အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
Photo Therapy© Goethe-Institut Myanmar/ TheeOoThazin

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)
Photo Therapy

သင့်ရဲ့ စိတ်ခံစားမှုတွေကို စူးစမ်းဖို့၊ သင့်ရဲ့ အတွင်းစိတ်တွေကို ချိတ်ဆက်ပြီး ပြောင်းလဲသစ်လွင်နေတဲ့ခရီးကို စတင်ဖို့အတွက် ဓာတ်ပုံရဲ့ စွမ်းအားကို အသုံးချဖို့ အဆင်သင့်ဖြစ်ပြီလား? ဒီလိုဆိုရင်တော့ ကျွန်ုပ်တို့ရဲ့ "Photo Therapy" Workshop ဖြစ်တဲ့ ဓာတ်ပုံအနုပညာနဲ့ ချိတ်ဆက်ထားတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြဖို့၊ ကုစားဖို့ ရည်ရွယ်ထားတဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲက သင့်ကို စောင့်မျှော်နေပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲကတော့ Goethe-Institut Myanmar မှ ကြီးမှူးကျင်းပနေတဲ့ "ထင်ဟပ်မျှ၀ေ တွဲလက်တွေ" (ဒုတိယပိုင်း) „„Program of Care 2.0” ရဲ့ နောက်ဆုံးပိတ် သတ္တမမြောက်အလုပ်ရုံဆွေးနွေးပွဲပဲ ဖြစ်ပါတယ်။ 

(၁၀) ရက်ကြာ ပြုလုပ်မယ့် ဒီအလုပ်ရုံဆွေးနွေးပွဲမှာတော့ အမြင်ဆိုင်ရာ ဇာတ်ကြောင်းပြောခြင်းနှင့် အနုပညာဓာတ်ပုံဆိုင်ရာ နည်းပညာများကို လေ့လာရမှာ ဖြစ်ပြီး၊ ကျွမ်းကျင်သော ဓာတ်ပုံပညာနယ်ပယ်မှ ပညာရှင်များမှ အလုပ်ရုံဆွေးနွေးပွဲတစ်လျှောက်တွင် တစ်ဦးချင်း လမ်းညွှန်မှုနှင့်အတူ ပိုမိုအသုံး၀င်ပြီး အကူအညီပေးနိုင်မယ့် အကြံပြုချက်များကို ပေးဆောင်သွားမှာ ဖြစ်ပါတယ်။ ပါဝင်တက်ရောက်သူတိုင်းသည် ဓာတ်ပုံများကနေတစ်ဆင့် သူတို့ဘ၀ရဲ့ ရှုထောင့်များစွာကို အာရုံစိုက်ပြီး၊ ခံစားချက်များကို ဖော်ပြဖို့၊ သူတို့ရဲ့ ကိုယ်ပိုင် self-identity ကို စူးစမ်းဖို့ အခွင့်အရေးများ ရရှိမှာဖြစ်ပါတယ်။ 

ဒီအလုပ်ရုံဆွေးနွေးပွဲကို အသက် (၁၈) နှစ်မှ (၆၀) ကြား မည်သူမဆို ပါ၀င်နိုင်ပြီး ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာကြောင့် စာရင်းပေးသွင်းရန် - https://forms.gle/tQG69s1JhXKTRLG36 
တက်ရောက်ရန် ရွေးချယ်ခံရသည့် တစ်ယောက်စီတိုင်းကို ဖောင်ပိတ်သည့်ရက် (၂၅.၉.၂၀၂၃) နောက်ပိုင်းတွင် confirmation email ကို ပေးပို့သွားမှာ ဖြစ်ပါတယ်။

***ဆွေးနွေးပြောကြားမည့် ဘာသာစကား - မြန်မာဘာသာ***