အောက်တိုဘာလ ၂၃ ရက်မှာ ဟေရမုန် - Urban Organic Farm နှင့် ပူးပေါင်းပြီး သစ်ပင်လေးတွေ အတူတူစိုက်ပျိုးနိုင်မယ့် “Urban Gardening for Mindful Living” လက်တွေ့စီမံကိန်းလေးကို စာကြည့်တိုက်မှာ ပြုလုပ်သွားဖို့ရှိပါတယ်။ ဒီအစီအစဥ်လေးမှာ မြို့ပြဧရိယာဒေသမှာ အပင်ငယ်လေးတွေကို ဘယ်လိုစိုက်ပျိုးရမလဲဆိုတာ လေ့လာနိုင်ပြီး သစ်ပင်လေးတွေကို တနိုင်တပိုင်စိုက်ပျိုးခြင်းက သင့်စိတ်ကို ဘယ်လိုမျိုး အေးချမ်းမှုပေးစွမ်းနိုင်သလဲဆိုတာပါ စူးစမ်းရှာဖွေနိုင်မှာဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်များရဲ့ လမ်းညွှန်မှုများနှင့်အတူ အပင်လေးတွေကို ကိုယ်တိုင်လက်တွေ့စိုက်ပျိုးရင်း မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်မယ့် အချိန်ကောင်းလေးတွေလည်း ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် သစ်ပင်ပန်းပင်လေးတွေက ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘ၀မှာ စိတ်ခွန်အားနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတွေကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးပြီး ကျွန်ုပ်တို့ကို ပိုကောင်းတဲ့လူမှုဘ၀ကို ရရှိစေပုံတို့ကို သိရှိနားလည်သွားမှာပါ။ ဒီတော့ စိမ်းစိမ်းစိုစို သဘာ၀တရားကြီးနဲ့ ပြန်ချိတ်ဆက်ပြီး ဘ၀အမောတွေပြေစေဖို့ သစ်ပင်လေးတွေ စိုက်ရင်း စိတ်အေးချမ်းမှုကို အတူတူရှာဖွေကြမယ်နော်။
ဒီအစီအစဥ်ကို အသက် ၁၈နှစ် မှ ၂၅ နှစ်အရွယ် သဘာ၀ပတ်၀န်းကျင်ချစ်မြတ်နိုးသူ၊ အပင်ချစ်သူများနှင့် မိမိကိုယ်ကို သဘာ၀တရားဖြင့် ကုစားချင်သူများ ပါ၀င်နိုင်ပြီး ၀င်ကြေး အခမဲ့ဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့
♦အမည် ♦ အသက် ♦ဖုန်းနံပါတ် တို့ကို
biblio-yangon@goethe.de မှတစ်ဆင့် အီးမေးလ်ပေးပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။