© Goethe-Institut
ကြိုတင်ပြင်ဆင်ခြင်း
အလုပ်အတွက် (သို့မဟုတ်) အခြားပုဂ္ဂိုလ်ရေးရာအကြောင်းကိစ္စများအတွက် ဂျာမနီနိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ကြမည့်သူများသည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် အထောက်အကူများစွာဖြစ်စေမည့်အကူအညီများရရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင်ရှိနေစဥ်အတွင်း မည်သည့်အရေးကြီးသည့်ကိစ္စများဆောင်ရွက်ရမည်နည်း။ ဂျာမနီတွင်မည်သည့်အရာများလုပ်ဆောင်ရမည်နည်း စသည့်မေးခွန်းများအားလုံးအတွက် ဤနေရာတွင်သတင်းအချက်အလက်များရရှိနိုင်ပါသည်။
ANKOMMEN-APP ဂျာမနီနိုင်ငံသို့ရောက်ရှိပြီးနောက်
ဂျာမနီနိုင်ငံတွင်နေထိုင်မှုအကြောင်းသင်သိနားလည်ပါက အခြားသူများနှင့်အဆင်ပြေချောမွေ့စွာအတူတကွယှဉ်တွဲနေထိုင်နိုင်မည်ဖြစ်သည်။ ဂျာမနီ၏တရားဥပဒေကိုလူတိုင်းလိုက်နာရပြီး တန်းတူညီမျှသည့်အခွင့်အရေးများလည်းရရှိပါသည်။ ဤ App ထဲတွင် ဂျာမနီနိုင်ငံ၏စည်းမျဉ်းစည်းကမ်းများအကြောင်းလေ့လာနိုင်မည်ဖြစ်ပြီး မည်သည့်အရာများကိုဂရုပြုရမည်ဖြစ်ကြောင်းသိနိုင်ပါသည်။
ဂျာမနီတွင်နေထိုင်သောမိသားစုဝင်ဇနီး (သို့) ခင်ပွန်းထံသို့လိုက်ပါခြင်း
Goethe-Institut ၏ဂျာမန်ဘာသာစကားသင်တန်းများကို သက်ဆိုင်ရာသင်ကြားသူအုပ်စု၏လိုအပ်ချက်များအလိုက် သင့်တော်လျော်ညီအောင်စီစဥ်ထားပြီး သင့်အား အခြားသူများနှင့်အောင်မြင်စွာအပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်စေရန် ပြင်ဆင်ပေးပါသည်။
မြန်မာနိုင်ငံရှိဂျာမန်ဘာသာစကားသင်တန်းမျာ
တိုင်ပင်ဆွေးနွေးနိုင်သည့်အချိန်များ
ဆွေးနွေးတိုင်ပင်မှုများကို လက်ရှိတွင်ခေတ္တဆိုင်းငံ့ထားပါသည်။
သတင်းအချက်အလက်နှင့်အကြံဉာဏ်များရယူလိုပါက
Kerstin.Unseld.extern@goethe.de သို့အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Funded by
Dieses Projekt wird aus Mitteln des Asyl- Migrations- und Integrationsfonds ko-finanziert.