Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ သတင်းလွှာ

Goethe-Institut Myanmar

Deutsch | English | မြန်မာ

ခရစ်စမတ်ဈေးပွဲတော် ၂၀၂၆

Goethe Christmas Bazaar 2026

© Goethe-Institut Myanmar

Save the Date

Get Ready for Christmas Bazaar 2026!

ဆောင်းဦးကာလကို ချည်းနင်းဝင်ရောက်လာတာနဲ့အတူ၊ တစ်နှစ်တာလုံး စောင့်ဆိုင်းနေခဲ့ရတဲ့ Goethe-Instiut Myanmar ရဲ့ Christmas Bazaar အစီအစဉ်မကြာခင်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ယခင်နှစ်တွေကထက် ပိုစောပြီး နို၀င်ဘာလ (၂၉) ရက်နေ့မှာ ကျင်းပသွားမယ့် Christams Bazaar မှာ အရင်လိုပဲ လာရောက်လည်ပတ်ပြီး ကိုယ်တိုင်ပါဝင်နိုင်မယ့် စျေးရောင်းပွဲတော်၊ ကလေးငယ်တွေအတွက် ခရစ်စမတ် အမှတ်တရလက်မှု ဖန်တီးမှုနဲ့ ဂီတ အစီအစဉ်တွေ စသဖြင့် စုံလင်အောင် ပါဝင်မှာဖြစ်ပါတယ်။

အစီအစဉ်အသေးစိတ်ကို Goethe-Institut Myanmar ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ကြေငြာသွားမှာဖြစ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့ကို မှတ်ထားပေးကြဖို့ သတင်းကောင်းပါးလိုက်ရပါတယ်။
Children Activity @Christmas Bazaar

© Goethe-Institut Myanmar

Stories, Crafts & Christmas Cheer

Join the Festive Activities for Children and Youth at the Library!

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပမည့် Goethe-Institut Myanmar ၏ ခရစ်စမတ်စျေးရောင်းပွဲတော်အတွင်း ကျွန်ုပ်တို့စာကြည့်တိုက်မှာလည်း အသက် (၇) နှစ်မှ (၁၂) နှစ်အရွယ် ကလေးငယ်များအတွက် ခရစ်စမတ်အထိမ်းအမှတ် လက်မှုအစီအစဥ်များကို စီစဉ်ပေးထားပါတယ်။

တစ်နေ့တာလုံးတွင် ခရစ်စမတ်ကာလနဲ့ ကိုက်ညီတဲ့ အမှတ်တရပစ္စည်းလေးတွေကို ကိုယ်တိုင်ပြုလုပ်နိုင်မယ့် လက်မှုအစီအစဥ်များနဲ့ ပုံပြင်ဖတ်ပြမည့် အစီအစဉ်များကို အချိန်ပိုင်းအလိုက် သီးခြားစီ သတ်မှတ်ထားပါတယ်။ ဝင်ကြေးအခမဲ့ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန် မလိုအပ်ပါ။ ဦးရာလူစနစ်နဲ့ လူအကန့်အသတ်ရှိတဲ့အတွကိ စိတ်ပါဝင်စားသော ကလေးငယ်များအနေဖြင့် ပါ၀င်ချင်တဲ့အစီအစဥ်အချိန်မတိုင်ခင် လာရောက်ပေးစေချင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ အကြိုက်ဆုံးဖြစ်မယ့်  ပွဲချိန်လေးကို ကြိုတင်သိရှိနိုင်အောင် အစီအစဉ်အသေးစိတ်ကို ဖော်ပြပေးလိုက်ပါတယ်။

Rudolph’s Creative Corner (DIY Paper Plate Reindeer Craft session)
  • အချိန်။ နံနက် ၁၀:၀၀ နာရီ - ၁၂:၀၀ နာရီအထိ
Puppet Storytelling Session
  • အချိန်။ နေ့ခင်း ၁:၀၀ နာရီ - ၁:၃၀ နာရီအထိ
DIY Christmas Accessories and Cards
  • အချိန်။ နေ့ခင်း ၁:၃၀ နာရီ - ၃:၃၀ နာရီအထိ
Christmas Promo 50%

© Goethe-Institut Myanmar

50% Off Library Membership

A Special Christmas Offer for Book Lovers

ဆန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ စောင့်နေတုန်း...Goethe-Institut Myanmar စာကြည့်တိုက်ရဲ့ ခရစ်စမတ်အကြို လက်ဆောင်ကို အရင်ရယူလိုက်ပါ! လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာ အသင်းဝင်အသစ် လျှောက်ထားသူများနဲ့ သက်တမ်းတိုးလိုသူများအတွက် အသင်းဝင်ကြေး ၅၀% လျှော့ဈေး အစီအစဉ်ပြုလုပ်ပေးသွားမည်ဖြစ်ပါတယ်။ ပရိုမိုးရှင်းအစီအစဉ်ကို တစ်ရက်တည်းပြုလုပ်မှာဖြစ်ပြီး အသေးစိတ်အချက်အလက်များကို မကြာမီ ကြေညာပေးသွားမှာမို့ ကျွန်ုပ်တို့ရဲ့ လူမှုကွန်ရက်စာမျက်နှာများကို ဆက်လက်စောင့်ကြည့်ပေးပါရန် ဖိတ်ခေါ်အပ်ပါတယ်။

ယဉ်ကျေးမှု

AoC Job Announcement 2026

© Goethe-Institut Myanmar

Academy of Care အလုပ်အကိုင်အခွင့်အလမ်း

AoC Project Administrator (M/F/D)

Goethe-Institut Myanmar သည် Academy of Care (AoC) ၂၀၂၆–၂၀၂၉ စီမံကိန်းကာလသစ်အတွက် ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်ပြီး လုပ်ငန်းအတွေ့အကြုံရှိသော Project Administrator တစ်ဦးကို ရှာဖွေလျက်ရှိပါသည်။

ဥရောပသမဂ္ဂ (EU) ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိသော Academy of Care (AoC) သည် မြန်မာနိုင်ငံအတွင်း ဂရုစိုက်စောင့်ရှောက်မှု၊ ကိုယ်စိတ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ လူမှုကူညီထောက်ပံ့မှုများအတွက် အနုပညာ၊ ဖန်တီးမှုနှင့် လူမှုအသိုက်အဝန်းအခြေပြုသည့် ချဉ်းကပ်မှုများကို ဖော်ဆောင်ပေးနေသည့် မြန်မာနိုင်ငံအခြေစိုက် အစပျိုးမှုတစ်ခု ဖြစ်ပါသည်။

လျှောက်ထားသူများသည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင် အနည်းဆုံး ၃ နှစ် အတွေ့အကြုံရှိပြီး စီမံခန့်ခွဲမှုနှင့် ဆက်သွယ်ပြောဆိုမှုစွမ်းရည်ကောင်းမွန်သူ၊ အုပ်ချုပ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးအသုံးစရိတ်များကို စောင့်ကြည့်မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံစာပြုစုခြင်းတို့တွင် အတွေ့အကြုံရှိသူ ဖြစ်ရပါမည်။ ထို့အပြင် အင်္ဂလိပ်နှင့် မြန်မာဘာသာစကားတို့ဖြင့် ရေးသားပြောဆိုနိုင်ရပါမည်။

အလုပ်လုပ်ကိုင်ရမည့်နေရာ။ ရန်ကုန်မြို့ | အချိန်ပြည့်၊ ရုံးတက်လုပ်ကိုင်ရမည်
လျှောက်လွှာပိတ်မည့်ရက်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက် (သောကြာနေ့)၊ မြန်မာစံတော်ချိန် ည ၁၁:၅၉ နာရီ
AoC Cohort 5

© Goethe-Institut Myanmar

လျှောက်လွှာခေါ်ယူခြင်း

Academy of Care (AoC) သင်တန်းအစီအစဉ်  – Cohort 5

ဖန်တီးဆင့်ပွား ဝေမျှမည် ဂရုစိုက်မှု အကယ်ဒမီ (Academy of Care (AoC)) ၏ သင်တန်းအစီအစဉ်သည် ခြောက်လကြာ လူကိုယ်တိုင် တက်ရောက်ရမည့် သင်တန်းအစီအစဉ်တစ်ခုဖြစ်ပြီး လူတစ်ဦးချင်းနှင့် လူမှုရပ်ရွာအသိုင်းအဝိုင်းများ၏ စိတ်ပိုင်းဆိုင်ရာ လူမှုဘဝကောင်းမွန်မှုနှင့် ကြံ့ကြံ့ခံနိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ရန် ဖန်တီးမှုအနုပညာ (Creative Arts) ကို အခြေခံထားသော နည်းလမ်းများ အသုံးပြုရာတွင် လိုအပ်သော အသိပညာနှင့် ကျွမ်းကျင်မှုများကို တိုးမြှင့်ပေးရန် ရည်ရွယ်ပါသည်။

ယခုအခါ AoC သည် ရန်ကုန်မြို့တွင် ကျင်းပမည့် အဆိုပါထူးခြားသော သင်ယူလေ့လာခွင့်တွင် ပါဝင်တက်ရောက်နိုင်ရန် မြန်မာနိုင်ငံတစ်ဝန်းမှ စိတ်အားထက်သန်သူ သင်တန်းသား ၃၀ ဦး ကို လျှောက်လွှာခေါ်ယူထားပါသည်။

Cohort 5 သင်တန်းအတွက် လျှောက်လွှာခေါ်ယူမှုဆိုင်ရာ ကြေညာချက်နှင့် လျှောက်လွှာတင်သွင်းရန် လင့်ခ်တို့ကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
AoC WMHD 2026

© Goethe-Institut Myanmar

Academy of Care

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ၂၀၂၆ နှင့် စီမံကိန်းကာလသစ် စတင်ခြင်း 

Academy of Care (AoC) ၏ ၂၀၂၆–၂၀၂၉ စီမံကိန်းကာလသစ်ကို Goethe-Institut Myanmar ၌ အောက်တိုဘာလ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့သည့် ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ၂၀၂၆ သုံးရက်တာ အစီအစဉ်နှင့်အတူ တရားဝင်စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်ကို  "စကားသံများ၊ အတွေ့အကြုံများနှင့် ပြောင်းလဲမှုများ - ကိုယ်တွေ့အတွေ့အကြုံများအတွက် နေရာတစ်ခု" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပါသည်။

အစီအစဉ်တွင် ဖန်တီးမှုကုထုံးဆိုင်ရာ ဆွေးနွေးပွဲနှင့် လက်တွေ့ပါဝင်လေ့လာနိုင်သည့် အစီအစဉ်များ၊ ဒရာမာကုထုံး၊ အနုပညာကုထုံး၊ ဂီတကုထုံးနှင့် ကလေးများ၊ လူငယ်များနှင့် မိသားစုများအတွက် Small AoC အစီအစဉ်များ ပါဝင်ခဲ့ပါသည်။ ယင်းအစီအစဉ်များမှတစ်ဆင့် မိမိတို့၏ခံစားချက်များကို ဖော်ပြနိုင်ခြင်း၊ အချင်းချင်း ချိတ်ဆက်နိုင်ခြင်းနှင့် အမြင်သစ်များ ရရှိနိုင်ခြင်းတို့အတွက် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပါသည်။

AoC ၏ လုပ်ငန်းကာလသစ်အတွက် ထောက်ပံ့ပေးသည့် ဥရောပသမဂ္ဂ (EU) ကို အထူးကျေးဇူးတင်ရှိပါသည်။ ထို့အပြင် တန်ဖိုးရှိသော ပံ့ပိုးကူညီမှုများ ပေးအပ်ခဲ့ကြသည့် သင်တန်းဆရာများ၊ သင်တန်းနည်းပြများ၊ ဟောပြောသူများ၊ AoC သင်တန်းဆင်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပါဝင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အဖွဲ့အစည်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါသည်။

AoC ၏ လုပ်ငန်းကာလသစ်ကို စတင်လိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံအတွင်း ဖန်တီးမှုအခြေပြု ဂရုစိုက်စောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုဖော်ဆောင်နိုင်ရန် ဆက်လက်လေ့လာသင်ယူခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လုပ်ငန်းများ တိုးချဲ့ဖော်ဆောင်ခြင်းတို့ကို ဆက်လက်လုပ်ဆောင်သွားရန် မျှော်လင့်ပါသည်။
SFF Myanmar 2026

© Goethe-Institut Myanmar

ဖျော်ဖြေမှုမှသည် အသိပညာဆီသို့

သိပ္ပံရုပ်ရှင်ပွဲတော် (၂၀၂၆)

ဂျာမန်ဘာသာစကားသင်ကြားရေးနှင့်ယဥ်ကျေးမှုဌာနမှ နှစ်စဥ်ကျင်းပပြုလုပ်လျက်ရှိသော သိပ္ပံရုပ်ရှင်ပွဲတော်ကို မြန်မာ၀ိုင်အမ်စီအေနှင့် အခြားပြည်တွင်းမှ အဖွဲ့အစည်းများ၏ ပူးပေါင်းမှုတို့နှင့်အတူ (၁၅) ကြိမ်မြောက်အဖြစ် ကျင်းပပြုလုပ်ရန် စီစဥ်နေပါသည်။ ယခုနှစ်သိပ္ပံရုပ်ရှင်ပွဲတော်ကို လူတွေ့ပြသမှုများအပြင်၊ အွန်လိုင်းမှစာရင်းပေးသွင်းကာ အခမဲ့ကြည့်ရှုနိုင်အောင် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ သိပ္ပံရုပ်ရှင်ပွဲတော်မြန်မာကို (၂၀၂၆)ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်မှ ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
In Aestivation Mingala Gita

© Goethe-Institut Myanmar

In Aestivation: Open Call

Listening Through Music - A Hands-on Workshop with Mingala Gita

နားထောင်ခြင်းကို စာနာနားလည်မှု၏ လက်တွေ့အလေ့အကျင့်တစ်ရပ်အဖြစ် မည်သို့ ဖော်ဆောင်နိုင်မည်နည်း။

In Aestivation အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပမည့် ဤလက်တွေ့အခြေပြု အလုပ်ရုံဆွေးနွေးပွဲတွင် ဂီတသီအိုရီ၊ နားထောင်ခြင်းနှင့် လူသားတို့၏ မျှဝေခံစားရသော အတွေ့အကြုံများအကြား ဆက်စပ်မှုကို လေ့လာသွားမည်ဖြစ်သည်။ လက်တွေ့ဂီတလေ့ကျင့်ခန်းများမှတစ်ဆင့် စည်းချက်၊ တေးသွား၊ သံစဉ်ညီညွတ်မှုနှင့် တိတ်ဆိတ်မှုတို့က အခြားသူများကို နားထောင်ပုံ၊ တုံ့ပြန်ပုံနှင့် အပြန်အလှန် ဆက်သွယ်နားလည်ပုံတို့အပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို စူးစမ်းလေ့လာသွားမည်ဖြစ်သည်။

လျှောက်လွှာတင်သွင်းရမည့် အသေးစိတ်အချက်အလက်များကို Goethe-Institut Myanmar ၏ လူမှုကွန်ယက်စာမျက်နှာများတွင် မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။
In Aestivation Oct Recap

© Goethe-Institut Myanmar

In Aestivation

October Recap

‘In Aestivation’ အစီအစဉ်ကို အောက်တိုဘာလတွင် စတင်မိတ်ဆက်ခဲ့ပြီး နှစ်နှစ်တာ ဆောင်ရွက်လာခဲ့သည့် Towards Empathy စီမံကိန်းမှ ထွက်ပေါ်လာသော အနုပညာလက်ရာများနှင့် စီမံကိန်းရလဒ်များကို တင်ဆက်ခဲ့ပါသည်။ အဆိုပါစီမံကိန်းတွင် ပါဝင်သူ ၁၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ခဲ့ကြပါသည်။

မိတ်ဆက်ကာလအတွင်း အများပြည်သူပါဝင်နိုင်သည့် အစီအစဉ် ၅ ခုကို ကျင်းပခဲ့ပြီး စာနာခြင်းအပေါ် မတူညီသော အမြင်များနှင့် အနုပညာဖန်တီးမှုများကို မျှဝေတင်ဆက်ခဲ့ကြပါသည်။ အဆိုပါအစီအစဉ်များကို နိုဝင်ဘာလအထိ ရန်ကုန်၊ ညောင်ရွှေနှင့် မန္တလေးမြို့တို့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

ဘာသာစကား

Term 7 German Class

© Goethe-Institut Myanmar

Term 7 ကာလ: 17.11.2026 – 24.12.2026

Term 7 အတွက် ဂျာမန်ဘာသာ သင်တန်းများ

နိုဝင်ဘာလမှာ Goethe-Institut Myanmar မှ Term 7 အတွက် ဂျာမန်ဘာသာ သင်တန်းများကို ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

Goethe-Institut Myanmar တွင် ဂျာမန်ဘာသာစကားကို စနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့ရဲ့ ဂျာမန်ဘာသာစကား သင်တန်းများကို ဥ‌ရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့် အညီ အဆင့် (၆) ဆင့် အပေါ်တွင် အခြေခံထားပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့သင်တန်းများကို နိုင်ငံတကာစံချိန်စံနှုန်းနှင့် တိုင်းတာ နှိုင်းယှဥ်နိုင်ပါတယ်။ သင်တန်းများကို အချိန်မရွေး နေရာမရွေး အွန်လိုင်းမှ စာရင်းသွင်းခြင်း ပြုလုပ်နိုင်ပါပြီ။

စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှ တဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါတယ်။

စာရင်းသွင်းရန်
A1.2 – B2.2 (09.11.2026 – 10.11.2026)


ဂျာမန်ဘာသာကို စတင်လေ့လာပြီး သင့်ရည်မှန်းချက်များသို့ ခြေလှမ်းတစ်လှမ်း ပိုမိုနီးကပ်အောင်သွားလိုက်ပါ။

စာကြည့်တိုက်

Library Coordinator (M/F/D)

© Goethe-Institut Myanmar

အလုပ်အကိုင်အခွင့်အလမ်း

Library Coordinator (M/F/D)

Goethe-Institut Myanmar စာကြည့်တိုက်တွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းအတွေ့အကြုံရှိပြီး စီမံခန့်ခွဲမှုစွမ်းရည်ထက်မြက်သူ၊ စာကြည့်တိုက်နှင့် သတင်းအချက်အလက်ဝန်ဆောင်မှုလုပ်ငန်းများအပြင် ဂျာမန်ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍများတွင် စိတ်အားထက်သန်မှုရှိသော လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ရှာဖွေလျက်ရှိပါသည်။ အဖွဲအစည်း၏ စာကြည့်တိုက်နှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ပုံဖော်ပေးရမည်ဖြစ်ပြီး၊ အသုံးပြုသူကို ဦးတည်သော ထိရောက်သည့် ဝန်ဆောင်မှုများဖြစ်စေရန် စာကြည့်တိုက်၏ ရုံးလုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ညှိနှိင်းဆောင်ရွက်မှုများကို တာဝန်ယူရမည် ဖြစ်ပါသည်။
Nov 2026 Board Game Day

© Goethe-Institut Myanmar

Board Game Day

Explore Germany Through Play!

နို၀င်ဘာလ Board Game Day မှာတော့ ‘Deutschland Entdecken: Eine Quiz – und Sprachreise von Stadt zu Stadt’ ဆိုတဲ့ ဂိမ်းလေးကို ဆော့ကြမှာဖြစ်ပါတယ်။ ဒီ Board Game လေးက  ဂျာမနီနိုင်ငံရှိ မြို့ပေါင်း ၁၂၅ မြို့ကို အခြေခံထားပြီး ကစားသမားတွေက မိမိတို့၏ ဂိမ်းရုပ်တု (Spielfigur) လေးနဲ့ ဂျာမနီနိုင်ငံတစ်ဝန်းရှိ မြို့တွေကို အလည်သွားရမှာပါ။
Nov 2026 Children & Youth

© Goethe-Institut Myanmar

Children and Youth Program

Origami: Paper Flower Bouquet workshop

ပိတ်ရက်မှာ သင့်ကလေးငယ်ရဲ့  Screen Time လျော့စေပြီး ဖန်တီးမှုစွမ်းရည်ကို  မြှင့်တင်ပေးနိုင်မယ့် activity မျိုးကို ရှာဖွေနေပါသလား? ဒါဆိုရင်တော့ နို၀င်ဘာလ ၂၁ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ကျွန်ုပ်တို့စာကြည့်တိုက်၏ ကလေးနှင့်လူငယ်အစီအစဥ် ဖြစ်တဲ့ "Origami: Paper Flower Bouquet" Workshop လေးက သင့်စိတ်ကြိုက်ဖြစ်စေမှာပါ။

ဒီအစီအစဥ်‌လေးမှာ သားသားမီးမီးတို့က ရောင်စုံစက္ကူများကို အသုံးပြုပြီး ပန်းစည်းလှလှလေးတွေဖြစ်အောင် ကိုယ်တိုင်ခေါက်ကာ ဒီဇိုင်းဆင်ဖန်တီးကြရမှာဖြစ်ပါတယ်။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက

Impressum | Datenschutz | Newsletter abbestellen