|
ဒုတိယအကြိမ်သင်တန်းသားခေါ်ယူခြင်း
Academy of Care
Goethe-Institut Myanmar မှ ဦးဆောင်ပြီး Netherland Embassy မှ ရန်ပုံငွေပါဝင်ထားသော Academy of Care အစီအစဉ် ပထမအဆင့် - စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၏ ကနဦးအစီအစဉ်အဖြစ် သင်တန်းသား ဆရာဖြစ်သင်တန်းတစ်ရပ်ကို နှစ်လတာသင်တန်းကို အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ဒုတိယအကြိမ် ဆရာဖြစ်သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေပြီး ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၂၄ တွင် Academy of Care အစီအစဉ်၏ ပထမအကြိမ် Orientaion Session ကို zoom မှတဆင့်ပြုလုပ်ပြီး စုစုပေါင်း ၁၁ ယောက်တက်ရောက်ခဲ့ပါသည်။ Academy of Care ဒုတိယအကြိမ် ဆရာဖြစ်သင်တန်းအတွက် မြန်မာနိုင်ငံအနှံမှ သင်တန်းသားလျှောက်လွာများကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ၂၀၂၄ တွင် နောက်ဆုံးလက်ခံသွားမည် ဖြစ်ပါသည်။ ပထမအကြိမ် ဆရာဖြစ်သင်တန်းမှ ရရှိလာသော အကြံပြုချက်များကို ပြန်လည်သုံးသပ်ပြီး ဒုတိယအကြိမ်တွင် ပိုမိုကောင်းမွန်သော သင်ရိုးညွှန်းတမ်းများကို ရေးဆွဲလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
|