အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

ဂီတ

မြို့တစ်မြို့မှာ ဘယ်လိုအသံတွေ ရှိသလဲ။
Sound of X

ကိုရိုနာကပ်ရောဂါဖြစ်ပွားနေစဉ်အချိန်မှာ ကျွန်ုပ်တို့အနေနဲ့ နေ့စဉ်ဘဝရဲ့ နေရာတွေကို ဘယ်လို ပြန်လည်ချိတ်ဆက်နိုင်မလဲ။ Sound of X ပရောဂျက်မှာတော့ ဖန်တီးသူအနုပညာရှင်တွေက သက်ဆိုင်ရာ မြို့တွေရဲ့ လက္ခဏာတစ်ရပ်ကို ဆောင်နေတဲ့ အသံတွေနောက် လိုက်ခဲ့ကြပါတယ်။ ထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုတွေက ကျွန်ုပ်တို့ကို နေရာဒေသတွေအကြောင်း အသစ်အသစ်တွေ ခံစားတွေ့ကြုံရစေပါတယ်။

ဘာလင်မှအနုပညာရှင်များအတွက် လုပ်ငန်းခွင်အခွင့်အရေးနှင့် အခြေအနေများသည်ရံဖန်ရံခါခက်ခဲလေ့ရှိသည်။ အနည်းငယ်မျှကသာ သူတို့၏အနုပညာနှင့် နေထိုင်ရပ်တည်နိုင်ကြသည်။ ဓါတ်ပုံ။ ။ © picture alliance/Paul Zinken/dpa

အနုပညာလောက၏လုပ်ငန်းခွင်အခွင့်အရေးနှင့်အကျိုးခံစားခွင့်များ
ပွင့်လင်းမျှတသည့်ဂီတဈေးကွက်နှင့်သီချင်းဒေါင်းလုတ်လုပ်မှုများ

များစွာသောအနုပညာရှင်တို့သည် အာမခံချက်မရှိသောဘဝအခြေအနေများတွင်ရှင်သန်ရုန်းကန်နေရကာ အနည်းငယ်သည်သာ သူတို့၏အနုပညာတစ်ခုတည်းအပေါ်တွင် မှီတည်၍အသက်မွေးဝမ်းကြောင်းပြုနိုင်ကြပါသည်။ ပွင့်လင်းမျှတသော အွန်လိုင်းမှသီချင်းနားထောင်နိုင်သည့်ဝန်ဆောင်မှုများနှင့် “ပွင့်လင်းမျှတသောကုမ္ပဏီဖြစ်ပါသည်” ဟူသော အသိအမှတ်ပြုလက်မှတ်များကို ဂီတထုတ်လုပ်ရေးကုမ္ပဏီများအတွက်ထုတ်ပေးခြင်း စသည့်ကနဦးခြေလှမ်းများသည် ပို၍တန်းတူညီမျှဖြစ်သော ဝင်ငွေခွဲဝေမှုကွင်းဆက်တစ်ခုကို မည်ကဲ့သို့ဖန်တီးနိုင်ကြောင်းညွှန်ပြနေပါသည်။
 

ပွဲတော်တစ်ခုတွင်အတူတကွပီတိဖြစ်ရခြင်းခံစားချက်ကို ဒစ်ဂျစ်တယ်ပုံစံတစ်ခုဖြင့်အစားထိုး၍မရနိင်ပါ။ ဓါတ်ပုံ။ ။ © Rock am Ring

ဂီတပွဲတော်များ
အတူတကွပီတိဖြစ်ရခြင်းအားအစားထိုးနိုင်သည့်အရာမရှိ။

ဓာတ်ပြား၊ အခွေများရောင်းချခြင်းနှင့်အွန်လိုင်းနားထောင်ခြင်းတို့မှရရှိသောဝင်ငွေဖြင့် အနုပညာရှင်များသည် ရပ်တည်ရန်ခက်ခဲလာသောအချိန်တွင် တိုက်ရိုက်ဖျော်ဖြေပွဲများနှင့်ဂီတပွဲတော်များကျင်းပခြင်းယဉ်ကျေးမှုသည် ဂီတလုပ်ငန်းအတွက်ပို၍အရေးပါလာပါသည်။ သို့သော် လေဟာပြင်ဂီတဖျော်ဖြေပွဲတစ်ခုသည် နောက်ကွယ်၌မည်ကဲ့သို့အလုပ်လုပ်သနည်း။ ထို့အတူ ကိုဗစ်-၁၉ ၏အကျိုးဆက်အဖြစ် မည်မျှသောထိခိုက်ဆုံးရှုံးမှုများကိုခံစားခဲ့ရသနည်း။ ဂီတကျွမ်းကျင်ပညာရှင်ဖြစ်သော Frehn Hawel အားတွေ့ဆုံမေးမြန်းထားပါသည်။
 

သက်ဝင်စီးမျောနားထောင်ခြင်း ဓါတ်ပုံ။ © Adobe/Spectral-Design (63923914)

သက်ဝင်စီးမျောနားထောင်ခြင်း
တေးဂီတအားအပြည့်အဝခံစားခြင်း

စားသုံးသူသာအဓိကဖြစ်သောယနေ့ကမ္ဘာကြီးတွင် အရာရာတိုင်းသည် အလွန်အကျွံပိုလျှံများပြားလွန်းနေတတ်သည်။ ထိုအရာများထဲတွင် တေးဂီတ သီချင်းများသည်လည်းအပါအဝင်ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဂီတသီချင်းသံများအား မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို အလွယ်တကူကြားနိုင်ပါသည်။ သို့သော် ၎င်းသည်ဂီတသံစဉ်များတွင် သက်ဝင်စီးမျောကာနားထောင်ခြင်းနှင့်တော့ မတူနိုင်ပေ။ ယနေ့တွင်မူ ကျွန်ုပ်တို့အားသက်ဝင်စီးမျောနားထောင်ခြင်း၏အလှတရားကို နားလည်သိရှိလာစေရန်ရည်ရွယ်ကူညီပေးမည့် ပဏာမခြေလှမ်းများရှိနေပါပြီ။
 

အခြားသောအကြောင်းအရာများ