© Goethe-Institut Myanmar/ TheeOoThazin ထင်ဟပ်မျှ၀ေတွဲလက်တွေ (ဒုတိယပိုင်း) ထပ်မံတက်ရောက်လိုသူတွေရော၊ စိတ်ပါ၀င်စားမှုများစွာ ရရှိခဲ့တာကြောင့် ယခုနှစ် ၂၀၂၃ ခုနှစ်မှာလည်း ဒီအစီအစဉ်လေးကို ဆက်လက်ပြုလုပ်သွားမယ်ဆိုတဲ့ အကြောင်းလေးကို သတင်းကောင်းလေး ပေးချင်ပါတယ်။ အတူမျှ၀ေခြင်း၊ ဂရုစိုက်ပေးခြင်းတွေကို အခြေခံထားတဲ့ ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့နေ့စဉ် ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေ၊ မပြေလည်မှုတွေ၊ စိတ်ပင်ပန်းမှုတွေကို အနုပညာ ကြားခံနယ်ကနေတစ်ဆင့် ဖြေထုတ်၊ ဖော်ပြနိုင်ဖို့ပဲဖြစ်ပါတယ်။ ထိုရည်ရွယ်ချက်ကို အခြေခံပြီး စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်ဖို့ လစဉ် မတူညီတဲ့အလုပ်ရုံဆွေးနွေးပွဲတွေကို ကျင်းပစီစဉ်ပေးလျက်ရှိပါတယ်။ ထပ်မံ၍ ပြုလုပ်ကျင်းပပေးသွားမယ့် အလုပ်ရုံဆွေးနွေးပွဲများရဲ့ အသေးစိတ် အချက်အလက်များကို ကျွန်ုပ်တို့မှ မကြာမီ အချိန်အတွင်းမှာ ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။ အချက်အလက်များ အချိန်နဲ့ တပြေးညီရရှိနိုင်ဖို့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ပေးဖို့ ကမ်းလှမ်းပါရစေ။ ပြုလုပ်သွားမယ့် အလုပ်ရုံဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ ကျွန်ုပ်တို့မှ သင့်အား ဖိတ်ခေါ်ပါတယ်။ ဒါ့အပြင် မိမိရဲ့သူငယ်ချင်း၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များအပြင် စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်တက်ရောက်နိုင်ဖို့ ကျွန်ုပ်တို့ရဲ့ ဖိတ်ခေါ်မှုကိုလည်း မျှဝေပေးနိုင်ပါတယ်။ သင့်ရဲ့ စိတ်ပါဝင်စားမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ - Orientation Session - Building Women's Leadership through Art - Art & Healing Certificate Workshop (Part 2) - Dance Movement Therapy Workshop - Stress Management Sessions - An Introduction to YES!+ Workshop - Mindfulness and Expressive Art for Children & Youth (Part 2) - Self-expression & Self-care through Music - Photo Therapy