ကိုရိုနာကပ်ရောဂါကာလအတွင်း နောက်ဆုံးရသတင်းအချက်အလက်များ

Online statt Corona © Goethe-Institut

လက်ရှိအခြေအနေများအရ ကျွန်ုပ်တို့၏သင်တန်းများ၊ ပွဲအခမ်းအနားများနှင့်စာကြည့်တိုက်တို့ကို ကျန်းမာရေးနှင့်လုံခြုံရေးစည်းမျဉ်းများနှင့်အညီလာရောက်နိုင်ပါသည်။ အသေးစိတ်အချက်များအတွက်သက်ဆိုင်ရာဌာနအလိုက်ဆက်သွယ်ပေးပါရန်ပန်ကြားအပ်ပါသည်။
 

ဂျာမန်ဘာသာစကားသင်တန်းများ #MEETONLINE

လက်ရှိအခြေအနေများအရ ဘာသာစကားသင်တန်းများကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်သင်ကြားပေးနေပါသည်။ အွန်လိုင်းသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သတင်းအချက်အလက်များကို အွန်လိုင်းဂျာမန်ဘာသာစကားသင်တန်းများ တွင် ရှာဖွေနိုင်ပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.language.mmr@goethe.de သို့ အီးမေးလ်ရေးသားပေးပို့နိုင်ပါသည်။

ဂျာမန်ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများ

လက်ရှိအခြေအနေများအရ ဂျာမန်ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများကို ကျန်းမာရေးနှင့်လုံခြုံရေးစည်းမျဉ်းများနှင့်အညီပြုလုပ်ကျင်းပပေးနေပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက  info.language.mmr@goethe.de သို့ အီးမေးလ်ပေးပို့စုံစမ်းနိုင်ပါသည်။

ပွဲအခမ်းအနားများ

ယဉ်ကျေးမှုပွဲအခမ်းအနားများနှင့်လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ဆွေးနွေးလိုပါက ကြိုတင်ချိန်းဆိုမှုပြုလုပ်ပြီး ကျွန်ုပ်တို့နှင့်လာရောက်တွေ့ဆုံဆွေးနွေးနိုင်ပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.kultur.MMR@goethe.de သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။

စာကြည့်တိုက်

ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စာအုပ်ငှားရမ်းခြင်း/ ပြန်လည်အပ်နှံခြင်းများကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၉း၃၀ မှ ၁၂း၃၀) (နေ့လည် ၁း၃၀ မှ ညနေ ၄း၀၀) အထိပြုလုပ်နိုင်ပါသည်။ စာကြည့်တိုက်၏ဖုန်းနံပါတ် ၀၁-၉၃၇၆၁၆၀ (ext: ၃၀၁၊ ၃၀၂) (သို့မဟုတ်) စာကြည့်တိုက် E-Mail - biblio-yangon@goethe.de တို့မှတဆင့်ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။
 

ယေဘုယျသတင်းအချက်အလက်များ

အချိန်နဲ့တပြေးညီသတင်းအချက်အလက်များကိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်စာမျက်နှာနှင့်လူမှုကွန်ရက်များပေါ်တွင်ဖတ်ရှုနိုင်ပါသည်။ ယေဘုယျသတင်းအချက်အလက်များနှင့်ပတ်သက်၍ မေးခွန်းများကို info-yangon@goethe.de သို့အီးမေးလ်ရေးသားဆက်သွယ်နိုင်ပါသည်။

အွန်လိုင်းပေါ်မှသင်ယူခြင်း၊ ဖတ်ရှုလေ့လာပြီးသတင်းအချက်အလက်များရယူလိုက်ပါ။

အွန်လိုင်းမှသင်ယူခြင်း

ကျွန်ုပ်တို့်၏ဘာသာစကားသင်တန်းများ ရပ်နားထားခြင်းမဟုတ်ပါ။ သင်တန်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲထားပါသည်။ သင်တန်းစာရင်းပေးသွင်းခြင်းနှင့် သင်တန်းအဆင့်သတ်မှတ်ခြင်းများကို သင်၏အိမ်မှ လုပ်ဆောင်နိုင်ပါသည်။