လျှို့ဝှက်ပူးပေါင်းကြံစည်ချက် ယုံတမ်းပုံပြင်များ။
“အဲဒါကြောင့် သင့်မျက်နှာထက်က အပြုံး ပျက်သွားလိမ့်မယ်။”

ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားမည်ကို စိုးထိတ်သဖြင့် လူများသည် လျှို့ဝှက်ပူးပေါင်းကြံစည်ချက် အယူအဆများနှင့်ပတ်သက်လာလျှင် ပို၍ ကိုယ်ခံအားမကောင်းကြတော့ပေ။ ကိုရိုနာကမ္ဘာ့ကပ် ရောဂါဖြစ်ပွားနေစဉ်အတွင်း ဤသို့ဖြစ်ပျက်နေခြင်းတစ်ရပ်မှာ - ဘာလင်မြို့တွင်ပြုလုပ်သော မည်ကာမတ္တ သန့်ရှင်းသော ဆန္ဒပြပွဲတွင်ပါဝင်ကြသူများသည် ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ရန် အစိုးရ၏ ဆောင်ရွက်မှုများကို ဆန့်ကျင်ကြောင်းဖော်ပြကြသည်။
ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားမည်ကို စိုးထိတ်သဖြင့် လူများသည် လျှို့ဝှက်ပူးပေါင်းကြံစည်ချက် အယူအဆများနှင့်ပတ်သက်လာလျှင် ပို၍ ကိုယ်ခံအားမကောင်းကြတော့ပေ။ ကိုရိုနာကမ္ဘာ့ကပ် ရောဂါဖြစ်ပွားနေစဉ်အတွင်း ဤသို့ဖြစ်ပျက်နေခြင်းတစ်ရပ်မှာ - ဘာလင်မြို့တွင်ပြုလုပ်သော မည်ကာမတ္တ သန့်ရှင်းသော ဆန္ဒပြပွဲတွင်ပါဝင်ကြသူများသည် ကမ္ဘာ့ကပ်ရောဂါကို ထိန်းချုပ်ရန် အစိုးရ၏ ဆောင်ရွက်မှုများကို ဆန့်ကျင်ကြောင်းဖော်ပြကြသည်။ | Photo (detail): © picture alliance/Marc Vorwerk/SULUPRESS.DE

ကမ္ဘာ့ကပ်ရောဂါကိုရိုနာက ပြီးပြည့်စုံသော မုန်တိုင်းတစ်လုံးဖြစ်လာကာ ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးရမည့်အရေးကို ကြောက်ရွံ့လာသောအခါ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်သဘောတရားများအပေါ် လူများက ပို၍သဘောထားပျော့ပြောင်းလာကြသည်။လျှို့ဝှက်ပူးပေါင်းကြံစည်ချက်အယူအဆ သီအိုရီများကို လက်ခံထားသော လူများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မည်သို့တုန့်ပြန်သင့်ကြောင်းကိုနိုင်ငံရေးသိပ္ပံပညာရှင်နှင့် အင်တာနက်တက်ကြွလှုပ်ရှားသူ Katharina Nocun က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ရှင်းလင်းပြောကြားထားသည်။

Ms. Nocun ရှင့်။ ရှင်နဲ့ ရှင့်ရဲ့တွဲဖက်စာရေးဆရာ Pia Lamberty တို့က “အချက်အလက်အမှားများ။ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်သီအိုရီများက ကျွန်ုပ်တို့၏တွေးခေါ်ခြင်းကို မည်သို့ပုံသွင်းသလဲ။” ဆိုတဲ့ စာအုပ်ကို ၂၀၂၀ ခုနှစ် ဧပြီလမှာ ထုတ်ဝေခဲ့ကြတယ်။ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် အယူအဆများလို့ ခေါ်ရမဲ့အစား ရှင်တို့က “လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ယုံတမ်းပုံပြင်များ” ဒါမှမဟုတ် “စိတ်ကူးဝါဒ” ဆိုပြီး ခေါ်ဝေါ်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲရှင့်။
 
သီအိုရီတွေဆိုတာ သိပ္ပံအယူအဆတစ်ခုပဲ။ သီအိုရီ တစ်ခုမှားပြီလို့သက်သေပြတာနဲ့ ထောက်ခံတင်ပြသူတွေက ချက်ချင်းပြန်ပြီး ရုပ်သိမ်းမယ် ဒါမှမဟုတ် ပြန်လည်ဆင်ခြင်ကြမယ်လို့ ကျွန်မတို့ ယူဆတယ်။ ဒါပေမဲ့လို့ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်သဘောတရားသမားတွေက အဲဒီလိုလုပ်လေ့မရှိဘူး။ ဩဇာအာဏာရှိတယ်လို့ ယူဆထားတဲ့ လူတစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ၊ သူတို့အကြားမှာရှိတဲ့ လျှို့ဝှက်သဘောတူညီချက်တစ်ခုကို ဇာတ်ကြောင်းပြန်ပြောဆိုတာက လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ယုံတမ်းပုံပြင်တစ်ခုပဲ။  အဲဒီလိုအစွပ်စွဲခံရတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်သူတွေဟာကျိန်းသေတတ်ကျွမ်းမှုတွေနဲ့ ဩဇာအာဏာတွေနဲ့ ထောက်ပံ့ခံရတယ်။ ဒါပေမဲ့ အဲ့ဒီလိုဇာတ်ကြောင်းတွေဟာလည်း အလယ်ခေတ်က ပလိပ်ရောဂါရဲ့ ဂျူးလူမျိုး ဆန့်ကျင်ရေး အမြစ်ဖြုတ်သတ်ဖြတ်ရန် ရည်ရွယ်တဲ့အကြမ်းဖက်အဓိကရုန်းလိုမျိုး လူမှုရေးအရ အကျိုးသက်ရောက်မှုနည်းပြီး၊ ဘေးဖယ်ထားခံရတဲ့အဖွဲ့တွေကို ပစ်မှတ်ထားနိုင်တယ်။ နောက်ထပ်အဓိကအချက်တစ်ချက်က ပူးပေါင်းကြံစည်ကြသူတွေမှာ မကောင်းတဲ့ဉာဉ်ရှိပြီး အခြားလူတွေကို တမင်ထိခိုက်အောင် လုပ်တတ်ကြတယ်လို့ စွပ်စွဲခံကြရတယ်။

Katharina Maria Nocun သည် အင်တာနက် တက်ကြွလှုပ်ရှားသူနှင့်စာရေးသူတစ်ဦးဖြစ်သည်။ kattascha.de တွင်ဘလော့ခ်ရေးပြီး "Denkangebot" podcast ကိုထုတ်လုပ်သည်။ ၂၀၁၈ ခုနှစ်တွင် သူ့ပထမဆုံးစာအုပ် "Die Daten, die ich rief" (ကျွန်မဆင့်ဆိုသော အချက်အလက်များ) ကို ထုတ်ဝေခဲ့သည်။ " Fake Facts. Wie Verschwörungstheorien unser Denken bestimmen“ (အချက်အလက်အမှားများ - လျှို့ဝှက်ပူးပေါင်းကြံစည်ချက်သီအိုရီများက ကျွန်ုပ်တို့ ၏ အတွေးအခေါ်ကို မည်သို့ပုံသွင်းသလဲ။) စာအုပ်ကို ၂၀၂၀ ခုနှစ်တွင် Quadriga က ထုတ်ဝေခဲ့သည်။ Katharina Maria Nocun သည် အင်တာနက် တက်ကြွလှုပ်ရှားသူနှင့်စာရေးသူတစ်ဦးဖြစ်သည်။ kattascha.de တွင်ဘလော့ခ်ရေးပြီး "Denkangebot" podcast ကိုထုတ်လုပ်သည်။ ၂၀၁၈ ခုနှစ်တွင် သူ့ပထမဆုံးစာအုပ် "Die Daten, die ich rief" (ကျွန်မဆင့်ဆိုသော အချက်အလက်များ) ကို ထုတ်ဝေခဲ့သည်။ " Fake Facts. Wie Verschwörungstheorien unser Denken bestimmen“ (အချက်အလက်အမှားများ - လျှို့ဝှက်ပူးပေါင်းကြံစည်ချက်သီအိုရီများက ကျွန်ုပ်တို့ ၏ အတွေးအခေါ်ကို မည်သို့ပုံသွင်းသလဲ။) စာအုပ်ကို ၂၀၂၀ ခုနှစ်တွင် Quadriga က ထုတ်ဝေခဲ့သည်။ | Photo: © Miriam Juschkat ဒါဆို အဲဒါက လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခု တကယ်မဟုတ်မှန်း ကျွန်မတို့ ဘယ်လိုလုပ်သိနိုင်မလဲ။
 
တကယ့်အမှန်အကန်လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တွေက ရှိတာပေါ့။ ဒီမိုကရေစီတစ်ရပ်မှာ လျှို့ဝှက် အဖွဲ့ တွေနဲ့ အစိုးရက ဘာတွေလုပ်နေတယ်၊နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဘာတွေဖြစ်နေတယ် ဆိုတာတွေကို အနီးကပ်စောင့်ကြည့်ဖို့ အရေးကြီးတယ်။ အဓိကဆုံးဖြတ်ပေးနိုင်တဲ့အချက်က ကျွန်မရဲ့တင်ပြချက်ကို ချက်နဲ့လက်နဲ့ ထောက်ခံတင်ပြနိုင်တာလား၊ ဒါမှမဟုတ် တသီးတသန့်တည်ရှိခြင်းအမြင်ကို သဘောတရားတစ်ခုအဖြစ် လက်ခံထားမိတာပဲလား ဆိုတာပါပဲ။ အနုမာနမှန်းဆချက်တွေကိုဆွေးနွေးတာနဲ့ ယုံကြည်စိတ်ချရတဲ့ပုံစံတစ်ခုကို စွဲမြဲထောက်ခံတာကြားမှာ ကွဲပြားချက်တစ်ခုရှိပါတယ်။
 
အများဆုံးတွေ့ရတဲ့ ဇာတ်ထုပ်အချို့က ဘာတွေ ဖြစ်မလဲ။
 
အထူးသဖြင့်တော့ ဆေးပညာနယ်ပယ်မှာ ပျံ့နှံ့နေတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ယုံတမ်းပုံပြင်တွေ အများကြီးပဲရှိတယ်။ ကာကွယ်ဆေးတွေဟာ အန္တရာယ်ရှိတယ်လို့ ပြောကြတဲ့လူတွေက လျှို့ဝှက်ပူးပေါင်းကြံစည်ချက် သဘောတရားတွေကို သက်သေထားပြီး ကိုးကားလေ့ရှိတယ်။ ကမ္ဘာကြီးကိုဒုက္ခပေးဖို့ ဆရာဝန်တွေ သန်းနဲ့ချီပူးပေါင်းပြီး ကမ္ဘာလုံးဆိုင်ရာလျှို့ဝှက် ပူးပေါင်းကြံစည်ချက်တစ်ခုရှိတယ်ဆိုပြီး အဲဒီဇာတ်ထုတ်တစ်ချို့က တင်ပြထားကြတယ်။ ဒါက အချက်အလက် မဟုတ်ဘူး။ အမှန်တကယ်လည်း ဘာမှမရှိဘူး။ ဒါပေမဲ့ အဲဒါကြောင့်ပဲ တချို့လူတွေက ဆရာဝန်တွေကို မယုံကြတော့ဘူး။ ဒီတော့ သူတို့အရမ်းနေမကောင်းဖြစ်ရင်တောင် အံ့ဖွယ်ပျောက်စေနည်းနဲ့ ကုသနိုင်သူတစ်ယောက်နဲ့ပဲ ပြသတော့တာပေါ့။ အဲဒီလို သိပ္ပံပညာကို လက်မခံတဲ့ စိတ်ထားမျိုးတွေကြောင့် သေဆုံးခြင်းနဲ့ ဇာတ်သိမ်းရဖို့ပဲရှိတယ်။
 
အင်တာနက်ကရော အဲဒီလိုအယူအဆတွေကို ထပ်လောင်းအားဖြည့်ပေးလား။
 
လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ယုံတမ်းပုံပြင်တွေကို ပထမဆုံး ပျံ့နှံ့စေတာက အင်တာနက်ဆိုတဲ့ အများလက်ခံထားတဲ့ အယူအဆအမှားတစ်ရပ်ရှိတယ်။ ဒါပေမဲ့ နာဇီခေတ်တုန်းက နိုင်ငံတကာ ဂျူးလူမျိုးလျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုရဲ့ ယုံတမ်းကိုရော၊ သိသာရှင်းလင်းတဲ့ ဂျူးဆန့်ကျင့်ရေး လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် ဇာတ်ထုပ်ကိုရော လူဦးရေအများစုက လက်ခံယုံကြည်ခဲ့ကြတယ်။ ဒါဟာ အစိုးရရဲ့ ရပ်တည်ချက်ဖြစ်သလို၊ ကျောင်းတွေမှာ သင်ကြားခဲ့တာပါ။ အဲဒီတုန်းက အင်တာနက်မရှိသေးဘူး။ ဒါပေမယ့်လည်း ဒီဖြစ်စဉ်တွေကို မီဒီယာအသစ်တွေက ပိုပြီးမြင်သာစေတယ်ဆိုတာ အမှန်ပဲ။ဒါပေါ့ ဒီဇာတ်ထုပ်တွေဟာ ဒစ်ဂျစ်တယ်နည်းနဲ့ ပိုပြီး မြန်မြန်ဖြန့်ဖို့၊ ဖန်တီးဖို့ ပိုလွယ်ကူတယ်။
 
ဒီလိုကမ္ဘာ့အမြင်က တကယ့်အစစ်အမှန်ပဲလို့ ဘယ်လိုမျိုးလူတွေက ထင်မြင်လာကြတာလဲ။
 
လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ယုံတမ်းတွေကို လက်ခံထားကြတဲ့လူတွေက ကမ္ဘာကြီးကို ရှုမြင်ရာမှာ အတော်လေး ကွဲပြားတယ်။ ကျွန်မတို့အများစုမှာ ကျွမ်းကျင်သူအပေါ် ဘက်လိုက်မှုတစ်ခုရှိကြတယ်။ ကျွမ်းကျင်သူတွေလို့ ကျွန်မတို့ထင်မြင်ယူဆထားတဲ့လူတွေကို အခြား သူတွေထက် ကျွန်မတို့က ပိုပြီးယုံကြည်လက်ခံထားကြတယ်။ ပူးပေါင်းလုပ်ဆောင်သူတွေမှာ ပိုပြီး အားနည်းတဲ့ကျွမ်းကျင်ခြင်းဘက်လိုက်မှုတစ်ခုရှိတယ်လို့ လေ့လာမှုတွေကပြောတယ်။ အဆိုးဆုံးကတော့ သူတို့ဟာ သူတို့ရဲ့ အိမ်နီးချင်းတွေကို နိုင်ငံတကာက အသိမှတ်ပြုတဲ့ ကျွမ်းကျင်သူအလား ယုံကြည်နေတာပဲ။
 
အင်တာနက်ပေါ်က လျှို့ဝှက်ပူးပေါင်းကြံစည်ချက် အယူအဆတွေကို ကျွန်မတို့ ဘယ်လို့တုန့်ပြန်သင့်သလဲ။
 
လူမှုကွန်ရက်တွေပေါ်နဲ့ အုပ်စုလိုက်စကားပြောဆိုခြင်းတွေမှာ တန်ပြန်ရေးသားချက်တွေကို ချက်ချင်းပြန်တင်ဖို့ အရေးကြီးတယ်။ လူမျိုးရေးခွဲခြားမှုနဲ့ ဂျူးဆန့်ကျင်မှု ရေးသားချက်တွေကို ကျွန်မတို့ ရှင်းရှင်းလင်းလင်း ဆန့်ကျင်ပြီး၊ “တော်တန်တိတ်” ဆိုပြီး ပြောရမယ်။ လေးနက်တဲ့အကျိုးဆက်တွေဖြစ်လာနိုင်တဲ့ ဦးတည်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ လူတွေကို မုန်းတီးအောင် လျှို့ဝှက်ပူးပေါင်းကြံစည်ချက် ယုံတမ်းတွေက လုပ်ဆောင်နိုင်တာကြောင့် ဒါက သိပ်ကိုအရေးကြီးပါတယ်။ တိတ်ဆိတ်နေတာဟာ တခါတရံမှာ လက်ခံသဘောတူတာလို့ အဓိပ္ပါယ်ပြန်ဆိုနိုင်လို့ပါ။
 
“လေးနက်တဲ့အကျိုးဆက်တွေ” ဆိုတာက ဘာကိုအတိအကျ ပြောချင်တာပါလဲ။
 
Hanauမြို့၊ Halle မြို့နဲ့  Christchurch (New Zealand) မြို့တွေမှာ မကြာသေးခင်ကဖြစ်ခဲ့တဲ့ များစွာသော လက်ယာယိမ်း အစွန်းရောက်လုပ်ကြံသတ်ဖြတ်မှုများက လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ပုံပြင်တွေကို ယုံကြည်ခဲ့ပြီး၊ လူသတ်မှုကို ကျူးလွန်တာ တရားမျှတတယ်ဆိုပြီး သူတို့ကို အသုံးချခဲ့တာပါ။ လက်ယာအစွန်းဆီ ရွေ့လျားဖို့အတွက် ဗဟိုချက်ဟာ လျှို့ဝှက်ပူးပေါင်းကြံစည်ချက် ယုံတမ်းတွေပဲဆိုတာ ဒါကပြသခဲ့တယ်။ ဒါဟာ စနစ်တကျလုပ်ဆောင်ထားတဲ့ ပြဿနာတစ်ရပ်အနေနဲ့ ကျွန်မတို့ အလေးအနက်ယူဆသင့်တယ်။ လျှို့ဝှက်ပူးပေါင်း ကြံစည်ချက်အယူအဆတွေက လူတွေကို တမင်ပစ်မှတ်တွေ ဖြစ်အောင်လုပ်တယ်။ ဒီအချက်ကို ကိုရိုနာနဲ့အတူ ကျွန်မတို့ အခုမြင်တွေ့နေရပြီ။ အသက်ဘေးခြိမ်းခြောက်ခံရတဲ့ သိပ္ပံပညာရှင်တွေက လူသိရှင်ကြား ထုတ်ဖော်ပြောကြားဖို့ ဆန္ဒနည်းပါးသွားကြပြီ။ ဒီအတွက် ပရော်ဖက်ရှင်နယ်ဆန်ဆန်စကားစစ်ထိုး တာကို တိုးတက်ဖို့တို့၊ နောက်ထပ်ချိန်ခွင်လျှာညီမျှဖို့တို့တွေကို မလုပ်နိုင်တော့ဘူး။
 
မိတ်ဆွေသူငယ်ချင်းတွေက အဲဒီလို အယူအဆမျိုးတွေ ရုတ်တရက်ဖော်ပြလာရင် ကျွန်မတို့ဘာလုပ်သင့်သလဲ။
 
အချက်အလက်တွေကို စစ်ဆေးတာက အထောက်အကူဖြစ်နိုင်တာပေါ့။ ကိုရိုနာရဲ့အသွင်အမျိုးမျိုးနဲ့ ပတ်သက်ပြီး သိပ်ကိုကောင်းလွန်းတဲ့ အချက်အလက်တွေရှိပါတယ်။ သီးသန့်စကားပြောဆိုတာကလည်း ထိရောက်မှုရှိပြီး၊ “ခင်ဗျား တကယ်နေကောင်းရဲ့လား” ဆိုပြီး စစ်ဆေးမေးမြန်းလို့လည်းရတယ်။ ဘာပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်မှုကို ဆုံးရှုံးလိုက်ရပြီဆိုတဲ့ခံစားချက်ကနေ လူတွေဟာ သူတို့ မယုံကြည်ဖူးဆိုတဲ့အရာတွေကို ရုတ်တရက် ယုံကြည်လိုက်ကြတော့တာပဲ။ 
 
လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုကို လုံးဝလက်ခံထားတဲ့ လူတစ်ယောက်ယောက်ကို အသိပေးဖို့ ကျွန်မရဲ့ အခွင့်အလမ်းတွေက ဘာတွေဖြစ်မလဲ။
 
သတင်းအချက်အလက်တွေရဲ့ ဒီအပြိုင်ကမ္ဘာထဲမှာ နက်နက်နဲနဲနစ်ဝင်နေပြီး ကမ္ဘာလုံးဆိုင်ရာသိပ္ပံ ဒါမှမဟုတ် သတင်းလောက လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုကို ယုံကြည်နေတဲ့ လူတွေဆီကို အသိပေးဖို့ခက်ခဲပါတယ်။ သူတို့ယုံကြည်တဲ့ လူတွေဆီကလာတဲ့ အချက်အလက် စစ်ဆေးခြင်းဟာလည်း လျှို့ဝှက်ပူးပေါင်း ကြံစည်ချက် ရဲ့ အစိတ်အပိုင်းပါပဲ။ ဒီနေရာမှာ “ခင်ဗျား စစ်ဆေး ပြီးပြီလား။ ဒီမီဒီယမ်က အခြားတစ်ခုထက် ပိုပြီးနာမည်ကောင်းရှိတယ်လို့ ခင်ဗျားဘာလို့ထင်ရတာလဲ” ဆိုတဲ့ ဒီလိုမေးခွန်းမျိုးတွေကို စမ်းသပ်ကြည့်ဖို့ အကြံပေးဌာနတွေက ထောက်ခံချက်ပေးထားပါတယ်။  ဒီတော့ရှင့်ရဲ့ မိတ်ဆွေကို သူ့အယူအဆနဲ့ပတ်သက်ပြီး ပြန်လည်မေးခွန်းထုတ်နိုင်တာပေါ့။ ဒါက အစွန်းရောက်အယူအဆကို လျော့ချနိုင်မယ် ဒါမှမဟုတ် ရပ်တန့်အောင် အထောက်အကူဖြစ်မှာပဲ။ တခါတရံမှာ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုကို ယုံကြည်ရာကနေ နောက်ထပ်လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တွေကို ဆက်ပြီးယုံကြည်သွားနိုင်တယ်။ ဒါတွေက အချို့နေရာမှာ အဖြူ-အမည်းစိတ်အခြေအနေတစ်ရပ်နဲ့ လက္ခဏာဆောင်တဲ့ ကိုယ်တိုင်တည်ဆောက်ထားတဲ့ လောကအမြင်ဖြစ်လာစေတယ်။.
 
ဒါဆို “တစ်ဖက်ပိတ်ယုံကြည်သူ” အမျိုးအစားရှိတာပေါ့။ အချို့လူတွေက ဒါကိုဖြေဖျော်မှုလို သဘောထားကြတယ်။  
 
Chemtrails ဆိုတဲ့စိတ်ကူးကို လူတွေက ပြက်ရယ်ပြုတတ်ကြတယ်။ chemtrails ဆိုတာက သာမန်လေယာဉ်ပျံငွေ့ရည်ဖွဲ့လမ်းကြောင်းတွေဖြစ်ရမဲ့အစား ကျွန်မတို့ကို အဆိပ်သင့်အောင် ထုတ်လွှတ်တဲ့အရာတွေပဲလို့ ယူဆထားကြတာ။ ဒါပေမယ့် ဒီကိစ္စကိုယုံတဲ့ ကလေးမိဘတွေကြောင့် ကောင်းကင်မှာရေငွေ့တန်းတစ်ခုကို မြင်တာနဲ့ အပြင်ကို ပေးမထွက်ခံရတဲ့ ကလေးတစ်ယောက်အတွက်တော့ ရယ်စရာမကောင်းလှဘူး။ အစပိုင်းမှာတော့ အရယ်ရဆုံးသော လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ဇာတ်လမ်းတွေကို လူတွေက ကြားချင်ကြတယ်။ ဒါပေမဲ့ နောက်ခံနဲ့ အကျိုးရလဒ်တွေကို ပြောဆိုဆွေးနွေးပြီးနောက်မှာတော့ မဟုတ်တော့ဘူး။ ရှင် ပိုပြီးအနီးကပ်ကြည့်လိုက်တဲ့အခါ အဲဒါက ရှင့်မျက်နှာထက်က အပြုံးကို ပျောက်သွားစေလိမ့်မယ်။
 
ခံစားခဲ့ရသူတွေ ဒါမှမဟုတ် ဆွေမျိုးတွေနဲ့ ဆက်သွယ်ဖြေရှင်းရာမှာ အကြံဉာဏ်လိုအပ်တဲ့လူတွေက ဘယ်နေရာမှာ အကူအညီတောင်းခံနိုင်မလဲ။
 
ကိုးစားယုံကြည်မှုတွေက သူတို့ရဲ့အဖွဲ့ဝင်တွေကိုသစ္စာရှိအောင်၊ ညှို့ယူခံရအောင် လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ယုံတမ်းတွေကို ဖြန့်ဖြူးကြကတည်းကလူအများစုဟာ အခုတော့ အချက်အလက်ကို ကိုးစားတဲ့ဌာနတွေဆီကို ဦးလှည့်လာကြတယ်။ လက်ယာအစွန်းရောက်ဝါဒီ ဆန့်ကျင်ရေး Mobile Counsel (ရွေ့လျားမှုကောင်စီ)ကလည်း ဒီပြဿနာတွေနဲ့ပတ်သက်ပြီး အကြံဉာဏ်ပေးတယ်။ ကံမကောင်းစွာနဲ့ ဌာနတွေကအရမ်းနည်းနေသေးပြီး ရှိတဲ့တစ်ခုကလည်း ပစ္စည်းကိရိယာတွေ ပိုကောင်းအောင် တပ်ဆင်ဖို့ လိုသေးတယ်။ ဒီကိစ္စကို လုပ်ကိုင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေအတွက် ပိုပြီးကောင်းတဲ့ ငွေကြေးအထောက်အပံ့ကိုလည်း ကျွန်မတို့ လိုအပ်ပါတယ်။
 
အစိုးရအဖွဲ့အစည်းတွေက ဘာလုပ်သင့်သလဲ။
အကြောင်းအရာကို သင်ရိုးထဲမှာ စာသင်ကျောင်းတွေက စနစ်တကျ ထည့်သွင်းသင့်တယ်။ အနှေးနဲ့အမြန်ဆိုသလို လူငယ်တွေဟာ ဒီဖြစ်စဉ်နဲ့ ထိတွေ့လာကြမယ်။ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်ပြောဇာတ်တွေကို သိနားလည်ဖို့ သင်ယူထားသင့်ပြီး ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုလည်း သိထားသင့်တယ်။ စိတ်ပညာဆိုင်ရာပညာရေးကလည်း အသုံးဝင်ပါလိမ့်မယ်။ တကယ်လို့ ရှင်ဟာ အဲဒီအရာတွေ ဒါမှမဟုတ် အဲဒီလိုအခြေအနေတွေကို ပိုပြီးသဘောထားပျော့ပြောင်းရင် ရှင့်ကိုယ်ရှင် ပိုပြီးသဘောပေါက်နားလည်မှုက ထက်မြက်လာပြီး ရှင့်အမြင်တွေကို စကားပြောနေရင်းနဲ့ ဝေငှခြင်းမပြုခင် တစ်ညလောက် စဉ်းစားလိုက်ဦးမယ်ဆိုတာမျိုးကို ရွေးချယ်ပါလိမ့်မယ်။ ကျွန်မတစ်ကိုယ်ရေအရ ပြောရရင် အစိုးရဆီကနေ တညီတညွတ်တည်းဖြစ်နေတဲ့ စံပုံစံနဲ့ နည်းဗျူဟာတစ်ခုကို မြင်ချင်တယ်။ နောက်ပြီး သုတေသနလုပ်ဖို့ ငွေကြေးပိုပြီးသုံးဖို့ပေါ့။