၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ သတင်းလွှာ
Goethe-Institut Myanmar
Deutsch | English | မြန်မာ
ယဉ်ကျေးမှု
/ရှိ အိဇ္ဇဘီးရှင်း အပိုင်း (၂)
/ရှိ အိဇ္ဇဘီးရှင်းရဲ့ဒုတိယပိုင်းကို မကြာခင်မှာ ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီဒုတိယပိုင်းမှာ Goethe-Institut ပွဲခန်းမ၊ Myanm/art ၊ ဒို့အိမ်၊ အရသာခံနှင့်ကလသာအနုပညာပြခန်းတွေမှာလည်း ပြခန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့အခြားအစီအစဉ်တွေပါရှိနေမှာဖြစ်လို့ အသေးစိတ်သတင်းအချက်အလက်တွေကို မြန်မာဝက်ဘ်ဆိုက်ရဲ့ /ရှိ အိဇ္ဇဘီးရှင်းစာမျက်နှာက အစီအစဉ်ပိုစတာမှာဝင်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် /ရှိ အနုပညာစာမူ၊ စာတမ်းဖိတ်ခေါ်ခြင်းအစီအစဉ်အတွက် စာမူတွေကို (၄) ရက်၊ ဇန်နဝါရီလ၊ ၂၀၂၃ ခုနှစ်အထိ လက်ခံပေးသွားမှာဖြစ်လို့ အီးမေးလ်၏အကြောင်းအရာမှာ "Shi Art Writing Open Call 2022" လို့ရေးပြီး info.ygnshi@gmail.com အီးမေးလ်လိပ်စာသို့ပေးပို့နိုင်ပါတယ်။
ဘာသာစကား
ဂျာမန်ဘာသာစကားသင်တန်းများ
ဇန်နဝါရီလဂျာမန်ဘာသာစကားသင်တန်းများ
နှစ်သစ်တွင် Goethe-Institut မြန်မာ၌ ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည် နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဇန်နဝါရီလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ စာရင်းပေးသွင်းရမည့်ကာလမှာ ၂၊၁၊၂၀၂၃ မှ ၁၃၊၁၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
စာမေးပွဲများ
ဇန်နဝါရီလ Goethe-Zertifikat စာမေးပွဲများ
သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇန်နဝါရီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၁၊၂၀၂၃ မှ ၁၆၊၁၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
စာကြည့်တိုက်
Goethe-Institut မြန်မာစာကြည့်တိုက်၏ဖွင့်ချိန်အသစ်များ
အားလုံးကို အထူးသတင်းကောင်းလေးပေးချင်တာကတော့ Goethe-Institut မြန်မာစာကြည့်တိုက်ကို လာမယ့် (၂၀၂၃) ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့မှစတင်ပြီး စာကြည့်တိုက် ဖွင့်ချိန်များကို စနေနဲ့တနင်္ဂနွေနေ့များပါ ရက်တိုးဖွင့်လှစ်သွားမယ်ဆိုတဲ့အကြောင်းလေးပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်ဖွင့်ချိန်အသစ်ကတော့ - တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေ မနက် ၉း၃၀ မှ ညနေ ၅း၀၀ နာရီအထိ *ကြာသပတေးနေ့နှင့် အများပြည်သူရုံးပိတ်ရက်များတွင် စာကြည့်တိုက်ပိတ်ပါသည်။* စာကြည့်တိုက်ကို လာရောက်မယ်ဆိုရင်တော့ မိမိလာရောက်လိုသည့် နေ့ရက်ကို biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ပြီး ကြိုတင်ရက်ချိန်းရယူနိုင်ပါတယ်။
ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်
Onleihe ရှိ နိုင်ငံခြားဘာသာပြန် E-Book အသစ်များ
ကျွန်ုပ်တို့ရဲ့ ဘာသာပြန်ရန်ပုံငွေမှ E-Book အသစ် ၅၀ နီးပါးကို “ONLEIHE” တွင် ရရှိနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်။ ထိုစာအုပ်များထဲမှာတော့ Wolfram Eilenberger၊ Abbas Khider၊ Esther Kinsky၊ Deniz Ohde၊ Katja Oskamp၊ Juli Zeh နှင့် အခြားသောစာရေးဆရာများရဲ့ ဘာသာပြန်လက်ရာများစွာ ပါ၀င်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။
“ဆရာ၊ ဆရာမများ၏ မီဒီယာအကြံပြုချက်များ”
ဆရာမနှင်းအဉ္ဇလီကတော့ သီချင်းနားထောင်ရတာကို ကြိုက်ပြီး၊ တေးဂီတသံစဥ်တွေကို ကိုယ်တိုင်တီးတတ်တဲ့သူတွေကိုလည်း သဘောကျနှစ်သက်သူတစ်ယောက်ပါ။ တီချယ်နှင်းမှ သီချင်းနားထောင်ရတာ ကြိုက်နှစ်သက်သူတွေအတွက် စာကြည့်တိုက်မှာရှိတဲ့ သီချင်းတွေထဲက ဂျာမန်တေးဂီတကောင်းအချို့ကို ရွေးချယ်အကြံပြုပေးလိုက်ပါတယ်။ ဘယ်လိုတေးဂီတကောင်းလေးတွေဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်
Impressum | Datenschutz
ဆက်သွယ်ရန်
Goethe-Institut မြန်မာ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း +95 9 954296160 info-yangon@goethe.de