အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)

အမျိုးသမီး ဒီဂျေများ
ပိုမိုများပြားသောအမျိုးသမီးများ ဒီဂျေစင်မြင့်ဆီသို့ ရောက်ရှိရေး

Gudrun Gut သည် (၁၉၈၀) စုနှစ်များကတည်းက ဂီတလောကတွင် လှုပ်ရှားခဲ့သည်။
Gudrun Gut သည် (၁၉၈၀) စုနှစ်များကတည်းက ဂီတလောကတွင် လှုပ်ရှားခဲ့သည်။ | Photo (detail): GGut live Sonoras 2018 © Jose M. Pedrajas

female: pressure ကွန်ယက်မှ အမျိုးသမီးဒီဂျေများ ပိုမိုများပြားလာရေး ကြိုးပမ်းနေပါသည်။

ရေးသားသူ​ Johannes Zeller

အီလက်ထရောနစ်ဂီတနယ်ပယ်တွင် အမျိုးသမီးပါဝင်မှု ရာခိုင်နှုန်းသည် (၁၉၉၀) ခုနှစ်နှောင်းပိုင်းများထက်စာလျှင် ယနေ့ခေတ်တွင် ပိုမိုမြင့်တက်လာပါသည်။ သို့သော် ထိုအချက်မှာ ၎င်းဂီတနယ်ပယ်တွင် အမျိုးသမီးများဖျော်ဖြေသူများ အလွန်အမင်း များပြားနေသည် ဟုဆိုလိုခြင်းမဟုတ်ပါ။ Nadine Moser alias Resom, Susanne Kirchmayr alias Electric Indigo နှင့် Gudrun Gut တို့သည် အီလက်ထရောနစ်ဂီတလောကတွင် စံထားရသောပညာရှင်များ ဖြစ်သော်လည်း သူတို့၏ ဂီတခရီးလမ်းမှာ အမျိုးသားဖျော်ဖြေသူများထက် သိသိသာသာ ပို၍ခက်ခဲခဲ့၏။ သူမတို့သည် ယခုအခါ နိုင်ငံတကာကွန်ယက် female:pressure နှင့်လက်တွဲ၍ အမျိုးသမီးများ ဒီဂျေလောကတွင်  ပိုမိုဖျော်ဖြေခွင့် ရရှိရန် နှင့် အသိအမှတ်ပြုမှု ရရှိစေရန် ကြိုးပမ်းဆောင်ရွက်နေပါသည်။

အတုအယောင်ချီးမွမ်းမှုများနှင့် ကြီးမားသောသံသယ

Susanne Kirchmayr သည် သည် ဂီတပညာရှင်အဖြစ် အလုပ်လုပ်ကိုင်စဉ်၌ လိင်အခြေပြုဖိနှိပ်ခံရမှုများ  အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပါသည်။ ဥပမာဆိုရလျှင် အမျိုးသမီးဂီတပညာရှင်အားလုံး ကြားဖူးကြသော “အမျိုးသမီးတစ်ယောက်အနေနဲ့ နင်က တော်ပါတယ်။” ဆိုသော နှိမ့်ချရာရောက်သည့် အတုအယောင်ချီးမွမ်းမှုများ သူမ မကြာခဏရခဲ့၏။ “အမျိုးသမီးဖြစ်နေခြင်းက မကောင်းတဲ့အချက် မဟုတ်ပါဘူး” ဟု သူမကဆိုသည်။ အမျိုးသမီး DJ အသစ်တွေအနေနဲ့ နာမည်ရဖို့ အရမ်းကြိုးစားရပါတယ်။ အမျိုးသမီး DJ တွေက အစမှာ ထူးထူးခြားခြား ခြွင်းချက်အနေနဲ့ ပေါ်လွင်နေတဲ့အတွက် ကောင်းကွက်တွေရှိခဲ့ပါတယ်။  သို့ရာတွင် Kirchmayr အတွက် နှိုင်းယှဥ်ဆိုရလျှင် ကောင်းကွက်ထက် ဆိုးကွက်က ပိုခဲ့ပေသည်။ "အမျိုးသမီးတစ်ယောက် အနေနဲ့ ပုံမှန် ကြုံတွေ့ခဲ့ရတာတော့ အမျိုးသမီးဆိုရင် သံသယနဲ့အရင် ကြည့်ခံရတာပဲ။ အမျိုးသားတွေကိုတော့ လူတွေက အစကတည်းက ယုံပြီးသားပဲလေ။ ဒီတော့ အမျိုးသမီးတွေ အနေနဲ့ ကြံ့ခိုင်သန်မာတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိဖို့လိုတယ်။ ခေါင်းမမာတဲ့သူ ဆိုရင်တော့ မြန်မြန်အရှုံးပေးလိုက်ရတော့တာပဲ။” ဟု သူမက ဆိုသည်။ 
 
Kirchmayr သည် Electric Indigo အမည်ဖြင့် (၁၉၈၀) ခုနှစ် နှောင်းပိုင်းများမှစ၍ ဂီတလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ (၁၉၉၈) တွင် အီလက်ထရောနစ်ဂီတ နှင့် ဒစ်ဂျစ်တယ် အနုပညာလောကမှ အမျိုးသမီးအနုပညာရှင်များအတွက် female:pressure နိုင်ငံတကာကွန်ယက်ကို တည်ထောင်ခဲ့၏။ စာအဆက်အသွယ်များကိုကြည့်ပါက ဂီတဖန်တီးမှုဆိုင်ရာ အတွေးအခေါ်များဖလှယ်ရန်၊ လိင်အခြေပြုဖိနှိပ်မှုအတွေးအခေါ်ရှိသော ပွဲကျင်းပသူများကိုသတိပေးရန် သို့မဟုတ် ပူးတွဲ လှုပ်ရှားမှုများနှင့် podcasts များကိုစီစဉ်ရန် အသုံးပြုထားကြောင်းတွေ့ရမည်ဖြစ်သည်။ ယနေ့အချိန်တွင် female:pressure သည် နိုင်ငံပေါင်း (၇၅) နိုင်ငံမှ အသင်းဝင် (၂၃၇၀) အထိ ရှိနေပြီဖြစ်ပြီး ၎င်းတို့အထဲတွင် အမျိုးသား သို့မဟုတ်အမျိုးသမီးအဖြစ် လိင်အမျိုးအစားသတ်မှတ်ခံယူလိုစိတ်မရှိသူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်အဖြစ်အသွင်ပြောင်းလဲနေထိုင်သူအရေအတွက်မှာလည်း တဖြေးဖြေးတိုးလာလျက်ရှိသည်။ “ကျွန်မတို့တသွေးတသားတည်းရှိမှု ကို တန်ဖိုးထားပါတယ်" ဟု တည်ထောင်သူမှ အလေးပေး ပြောကြားခဲ့သည်။ “တက်သစ်စ ကနေ ပညာရှင်အထိ အားလုံးကို ကြိုဆိုပါတယ်”ဟုလဲ သူမကဆိုခဲ့သည်။

  • Nadine Moser alias Resom သည် အမျိုးသမီးများအတွက် DJ အလုပ်ရုံဆွေးနွေးပွဲများကို turntables တွင်ဖျော်ဖြေသူ အမျိုးသမီးများ ပိုမိုများပြားလာစေရန်ရည်ရွယ်၍ ပြုလုပ်ပေး၏။အီလက်ထရောနစ်ဂီတလောကတွင် အမျိုးသမီးသည် အမျိုးသားလုပ်ဖော်ကိုင်ဖက်များထက် ပိုမိုရုန်းကန်ရမည်ကို သူမ အသေအချာသိရှိပါသည်။ Photo (detail): Resom @ Camille Blake
    Nadine Moser alias Resom သည် အမျိုးသမီးများအတွက် DJ အလုပ်ရုံဆွေးနွေးပွဲများကို turntables တွင်ဖျော်ဖြေသူ အမျိုးသမီးများ ပိုမိုများပြားလာစေရန်ရည်ရွယ်၍ ပြုလုပ်ပေး၏။အီလက်ထရောနစ်ဂီတလောကတွင် အမျိုးသမီးသည် အမျိုးသားလုပ်ဖော်ကိုင်ဖက်များထက် ပိုမိုရုန်းကန်ရမည်ကို သူမ အသေအချာသိရှိပါသည်။
  • female:pressure ကွန်ယက်ကိုတည်ထောင်သူ Susanne Kirchmayr သည် ဂီတပညာရှင်အဖြစ် အလုပ်လုပ်ကိုင်စဉ်၌ လိင်အခြေပြုဖိနှိပ်ခံရမှုများ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရ၏။ Photo (detail): Electric Indigo © StefanFuhrer/WienModern
    female:pressure ကွန်ယက်ကိုတည်ထောင်သူ Susanne Kirchmayr သည် ဂီတပညာရှင်အဖြစ် အလုပ်လုပ်ကိုင်စဉ်၌ လိင်အခြေပြုဖိနှိပ်ခံရမှုများ အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရ၏။
  • Gudrun Gut သည် (၁၉၈၀) စုနှစ်များတွင် Malaria ဂီတအဖွဲ့ကို စတင်တည်ထောင်သူထဲမှ တစ်ဦးဖြစ်သည်။ ယနေ့ခေတ်တွင် အမျိုးသမီးအနုပညာရှင်များ အသိအမှတ်ပြုခံရသောကြောင့် သူမ ပျော်ရွှင်ရ၏။ Photo (detail): GGut Moment 2018 © Mara von Kummer
    Gudrun Gut သည် (၁၉၈၀) စုနှစ်များတွင် Malaria ဂီတအဖွဲ့ကို စတင်တည်ထောင်သူထဲမှ တစ်ဦးဖြစ်သည်။ ယနေ့ခေတ်တွင် အမျိုးသမီးအနုပညာရှင်များ အသိအမှတ်ပြုခံရသောကြောင့် သူမ ပျော်ရွှင်ရ၏။

အမျိုးသမီးအနုပညာရှင်များအတွက် ပိုမိုအသိအမှတ်ပြုခံရမှု
 

Gudrun Gut သည် (၁၉၈၀) စုနှစ်များဆီကတည်းက DJ ပညာရှင်၊ အစီအစဥ်တင်ဆက်သူ နှင့် Monika Enterprise ဂီတတံဆိပ်၏ထုတ်လုပ်သူအဖြစ် ဂီတလောကတွင် ကျင်လည် ခဲ့ပါသည်။Malaria ဂီတအဖွဲ့ကို စတင်တည်ထောင်သူတစ်ယောက်အနေနှင့် သူမက “အီလက်ထရောနစ်ဂီတလောကတွင် အမျိုးသမီးများ တွေ့ကြုံရသည်များမှာ အခြားဂီတအမျိုးအစား နယ်ပယ်များထက် ပိုမိုခက်ခဲသည် သို့မဟုတ် ပိုမိုလွယ်ကူသည်ဟု မထင်ကြောင်းနှင့် အခြေအနေမှာ နေရာတိုင်းတွင် အတူတူသာဖြစ်ကြောင်း” ဆိုခဲ့သည်။ “ဂီတလောကမှာ အမျိုးသားတွေက လွှမ်းမိုးနေတာပဲ၊ အခြားမကြည့်နဲ့ ကျွန်မစုဆောင်းထားတဲ့ ဓာတ်ပြားတွေကိုပဲကြည့်ပါ” ဟု သူမကဆို၏။ female:pressureကွန်ယက် စတင်တည်ထောင်ကာစ အချိန်များကို သတိတရဆိုရာတွင်၊ “မှတ်မှတ်ရရတခုကတော့ ကျွန်မတို့ ပွဲစဥ်တွေ စပြီးရေတွက်ကြတဲ့အချိန်ပဲ။ အမျိုးသားဘယ်နှစ်ယောက်ကို ကြိုတင်စာရင်းပေးငှားရမ်းထားပြီး အမျိုးသမီး ဘယ်နှစ်ယောက်လဲပေါ့။ အဲဒီတုန်းက အမျိုးသားတွေချည်းပဲ (၁၀၀) ရာခိုင်နှုန်းပါတဲ့ ပွဲတော်တချို့ ရှိခဲ့တယ်။ ဒါကိုကြည့်ပြီး ကျွန်မတို့အားလုံး လန့်သွားခဲ့မိတာပေါ့။”

ဂီတလောကတွင် “အမျိုးသားများ၏လွှမ်းမိုးမှု” မည်မျှကြီးမားကြောင်းကိုလည်း (၂၀၁၅) ခုနှစ်မှ ဗြိတိသျှဂါးဒီးယန်း၏ ဆန်းစစ်မှုတစ်ခုကပြသခဲ့သည်။ သတင်းစာမှ ၎င်း၏ ၀က်ဘ်ဆိုက် တွင် ဂီတပွဲတော်များ၏ လက်ကမ်းကြော်ငြာများကိုဖော်ပြခဲ့သည်။ ထို့နောက် အမျိုးသားများ၏ပွဲစဥ်များကို ဖျက်လိုက်ရာတွင် ရလာဒ်မှာ မည်သူမျှမကျန်ရစ်ခဲ့သလောက်နီးပါး ဖြစ်ပေသည်။
ယနေ့ခေတ်တွင် အမျိုးသမီး DJပညာရှင်များ ဖျော်ဖြေခွင့်ရမှုမှာ ထောင်စုနှစ်အချိန်ကာလများထက် ပို၍ လွယ်ကူလာခြင်းကြောင့် သူမတို့ ပျော်ရွှင်ရကြောင်း Kirchmayr နှင့် Gut ကဆိုပါသည်။ “အီလက်ထရောနစ် ဂီတလောကမှာ လတ်တလော အမျိုးသမီးအရေအတွက် ပိုများလာပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့နှစ်‌တွေမှာလဲ အမျိုးသမီးအ‌ရေးနဲ့ပတ်သက်တဲ့ အားကောင်းတဲ့ ဆွေးနွေးမှုတွေလည်း ပေါ်ပေါက်လာပါတယ်။” ဟု Kirchmayr  မှ ကွန်ရက်တည်ထောင်ချိန်မှစ၍ အနှစ် (၂၀) အတွင်း တိုးတက်မှုများအား အကျဉ်းချုပ်ပြောကြားခဲ့သည်။ Gut မှလဲ အမျိုးသမီး အနုပညာရှင်များ  ယခင်ထက်ပိုမို၍ အသိအမှတ်ပြုခံရကြောင်း ပြောပြခဲ့သည်။ ယခုအခါ ဂီတပွဲတော်များတွင် အမျိုးသားပွဲစဥ်များကိုသာ ကြိုတင်စာရင်းပေးငှားရမ်းရတာမျိုး မဟုတ်ကြောင်း တဖြည်းဖြည်းသိလာသည်ကို တွေ့ရ၍ ၀မ်းသာမိကြောင်း သူမကဆိုပါသည်။