ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း) - Orientation Session

အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Orientation Session©Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှဝေ တွဲလက်တွေ (ဒုတိယပိုင်း)
Orientation Session

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ” အစီအစဉ်ကို ယခုနှစ် (၂၀၂၃) ခုနှစ်မှာလည်း Goethe-Institut မြန်မာမှ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းပြီး ဆက်လက်ကျင်းပသွားမှာဖြစ်ပါတယ်။ အတူမျှ၀ေခြင်း၊ ဂရုစိုက်ပေးခြင်းတွေကို အခြေခံထားတဲ့ ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မပြေလည်မှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အနုပညာကြားခံနယ်ကနေတစ်ဆင့် ဖြေထုတ် ဖော်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။ ထိရောက်မှုရှိပြီး ဂီတနှင့်အနုပညာဆိုင်ရာ ကုထုံးများကို အခြေပြုထားတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကို အမျိုးသမီးများ၊ ကလေးငယ်များနဲ့ အသက်အရွယ်မျိုးစုံမှ စိတ်ပါ၀င်စားသူမည်သူမဆို ပါဝင်တက်ရောက်နိုင်မှာပဲ ဖြစ်ပါတယ်။ 

“ထင်ဟပ်မျှ၀ေ တွဲလက်တွေ” အစီအစဉ် ဒုတိယပိုင်းရဲ့ “Orientation Session” ကို (၂၆.၂.၂၀၂၃) ရက်နေ့ နေ့လည် ၁ နာရီမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ Goethe-Institut မြန်မာရဲ့ ပွဲခန်းမမှာ ပြုလုပ်ကျင်းပမယ့် ယခု session ကို စိတ်ပါ၀င်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အနုပညာ၊ ဂီတ၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှ အတွေ့အကြုံရှိ workshop leader များမှ “ကိုယ်ချင်းစာစိတ်နဲ့ စကားပြောခြင်း” ဆိုတဲ့ ခေါင်းစဉ်ကို အခြေပြုပြီး မတူညီတဲ့ ရှုထောင့်ပေါင်းစုံကနေ ပါ၀င်ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။ အမေးအဖြေကဏ္ဍလည်း ပါ၀င်မှာဖြစ်ပြီး၊ အတွေ့အကြုံသစ်တွေကို မျှ၀ေခံစားရင်း လူမှုဘ၀ကို ဖြတ်သန်းဖို့အတွက် ကျွန်ုပ်တို့နဲ့အတူ ပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဆွေးနွေးပွဲကို မြန်မာဘာသာဖြင့် တင်ဆက်သွားမှာဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာသို့ အကျဉ်းချုံးဘာသာပြန်သွားမည် ဖြစ်ပါသည်။