Goethe-Institut ၏ မိုဘိုင်းဖုန်းဖြင့် အသုံးပြုနိုင်သော ၀ေါဟာရလေ့ကျင့်ခန်း App (Vokabeltrainer) ဖြင့် ဂျာမန်၀ေါဟာရအသစ်များကို အဆင်ပြေလွယ်ကူစွာ လေ့ကျင့်နိုင်ပါသည်။
ဘာသာစကားအဆင့်မျိုးစုံအတွက် Goethe-Institut မှ တင်ထားသည့် ဝေါဟာရစာရင်းကို ဒေါင်းလုဒ်ဆွဲပြီး၊ သင့်ကိုယ်ပိုင် ဝေါဟာရကဒ်လေးများဖြင့် ဂျာမန်စာလုံးအသစ်များအား သင်ယူလိုက်ပါ။ သို့မဟုတ် အသင် ဂျာမန်သင်တန်းတွင် သင်လာသည့် ဝေါဟာရများကို ကဒ်လေးများ အသုံးပြုပြီး၊ သင်ကြားမှုပလက်ဖောင်းတွင် လေ့ကျင့်ပါ။
သင်ကြားမှုပုံစံ
သင်စိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုကို ရွေးချယ်ပါ။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး၊ ဒေါင်းလုပ်ဒ်လုပ်နိုင်မည့် ဝေါဟာရစာရင်းကို တွေ့ပါလိမ့်မည်။ စာရင်းတစ်ခုစီတိုင်းအတွက် အတိုချုံ့ရှင်းပြထားသည်ကိုလည်း ကြည့်ရှုနိုင်ပါသည်။ ထို့နောက်“ဒေါင်းလုပ်ဒ်လုပ်ရန်“ ဆိုသည့် နေရာကို နှိပ်ပြီး ဝေါဟာရများကို ဖုန်းတွင် အလိုအလျောက် သိမ်းထားနိုင်ပါသည်။ အင်တာနက်မရှိဘဲနှင့်လည်း သင်ယူနိုင်ပါသည်။
သို့မဟုတ် သင်ထည့်လိုသော စကားလုံးများကို App ထဲသို့ ကိုယ်တိုင်ထည့်၍လည်း လေ့ကျင့်နိုင်ပါသေးသည်။ ဤတွင် စကားလုံးများကို အကန့်ငါးကန့်ခွဲထားသည့် ကဒ်စနစ်ဖြင့် သင်ယူရမည် ဖြစ်ပါသည်။ ဤနည်းဖြင့် သင်သည် စကားလုံးအသစ်တစ်လုံးကို ငါးကြိမ်ငါးခါ လေ့ကျင့်ရသည်ဖြစ်သောကြောင့် စကားလုံးများကို မှတ်ဉာဏ်ထဲတွင် ပို၍အချိန်ကာလကြာရှည်စွာ မှတ်မိစေပါသည်။
ဝေါဟာရလေ့ကျင့်ခန်းများနှင့် Goethe-Institut ၏ သင်ကြားမှုပလက်ဖောင်း
အကယ်၍ သင်သည် Goethe-Institut တွင် ဂျာမန်ဘာသာစကားသင်ယူနေသူဖြစ်ပြီး၊ သင်ကြားမှုပလက်ဖောင်းပေါ်တွင် ကဒ်များဖြင့် လေ့ကျင့်နေသူဖြစ်ပါက သင့်ဖုန်းထဲရှိ ၀ေါဟာရလေ့ကျင့်ခန်း App ကို သင်ကြားမှုပလက်ဖောင်းနှင့် ချိတ်ဆက်နိုင်ပါသည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် သင့်ဘာသာစကားသင်တန်းအတွက် အရေးကြီးသည့် စကားလုံးများကို ဖုန်းထဲတွင် ဒေါင်းလုပ်ဒ်ဆွဲ၍ လေ့ကျင့်နိုင်မည် ဖြစ်ပါသည်။ App ထဲတွင်လည်း စကားလုံးအသစ်များကို ကဒ်ပေါ်တွင် ရေးနိုင်ပြီး၊ ပလက်ဖောင်းပေါ်တွင် တင်နိုင်ပါသည်။