Mindfulness and Expressive Art for Children & Youth (Part 2)

အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Mindfulness and Expressive Art for Children & Youth© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Mindfulness and Expressive Art for Children & Youth (Part 2)

ကလေးများနဲ့လူငယ်များကို ဒီအစီအစဉ်လေးကနေကြိုဆိုပါတယ်။ ထင်ဟပ်မျှ၀ေ၊ တွဲလက်၀ေအစီအစဉ်ရဲ့ ပဉ္စမမြောက်အပိုင်းလေးဖြစ်တဲ့ "Mindfulness and Expressive Art for Children & Youth (Part 2)" ကို မကြာခင်ကျင်းပပြုလုပ်မှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်လေးကတော့ စိတ်တည်ငြိမ်စေမယ့်နည်းလမ်းလေးတွေကို မတူညီတဲ့လေ့ကျင့်ခန်းလေးတွေနဲ့ လုပ်ဆောင်ကြမယ်၊ ကလေးများနဲ့ဆယ်ကျော်သက်လေးတွေရဲ့ စိတ်ထဲက၊ နေ့စဉ်ဘဝထဲကတင်းကြပ်မှုတွေ၊ စိတ်ပူပန်မှုတွေကို ဖြေလျော့နိုင်စေဖို့ အထောက်အကူပြုမယ့်ထုတ်ဖော်ပြသမှုတွေကို ဖန်တီးနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒါ့အပြင် မိမိရဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေနဲ့အပြုအမူတွေကို ပိုမိုခံစားနားလည်တတ်လာမှာပဲဖြစ်ပါတယ်။ အနုပညာကြားခံနယ်မှတစ်ဆင့် အရာ၀တ္ထုများကိုပုံဖော်ခြင်းဖြင့် သူတို့ရဲ့အတွင်းစိတ်မှာဖြစ်ပေါ်နေတဲ့အရာတွေကို ထင်ဟပ်သိမြင်လာခြင်း၊ စိတ်တည်ငြိမ်လာခြင်းတို့အပြင် မိမိကိုယ်ကိုဘယ်လိုဂရုစိုက်ရမလဲဆိုတာနဲ့ ပြသနာတစ်စုံတစ်ရာရှိလာရင်ဘယ်လိုဖြေရှင်းရမလဲဆိုတာ ပိုမိုသိမြင်လာမှာပဲဖြစ်ပါတယ်။

ကလေးများအတွက် အသက်အရွယ်အလိုက် အုပ်စု (၂) စု ခွဲထားပြီး၊ တက်ရောက်လိုသည့် ရက် (၁) ရက်ကိုသာ ရွေးချယ်စာရင်းပေးသွင်းရမှာပဲဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ - အမည်၊ အသက်၊ ဖုန်းနံပါတ်၊ အီးမေးလ်၊ ဝါသနာနှင့် ယခုအစီအစဉ်မျိုးတွင် ပါဝင်တက်ရောက်ဖူးခြင်းရှိ/မရှိကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှတစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။    

နေ့ရက်။  ။၂၆.၀၈.၂၀၂၃ (စနေနေ့)  
               ၀၂.၀၉.၂၀၂၃ (စနေနေ့)  
အချိန်။  ။၁၀ နာရီ မှ ၁၂ နာရီအထိ -  အသက် (၆) နှစ်မှ (၁၀) နှစ် အထိ  
             ၂ နာရီ မှ ၄ နာရီအထိ - အသက် (၁၁) နှစ် မှ (၁၄) နှစ် အထိ 

သင်ယူမှုအသစ်တွေ၊ ဆန်းသစ်တီထွင်မှုတွေ၊ ပျော်ရွှင်စရာကောင်းတဲ့လေ့ကျင့်ခန်းတွေပါ၀င်တဲ့ဒီအစီအစဉ်လေးကို တက်ရောက်ဖို့ပြင်ဆင်လိုက်တော့နော်။