ်မြို့ရှိ Bavaria ရုပ်ရှင်စတူဒီယိုများတွင် ပို၍စိမ်းလန်း‌သောရုပ်ရှင်များကို အထူးသဖြင့် ကောင်းမွန်စွာရိုက်ကူးနိုင်ပြီဖြစ်သည်။ ရာသီဥတုနှင့်သဟဇာတဖြစ်ဟန်ရှိသော ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးရေးနေရာတွင် ဘူမိအပူစွမ်းအင်ဖြင့်အပူပေးသည်၊ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်နှင့်ကိုယ်ပိုင်ဆိုလာလျှပ်စစ်ထုတ်လုပ်မှုစနစ်မှရယူသည်၊ စွမ်းအင်ချွေတာသည့်မီးသီးများဖြင့်အလင်းပေးသည်၊ စွန့်ပစ်ပစ္စည်းများကိုပြန်လည်အသုံးချခြင်းသည် ဦးစားပေးလုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်။

Bavaria Studios ကို သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေရန်ရိုက်ကူးထုတ်လွှင့်သောရုပ်သံအစီအစဉ် " Verstehen Sie Spaß?" (ရယ်မြူးပျော်ရွှင်ရဲ့လား) အတွက် အစိမ်းရောင်ရိုက်ကူးမှုအသိအမှတ်ပြုလက်မှတ်ကိုချီးမြှင့်ခဲ့သည်။ ရိုက်ကူးရေးအဖွဲ့၏ အစိမ်းရောင်လုပ်ငန်းဆောင်တာများတွင် LED စတူဒီယိုမီးလုံးများ၊ ဂေဟလျှပ်စစ်စွမ်းအင် နှင့် ဝန်ထမ်းများအတွက် လျှပ်စစ်ဓာတ်အားသုံးယာဉ်များ အစားအသောက်ပြင်ဆင်ခြင်းတွင် ပလတ်စတစ်ခွက်များ လုံးဝမသုံးခြင်း စက္ကူများကိုပြန်သုံးခြင်းကဲ့သို့သော အမှိုက်များခွဲခြားစွန့်ပစ်ခြင်းများပါဝင်ပါသည်။ Bavaria Studios ကို သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေရန်ရိုက်ကူးထုတ်လွှင့်သောရုပ်သံအစီအစဉ် " Verstehen Sie Spaß?" (ရယ်မြူးပျော်ရွှင်ရဲ့လား) အတွက် အစိမ်းရောင်ရိုက်ကူးမှုအသိအမှတ်ပြုလက်မှတ်ကိုချီးမြှင့်ခဲ့သည်။ ရိုက်ကူးရေးအဖွဲ့၏ အစိမ်းရောင်လုပ်ငန်းဆောင်တာများတွင် LED စတူဒီယိုမီးလုံးများ၊ ဂေဟလျှပ်စစ်စွမ်းအင် နှင့် ဝန်ထမ်းများအတွက် လျှပ်စစ်ဓာတ်အားသုံးယာဉ်များ အစားအသောက်ပြင်ဆင်ခြင်းတွင် ပလတ်စတစ်ခွက်များ လုံးဝမသုံးခြင်း စက္ကူများကိုပြန်သုံးခြင်းကဲ့သို့သော အမှိုက်များခွဲခြားစွန့်ပစ်ခြင်းများပါဝင်ပါသည်။ | ဓါတ်ပုံ။ ။© SWR/Wolfgang Breiteneicher

အဆ (၁၀၀) ဂေဟလျှပ်စစ်စွမ်းအင်နှင့်အမှိုက်များခွဲခြားစွန့်ပစ်မှု

ဝန်ကြီး Grütters သည်လည်း Green Shooting အလုပ်အမှုဆောင်အဖွဲ့နှင့် (၂၀၂၀) ခုနှစ် နှစ်ဦးပိုင်းတွင်ပူးပေါင်းလုပ်ဆောင်ခဲ့သည်။   ။ရေရှည်တည်တံ့မှုအသိအမှတ်ပြုလက်မှတ်၏တိုးတက်မှုနှင့် လာမည့်နှစ်နှစ်အတွင်းဂေဟလျှပ်စစ်စွမ်းအင်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကိုလျှော့ချ‌ပေးသည့်ကားများ၊ ပိုမိုနည်းပါးသောဒီဇယ်သုံးမီးစက်များနှင့်လေကြောင်းခရီးသွားလာခြင်းများ၊ စက္ကူမသုံးသောရုံးများ၊ ရေရှည်တည်တံ့သောစားသောက်ပြင်ဆင်မှုများ၊ စွန့်ပစ်ပစ္စည်းများခွဲခြားခြင်းနှင့်စွမ်းအင်ချွေတာသောမီးသီးများအသုံးပြုသည့်ဂေဟစနစ်နှင့်သဟဇာတဖြစ်သော ရုပ်ရှင်ထုတ်လုပ်ရေး (၁၀၀) ခန့်ကိုပူးပေါင်းဆောင်ရွက်သော ရေရှည်တည်တံရေးကနဦးခြေလှမ်းတစ်ခုအနေဖြင့်ကြေငြာခဲ့သည်။  
 
ရေရှည်တည်တံ့မှုပထမခြေလှမ်းကို "Berlinale 2020" နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင်မိတ်ဆက်ခဲ့သည်။ စွမ်းအင်ချွေတာရိုက်ကူးခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းသည် ရုပ်ရှင်ပွဲတော်တွင်ကဏ္ဍတစ်ခုအဖြစ်ပါဝင်ခဲ့သောကြောင့် ထိုမိတ်ဆက်မှုသည်အံ့ဝင်ခွင်ကျဖြစ်လှသည်။ "Green Film Production 2.0 - Beyond reusable coffee cups" နှင့် "The Show Must Go Green" စသည့်ခေါင်းစဉ်များဖြင့်အစီအစဉ်များစွာပါဝင်ရုံမကပါ။ ဂေဟစနစ်သုံးစွဲမှုကို လျှော့ချရန် ပွဲအခမ်းအနားကြီးများအနေဖြင့် မည်သည့်အချက်များကိုလုပ်ဆောင်ရမည်ကိုလည်း ပွဲတော်၏ရေရှည်တည်တံ့မှုနှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါသည်။ ဤတစ်ကြိမ်တွင် Berlinale ရုပ်ရှင်ပွဲ‌တော်၏ကော်ဇောနီကို ပြန်လည်အသွင်ပြောင်းပြုပြင်ထားသည့်ငါးဖမ်းပိုက်များနှင့်အခြားနိုင်လွန်စွန့်ပစ်ပစ္စည်းများဖြင့်ပြုလုပ်ခဲ့ပြီး တစ်ခါသုံးပန်းကန်ခွက်ရောက်များကိုလည်းအသုံးပြုခွင့်မပြုခဲ့ပေ။
 
သို့သော်လည်းအရာအာလုံး လုံးဝဥဿုံပြောင်းလဲသွားခြင်းမျိုးမဟုတ်သေးပါ။ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း‌အနေဖြင့် တခြားနယ်ပယ်များကဲ့သို့ပင်စိန်ခေါ်မှုအသစ်များကို အချိန်လွန်မှတုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ အမျိုးမျိုးသောစီမံဆောင်ရွက်ချက် အစီအစဉ်များဖြင့် ပဏာမဆောင်ရွက်ချက်များနှင့်သီးခြားကြေညာချက်များထွက်ပေါ်လာကြသည်။ လက်ရှိလုပ်ဆောင်နေသောဆောင်ရွက်ချက်သည် ရေရှည်တွင်ကြာရှည်တည်တံ့သောအပြောင်းအလဲများကိုဦးတည်ခြင်းရှိ/မရှိကို လာမည့်နှစ်များအတွင်းရှင်းရှင်းလင်းလင်းသိမြင်လာလိမ့်မည်။