ဂီတပွဲတော်များ
အတူတကွပီတိဖြစ်ရခြင်းအားအစားထိုးနိုင်သည့်အရာမရှိ။

ပွဲတော်တစ်ခုတွင်အတူတကွပီတိဖြစ်ရခြင်းခံစားချက်ကို ဒစ်ဂျစ်တယ်ပုံစံတစ်ခုဖြင့်အစားထိုး၍မရနိင်ပါ။
ပွဲတော်တစ်ခုတွင်အတူတကွပီတိဖြစ်ရခြင်းခံစားချက်ကို ဒစ်ဂျစ်တယ်ပုံစံတစ်ခုဖြင့်အစားထိုး၍မရနိင်ပါ။ | ဓါတ်ပုံ။ ။ © Rock am Ring

ဓာတ်ပြား၊ အခွေများရောင်းချခြင်းနှင့်အွန်လိုင်းနားထောင်ခြင်းတို့မှရရှိသောဝင်ငွေဖြင့် အနုပညာရှင်များသည် ရပ်တည်ရန်ခက်ခဲလာသောအချိန်တွင် တိုက်ရိုက်ဖျော်ဖြေပွဲများနှင့်ဂီတပွဲတော်များကျင်းပခြင်းယဉ်ကျေးမှုသည် ဂီတလုပ်ငန်းအတွက်ပို၍အရေးပါလာပါသည်။ သို့သော် လေဟာပြင်ဂီတဖျော်ဖြေပွဲတစ်ခုသည် နောက်ကွယ်၌မည်ကဲ့သို့အလုပ်လုပ်သနည်း။ ထို့အတူ ကိုဗစ်-၁၉ ၏အကျိုးဆက်အဖြစ် မည်မျှသောထိခိုက်ဆုံးရှုံးမှုများကိုခံစားခဲ့ရသနည်း။ ဂီတကျွမ်းကျင်ပညာရှင်ဖြစ်သော Frehn Hawel အားတွေ့ဆုံမေးမြန်းထားပါသည်။
 

Frehn Hawel သည်ဂီတအနုပညာရှင်များဖြစ်သော Judith Holofernes ၊ Lena ၊ Max Raabe ၊ a-ha နှင့် Wladimir Kaminer တို့၏ဖျော်ဖြေပွဲများကိုစီစဉ်ရန်တာဝန်ယူထားသည့်ဖျော်ဖြေပွဲအေဂျင်စီ Karsten Jahnke ၏ဆက်ဆံရေးအကြီးအကဲအဖြစ် (၁၉၉၀) ခုနှစ်များကတည်းပင်တာဝန်ယူခဲ့ပါသည်။ ထို့အတူ သူသည် Hamburg မြို့ရှိ Reeperbahnfestival ဂီတပွဲတော်၏ပြင်ပဆက်ဆံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။ Hawel သည်သူကိုယ်တိုင်လည်းဂီတအနုပညာရှင်တစ်ဦးဖြစ်ပါသည်။ (၂၀၂၁) ခုနှစ်သည် Hawel သည် Tocotronic ဂီတအဖွဲ့မှ drum တီးသူ Rick McPhail နှင့်အတူအသံသွင်းထားသော “Transmissions For The Upper Room” ဂီတအယ်လ်လမ်ကို Frehn/McPhail ဟူသည့်အနုပညာနာမည်ဖြင့်ထုတ်လုပ်ခဲ့ပါသည်။ Tocotronic မှ ဂီတာသမားနှင့်ကီးဘုတ်တီးသူ Rick McPhail နှင့်တွဲဖက်တီးခတ်နေသော Frehn Hawel | ဓါတ်ပုံ။ ။ © picture-alliance/Jazzarchiv/Markus Lubitz Mr Hawel ခင်ဗျားက Karsten Jahnke ဖျော်ဖြေပွဲအေဂျင်စီမှာအလုပ်လုပ်တယ်။ ပြီးတော့ Reeperbahnfestival ပွဲတော်ရဲ့ပြင်ပဆက်ဆံရေးအပိုင်းကို တာဝန်ယူထားထာပေါ့နော်။ (၂၀၂၀) ခုနှစ်က ခင်ဗျားတို့အတွက်ဘယ်လိုနှစ်မျိုးဖြစ်ခဲ့လဲ။ ဘာအလုပ်မှမရှိတာကြောင့် အေးဆေးထိုင်ပြီးအနားယူလို့ရခဲ့လား။ ဒါမှမဟုတ် အခွင့်အလမ်းအသစ်တွေ ကိုယ့်ဘာသာကိုယ်ဖော်ဆောင်ရတာကြောင့်စိတ်ဖိစီးစရာကောင်းခဲ့လား။

(၂၀၂၀) က အရင်နှစ်တွေနဲ့တော့ ကျိန်းသေပေါက်လုံးဝမတူခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဒီဂီတပွဲတော်တွေကျင်းပတဲ့ကဏ္ဍမှာ စံချိန်သစ်တွေတင်နိုင်မယ့် လမ်းကြောင်းပေါ်မှာရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အောင်မြင်မှုနှုန်းနဲ့ပွဲများများကျင်းပနိုင်တာမှာ (၂၀၁၉) လိုထူးခြားတဲ့နှစ်ကိုတောင်သာသွားမှာသေချာတယ်လို့ အာလုံးကယူဆထားခဲ့ကြတယ်။ ဒါပေမယ့် ကိုရိုနာဖြစ်လာတဲ့အခါမှာ ဒီလုပ်ငန်းဟာ အရင်းအမြစ်ဘယ်လောက်ကြွယ်ဝတယ်ဆိုတာကိုလည်း ကျွန်တော်တို့ခဏလေးနဲ့နားလည်လိုက်တယ်။ ပထမဆုံးအွန်လိုင်းရှိုးပွဲတွေ၊ drive-in ရှိုးပွဲတွေ၊ ပြီးတော့ ပရိသတ်တွေကထိုင်ကြည့်ရပြီး စည်းကမ်းတွေကိုလိုက်နာခြင်းအားဖြင့်ကျင်းပဖို့ဖြစ်နိုင်တဲ့ပွဲတွေကိုတွေ့ရှိခဲ့တယ်။ (၂၀၂၀) ဆောင်းဦးရာသီမှာ Reeperbahnfestival ပွဲတော်ကို စည်းကမ်းသတ်မှတ်ချက်အသစ်တွေနဲ့အညီကျင်းပနိုင်ခဲ့တယ်ဆိုတဲ့ အချက်ကိုကြည့်ခြင်းအားဖြင့်လည်း ဘယ်လောက်စိတ်အားထက်သန်ပြီးပြင်းပြတဲ့ဆန္ဒရှိတယ်ဆိုတာကိုသာမက အခြေအနေအသစ်တွေနဲ့လိုက်လျောညီထွေဖြစ်အောင်သင်ယူနိုင်စွမ်းကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

ကိုရိုနာကပ်ဘေးမရှိခဲ့ရင် ဂျာမနီရဲ့နာမည်ကြီးဂီတပွဲတော်တွေအနေနဲ့ လာရောက်လည်ပတ်သူအရေအတွက်ကို ပျမ်းမျှ ဘယ်လောက်ရှိမလဲလို့မျှော်လင့်ထားပါသလဲ။

Rock Am Ring ပွဲတော်ကိုလာခဲ့တဲ့သူအရေအတွက်က (၈၀,၀၀၀) အထိရှိခဲ့ပြီး Hurricane လည်း အဲဒီပမာဏနဲ့အတူတူလောက်ပဲ။ ဒါဟာ စံသတ်မှတ်ချက်အရကြည့်မယ်ဆိုရင် ကောင်းမွန်တဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပါတယ်။

ဥရောပနဲ့နိုင်ငံတကာကပွဲတော်တွေနဲ့နှိုင်းယှဉ်ရင် ဂျာမနီကဘယ်လိုအခြေအနေမျိုးမှာရှိမလဲ။

လာရောက်တဲ့သူအရေအတွက်ဂဏန်းခြောက်လုံးအထိရှိတဲ့အင်္ဂလန်က Glastonbury နဲ့တော့ယှဉ်လို့မရဘူးပေါ့။ သို့ပေမယ့် ဂျာမနီပွဲတော်တွေရဲ့အဓိကအနှစ်သာရက သူတို့ရဲ့အရောင်အသွေးစုံလင်မှုဖြစ်ပါတယ်။ လေဟာပြင်ဂီတပွဲတော်ကြီးတွေရှိသလို ဂျာမနီကိုအလွန်စိတ်ဝင်စားဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်စေတဲ့ အလယ်အလတ်အရွယ်အစားနဲ့ ပိုမိုသေးငယ်တဲ့ပွဲတွေလည်း အများအပြားရှိပါတယ်။ The Immergut ဒါမှမဟုတ် Haldern ပွဲတော်တွေဟာ ဒီလိုဖျော်ဖြေမှုမျိုးကို အဓိကတင်ဆက်တဲ့ပွဲတွေဖြစ်ပြီး ပရိသတ်တွေကလည်း ဒီအတွက်ကိုပဲလာကြတာပါ။ ဂျာမန်စျေးကွက်က အရမ်းကိုပဲကွဲပြားစုံလင်ပါတယ်။

အွန်လိုင်းရှိုးပွဲနဲ့ drive-in ဖျော်ဖြေပွဲတွေက ပွဲတော်ချစ်သူတွေအတွက် ဒီကပ်ရောဂါကာလအလွန်မှာအလုပ်ဖြစ်နိုင်တဲ့အခြားရွေးချယ်စရာတွေပေါ်ပေါက်စေခဲ့တယ်လို့ ခင်ဗျားအနေနဲ့ယူဆပါသလား။

ကျွန်တော်အတွေ့အကြုံအရဆိုရင် ဒါကအသစ်အဆန်းတစ်ခုဖြစ်တယ်ဆိုတဲ့ တန်ဖိုးနဲ့ပိုပြီးဆိုင်ပါတယ်။ စစချင်းမှာတော့ လူတိုင်းက “ဒီလိုအရာမျိုးတွေလည်းဖြစ်နိုင်တာ အံ့ဩစရာပဲ” လို့တွေးကြမှာပါ။ ဒါပေမယ့် အချိန်တစ်ခုကြာလာတဲ့အခါမှာတော့ စိတ်ဝင်စားမှုကပြန်လျော့လာမှာပဲ။ “တကယ့်အစစ်အမှန်အရာကိုတော့ ဘယ်လိုမှယှဉ်လို့မရဘူး” ဆိုတဲ့ရှေးဆိုရိုးအတိုင်းပေါ့ဗျာ။ လူတွေဟာ တစ်ခုခုဆိုရင် အတူတကွခံစားချင်ပြီး သီချင်းသံတွေကိုလည်း အသံတိုးတိုးလေးထက်ပိုပြီးကြားချင်ကြပါတယ်။ လက်တွေ့ခံစားရမှု၊ အတူတကွပီတဖြစ်ရခြင်း၊ ဒါတွေကိုအစားထိုးနိုင်တဲ့အရာမရှိပါဘူး။
ကြိုတင်မှာယူမှုရွေးစရာတစ်ခုနှင့်ပွဲတော်တစ်ခု။ လိုက်လျောညီထွေဖြစ်သောပရိတ်သတ်များနှင့်။ Mecklenburg-Vorpommern ရှိ အင်ဒီ၊ ရော့ နှင့် ပေါ့ပ်ဂီတများကို Neustrelitz သို့ဆောင်ယူပေးသော နှစ် (၂၀) ကျော်သက်တမ်းရှိ Immergut Festival ကြိုတင်မှာယူမှုရွေးစရာတစ်ခုနှင့်ပွဲတော်တစ်ခု။ လိုက်လျောညီထွေဖြစ်သောပရိတ်သတ်များနှင့်။ Mecklenburg-Vorpommern ရှိ အင်ဒီ၊ ရော့ နှင့် ပေါ့ပ်ဂီတများကို Neustrelitz သို့ဆောင်ယူပေးသော နှစ် (၂၀) ကျော်သက်တမ်းရှိ Immergut Festival | ဓါတ်ပုံ။ ။ © Nina Sartorius / immergutrocken e.V. ဂီတပွဲတော်သွားရခြင်းအတွေ့အကြုံရဲ့အဓိကအစိတ်အပိုင်းတစ်ခုက နိုင်ငံပေါင်းစုံကလူတွေလာကြတာလည်းပါတယ်ပေါ့နော်။ အဲဒီအတွေ့အကြုံကိုပြန်ရနိုင်မလား။ ခင်ဗျားရဲ့ခန့်မှန်းချက်လေးပြောပြပါဦး။

ဒီအကြောင်းကိုတွေးမယ်ဆိုရင် ဂီတနယ်ပယ်တစ်ခုတည်းထက်ကျော်ပြီးကြည့်ဖို့လိုပါလိမ့်မယ်။ ဥပမာပြောရရင် ဒီကပ်ရောဂါနဲ့ ပတ်သက်တဲ့အကျိုးဆက်တွေ​ရှိခဲ့သည့်တိုင်အောင် ဥရောပဖလားဘောလုံးပြိုင်ပွဲကို (၂၀၂၁) မှာကျင်းပနိုင်ခဲ့တယ်။ ခရီးသွားခြင်းဟာဖြစ်နိုင်တဲ့အရာတစ်ခုပြန်ဖြစ်လာပါပြီ။ ကန့်သတ်ချက်များနဲ့အတူ လူတွေဟာလေယာဉ်နဲ့ခရီးပြန်သွားနေကြပါပြီ။ အဲဒီရှုထောင့်အရကြည့်မယ်ဆိုရင် ဂီတပွဲတော်ယဉ်ကျေးမှုဟာလည်း အရာအားလုံးလုံးဝပုံမှန်ပြန်ဖြစ်ဖို့ အချိန်တစ်ခုကြာနိုင်စေကာမူ သူရဲ့နဂိုပုံစံဆီကို တစ်လှမ်းချင်းပြန်သွားနေပါတယ်။ ပြဿနာကဘာလဲဆိုတော့ ပွဲတော်တစ်ခုက နိုင်ငံတကာမှာနာမည်ကြီးတဲ့ဂီတအဖွဲ့တွေကို ပွဲမှာလာဖျော်ဖြေဖို့အတွက်ဆိုရင် တကယ်ကျင်းပမယ့် နွေရာသီမှဖိတ်ရတာမဟုတ်ဘဲ ကျင်းပမယ့်နှစ်ရဲ့ရှေ့တစ်နှစ်ဆောင်းဦးရာသီလောက်ကတည်းက စကားပြောထားရတာဖြစ်ပါတယ်။ သွားရေးလာရေးအတွက်စီစဉ်ရတဲ့အလုပ်တွေအရ ရိုးရိုးလေးတွေးကြည့်ရင်တောင် ဘယ်နာမည်ကြီးဂီတအဖွဲ့ကမှ ဂီတဖျော်ဖြေပွဲ (၂) ပွဲလောက်အတွက်နဲ့ လေယာဉ်ပျံစီးပြီး ဥရောပအထိလာဖို့မတတ်နိုင်ကြပါဘူး။ အထူးသဖြင့် လူတိုင်းကထိုင်ကြည့်ရတဲ့အတွက် နဂိုပရိသတ်အရေအတွက်ရဲ့ (၂၀) ရာခိုင်နှုန်းလောက်သာလက်ခံနိုင်တဲ့ဖျော်ဖြေပွဲတွေဆို ပိုလို့တောင်မဖြစ်နိုင်ပါဘူး။ ဒီအကြောင်းအရင်းကြောင့် အ​ပေါင်းလက္ခဏာဆောင်တဲ့တိုးတက်မှုတွေရှိနေစေကာမူ ပါဝင်ပတ်သက်နေတဲ့လူတိုင်းရဲ့စိုးရိမ်မှု၊ သတိပေးချက်အချို့ကို ခင်ဗျားနားလည်နိုင်မှာပါ။

ဒါပေမယ့် ဒဲ့တိုးပြောရမယ်ဆိုရင် လူတွေလေယာဉ်စီးတာပိုနည်းလာပြီး အဲဒါကလည်းဂီတပွဲတော်တွေကြောင့်ဆိုရင် ဒါဟာကောင်းတဲ့အရာမဟုတ်ဘူးလား။ ရာသီဥတုထိန်းသိမ်းကာကွယ်မှုအကြောင်းတွေးကြည့်ပါဦး။

ဒီကဏ္ဍမှာ အသိပညာဗဟုသုတတွေ ပိုပြီးနိုးကြားလာကြတာအမှန်ပါပဲ။ အခက်အခဲက ဂီတလှည့်လည်ဖျော်ဖြေပွဲ လုပ်ငန်းမှာ တစ်နေရာကနေနောက်တစ်နေရာကို ပစ္စည်းတွေအများကြီးသယ်ရပါတယ်။ ဒီကိစ္စမှာနည်းလမ်းအသစ်တွေကို သူတို့ရှာဖွေနေဆဲပါ။ ဥပမာ ကျွန်တော်တို့အေဂျင်စီမှာဆိုရင် လှည့်လည်ဖျော်ဖြေပွဲတစ်ပွဲပြီးတိုင်း ကာဗွန်ထွက်ရှိမှုကို ကုစားဖို့အတွက် သစ်တောစိုက်ပျိုးတဲ့ပရောဂျက်တွေကိုငွေလှူဒါန်းတဲ့ Scandinavia ကအနုပညာရှင်တွေကို ကျွန်တော်တို့အနေနဲ့ကိုယ်စားပြုပါတယ်။ ဒါပေမယ့် ဂီတအဖွဲ့တွေအတွက်စီးပွါးရှာဖို့က သူတို့အနေနဲ့ဖျော်ဖြေပွဲတွေလှည့်လည်ကျင်းပဖို့လိုတယ်ဆိုတာကို ခင်ဗျားအနေနဲ့လက်ခံရပါမယ်။ အများစုက အ​ခွေရောင်း ဒါမှမဟုတ် အွန်လိုင်းနားထောင်ခြင်းကနေရတဲ့ဝင်ငွေနဲ့ မရပ်တည်နိုင်ကြပါဘူး။ အဲဒါက ခရီးလှည့်လည်ဖျော်ဖြေခြင်းက ဂီတအနုပညာရှင်တစ်ဦးဖြစ်ရခြင်းရဲ့အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုလိုတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီသွားရေးလာရေးစီစဉ်မှုကို ဖျော်ဖြေသူတွေကပဲ တာဝန်ယူလို့မရနိုင်ဘူးလား။

မရနိုင်ပါဘူး။ ကားအငှါးကုမ္ပဏီကြီးတွေက မော်တော်ယဉ်အကြီးစားတွေကို လျှပ်စစ်ကားတွေအဖြစ်ပြောင်းမယ်ဆိုရင် ဒါဟာကျိန်းသေပေါက်မှန်ကန်တဲ့လမ်းကြောင်းကိုသွားတဲ့ခြေလှမ်းတစ်ရပ်ဖြစ်မှာပါ။ ဒါပေမယ့် အဲဒါကသူတို့အတွက် စီးပွါးရေးအရတွက်ခြေကိုက်ဖို့လည်းလိုတာပေါ့နော်။ ဒီနေရာမှာ အ​ကြောင်းအရာများစွာကစကားပြောပါတယ်။ ဒါကြောင့် အဲဒီမေးခွန်းကို လွယ်လွယ်လေးဖြေဖို့မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဒီဂီတလုပ်ငန်းအနေနဲ့ကတော့ လာမယ့်နှစ်တွေမှာ အချိန်ပေးပြီး အဖြေတွေကိုရှာဖွေသွားမှာဖြစ်ပါတယ်။

ကပ်ရောဂါက နဂိုအတိုင်းပြန်မဖြစ်နိုင်တော့မယ့်ထိခိုက်ဆုံးရှုံးမှု ဒါမှမဟုတ် ပြန်လှည့်လို့မရတော့တဲ့အပြောင်းအလဲတွေကိုဖြစ်ပေါ်စေခဲ့ပါသလား။

အန္တရာယ်ကတော့ လူတွေအနေနဲ့ အချို့အရာတွေလုပ်လို့မရတော့တာကိုကျင့်သားရသွားမှာပါပဲ။ သုံးလအကြာမှာ စီစဉ်ကျင်းပမှုတွေကိုပြန်စဖို့ဆိုတာ ဘာမှမခက်ခဲပါဘူး။ ဒါပေမယ့် အခုကတော့ ကပ်ရောဂါရဲ့သက်တမ်းကဒုတိယနှစ်ထဲကိုရောက်နေပါပြီ။ လူငယ်မျိုးဆက်သစ်တစ်ခုက သူတို့ဘဝရဲ့ပထမဆုံးဖျော်ဖြေပွဲ ဒါမှမဟုတ် ဂီတပွဲတော်တစ်ခုကိုခံစားဖို့အတွက် အရွယ်ရောက်နေကြပေမယ့် ရွေးချယ်စရာမရှိတာကြောင့် အခြားနည်းလမ်းတွေကိုရှာဖွေနေကြရပါတယ်။ နောက်ဆုံးမှာတော့ ခင်ဗျားအနေနဲ့ အချို့အရာတွေကို အသက်အရွယ်တစ်ခုမှာမလုပ်ခဲ့ဘူးဆိုရင် အဲဒီအရာတွေက ခင်ဗျားအတွက် အရမ်းအရေးမပါတော့ဘူးဆိုတာကို ခင်ဗျားရဲ့အတွေ့အကြုံတွေအရလည်းသိနိုင်မှာပါ။ ကျွန်တော်မှားပါစေ ဒါမှမဟုတ် ဒီအခြေအနေကနေပြန်လည်တိုးတက်လာနိုင်ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒါပေမယ့် နောက်မျိုးဆက်က အဖျားရှူးပြီး ဂီတကို ပွဲတော်ကွင်းပြင်ကြီးပေါ်မှာမဟုတ်ဘဲ အခြားနည်းလမ်းတွေနဲ့ခံစားရတာကို ပိုပြီးနှစ်သက်သွားနိုင်မယ့် အန္တရာယ်တကယ်ရှိနေပါတယ်။