Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ ဧပြီလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ရုံးခန်းငှားရန်ရှိသည်

Office Leasing

©Goethe-Institut Myanmar

ငှားရန်ရှိသည်

Goethe-Institut မြန်မာရှိရုံးခန်း(၂)ခန်း

ရန်ကုန်မြို့တွင် ခေတ်မီဆန်းသစ်သောရုံးခန်းနေရာရှာဖွေနေပါသလား။ Goethe-Institut မြန်မာတွင် အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်တဲ့ ရုံးခန်းနှစ်ခန်းငှားရမ်းရန်ရှိပါတယ်။ 

ငှားရမ်းမည့်နေရာ - ရုံးခန်းနှစ်ခန်း၊ N-1.02 (15 sqm) နှင့် N-1.05 (17 sqm)။ 
ငှားရမ်းမည့်ကာလ - ၆ လ (သို့မဟုတ်) ၁ နှစ်။ (သက်တမ်းတိုးနိုင်သည်)
ပါဝင်သည့်ကျိုးခံစားခွင့်များ - အရေးပေါ် မီးစက်ဖြင့် (၂၄) နာရီလျှပ်စစ်မီး၊ စာကြည့်တိုက်နှင့်ကော်ဖီဆိုင်ကို ဝင်ရောက်အသုံးပြုခွင့်၊ ဘုံဧရိယာပြုပြင်ထိန်းသိမ်းရေး၊ (၂၄) နာရီလုံခြုံရေး၊ အခမဲ့ ကားပါကင်နေရာတစ်ခု၊ ရုံးခန်းများအတွက် သီးခြားသော့များနှင့် အချိန်မရွေးလာရောက်အသုံးပြုခွင့်။ (မှတ်ချက်။    ။အင်တာနက်ဝန်ဆောင်မှုများမပါဝင်ပါ)
ငှားရမ်းမည့်ရုံးခန်းများအားအသုံးပြုနိုင်မှု - အထွေထွေရုံးကိစ္စအသုံးပြုမှုနှင့်/သို့မဟုတ် အခြားတရားဝင်အသုံးပြုမှု

ငှားရမ်းမည့်ရုံးခန်းများနှင့်ပတ်သက်ပြီးပိုမိုသိရှိလိုပါက သို့မဟုတ် ရုံးခန်းနေရာများကိုလာရောက်ကြည့်ရှုရန်အတွက် Goethe-Institut မြန်မာကို  အခုပဲတိုက်ရိုက်ဆက်သွယ်လိုက်ပါ။ 
 

ယဉ်ကျေးမှု

Program of Care 2.0

©TheOoThazin/ Goethe-Institut Myanmar

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)

“Building Women Leadership through Art” အလုပ်ရုံဆွေးနွေးပွဲ

ထင်ဟပ်မျှဝေ တွဲလက်တွေ အစီအစဉ် (ဒုတိယပိုင်း) ရဲ့ပထမဆုံးအလုပ်ရုံဆွေးနွေးပွဲကို အမျိုးသမီးများအတွက်ရည်ရွယ်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ယခုပြုလုပ်မယ့်အလုပ်ရုံဆွေးနွေးပွဲကိုတော့ ကျွန်မတို့ အမျိုးသမီးတွေရဲ့ women power နဲ့  women leadership ကို Kalasa Art Space ရဲ့ Founder ဖြစ်ပြီး၊ Art Healing ကိုပါ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ မစုထွေးအောင်ကနေဦးဆောင်ပေးသွားမှာဖြစ်ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲရဲ့ နာမည်ကိုတော့ “Building Women Leadership through Art“ လို့ အမည်ပေးထားပြီး အတန်းနှစ်တန်းခွဲပေးထားပါတယ်။ တစ်တန်းကို ငါးရက်စီထားရှိထားပြီး၊ အတန်းငါးရက်လုံးပြီးသွားတဲ့အခါမှာတော့ အတန်းပြီးမြောက်ကြောင်းလက်မှတ် (Certificate) ကိုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ 
မိမိကိုယ်ကိုယ် ရှာဖွေလိုပြီး၊ women leadership ကိုစိတ်ဝင်စားသူ အမျိုးသမီးတိုင်း အခမဲ့ တက်ရောက်နိုင်ပါတယ်။ (ပန်းချီဆွဲတတ်ရန်မလိုပါ) 

အုပ်စု (A) နဲ့ အုပ်စု (B) ဆိုပြီး နှစ်စုခွဲထားတာကြောင့် မိမိ အဆင်ပြေတက်ရောက်နိုင်တဲ့အုပ်စုကို အောက်ပါ Link မှ တဆင့် ဖောင်ဖြည့်ပြီး စာရင်းသွင်းနိုင်ပါပြီ။ လူဦးရေကန့်သတ်ချက်ရှိတာကြောင့် တက်ရောက်လိုသူများအနေနဲ့ အမြန်စာရင်းပေးထားဖို့ကိုလည်း တိုက်တွန်းပါရစေ။
*** ဆွေးနွေးပြောကြားမည့် ဘာသာစကား - မြန်မာဘာသာ ***
စာရင်းပေးသွင်းရန်
အုပ်စု (A) -  https://forms.gle/SDVANJMdGmttzp2VA 
အုပ်စု (B) - https://forms.gle/MSYN7ThJeKiQwgyd7
 

ဘာသာစကား

learn German at GIMM

©Goethe-Institut Myanmar

ဧပြီလ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဧပြီလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၂၈၊၃၊၂၀၂၃ မှ ၆၊၄၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
 
Exam in April

©Goethe-Institut Myanmar

ဧပြီလ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဧပြီလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၈၊၃၊၂၀၂၃ မှ ၆၊၄၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Learnberatung April

©Goethe-Institut Myanmar

“LERNBERATUNG” program

Goethe-Institut Myanmar ရဲ့ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး ပြုလုပ်ပေးနေတဲ့ „Lernberatung” ဆိုတဲ့ အစီအစဉ်လေးရှိပါတယ်။ ဒီအစီအစဉ်လေးမှာတော့ Goethe-Institut မှ ဆရာ/ဆရာမတစ်ယောက်ကနေ ဂျာမန်စာလေ့လာမှုနဲ့ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှအခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။ တစ်ချိန်ကို သင်တန်းသား (၆) ဦးသာလက်ခံသွားမှာဖြစ်လို့ စိတ်ပါ၀င်စားသူ မည်သူမဆို စာကြည့်တိုက်မှာ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ German level၊ မိမိမေးလိုသည့်အကြောင်းအရာနှင့် မိမိတက်ရောက်လိုတဲ့ရက်ကို ပေးပို့ပြီး ကြိုတင်စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။
 
Board Game Friday April

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

လစဉ်ကျင်းပနေကျဖြစ်တဲ့ “Board Game Friday“ လေးမှာ ဒီလမှာတော့ထူးထူးခြားခြားအနေနဲ့ စာကြည့်တိုက်မှာရှိတဲ့ Board Game တွေကိုကစားရမှာမဟုတ်ပဲ မိမိကြိုက်နှစ်သက်ရာ Board Game တွေကိုယူလာပြီး သူငယ်ချင်းတွေ့အတူတူ ပျော်ပျော်ပါးပါးကစားလို့ရမှာပဲဖြစ်ပါတယ်။
လူဦးရေကိုတော့ (၁၀) ဦးအထိသတ်မှတ်ထားပြီး၊ လာရောက်ကစားချင်တယ်ဆိုရင်တော့ biblio-yangon@goethe.de သို့ အီးမေးလ်ပေးပို့ခြင်း (သို့) စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) သို့ဖုန်းခေါ်ဆိုပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
နေ့ရက်။  ။၂၈.၀၄.၂၀၂၃ (သောကြာနေ့)
အချိန်။  ။နေ့လည် ၁၂ နာရီ မှ ၂ နာရီအထိ
ကိုယ့်မှာ ထူးထူးခြားခြားဂိမ်းလေးတွေ၊ ကစားလို့ကောင်းလို့ သူငယ်ချင်းတွေကို မျှ၀ေချင်တဲ့ ဂိမ်းလေးတွေရှိရင်လည်း ယူလာခဲ့နော်။ 
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de