ကျန်းမာရေးစည်းမျဉ်းများ

Hygienekonzept @ Getty Images

ကျန်းမာရေးစည်းမျဉ်းများ

အားလုံးအတွက်လုံခြုံဘေးကင်းစွာဖြင့် သင်လာရောက်နိုင်ရန် ကျွန်ုပ်တို့ကကျန်းမာရေးစည်းမျဉ်းများချမှတ်ထားပါသည်။ အခြားသောသူများ၊ ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်ဆရာ/မများအပေါ်  တာဝန်ယူမှုရှိရှိစဉ်းစားဆင်ခြင်စွာဖြင့်ပြုမူပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ အချင်းချင်းအပြန်အလှန်ဂရုစိုက်ကြပါစို့။

ကျွန်ုပ်တို့ကြိုတင်ပြင်ဆင်ထားသောအရာများ

  • ကျွန်ုပ်တို့၏အခန်းများ၊ စားပွဲများ၊ ကောင်တာများနှင့်တံခါးလက်ကိုင်များကိုပုံမှန်သန့်ရှင်းခြင်းနှင့်ပိုးသတ်ခြင်းများပြုလုပ်ထားပါသည်။
  • အဆောက်အအုံအတွင်းဝင်ရောက်သည့်အခါနှင့်ထွက်ခွာသည့်အခါ တံခါးကိုထိတွေ့မှုမရှိဘဲဝင်ထွက်နိုင်ပါသည်။

သင်ပြုလုပ်ရန်မှာ

  • သင့်တွင်အအေးမိသောလက္ခဏာများရှိနေပါက Goethe-Institut သို့မလာပါနှင့်။
  • မည်သူကမည်သည့်နေရာ၊ မည်သည့်အချိန်တွင်ရှိနေကြောင်းသိစေရန် အဝင်ဂိတ်တွင် ဝင်ရောက်မှုမှတ်တမ်းကိုထားရှိပါသည်။ သံသယဖြစ်ဖွယ်ရှိပါက ဤသည်ကတစ်ခဏအတွင်းဖြေရှင်းနိုင်ရန်ကျွန်ုပ်တို့ကိုအကူအညီပေးပါသည်။
  • Goethe-Institut သို့ဝင်ရောက်ရာတွင် လာရောက်သူတိုင်းသည် COVID-19 ပြန့်ပွားမှုကိုကာကွယ်ရန်လုပ်ဆောင်ချက်များကိုသဘောတူကြောင်းကျန်းမာရေးစည်းမျဉ်းတစ်ခုကိုလက်မှတ်ထိုးရပါမည်။
  • Goethe-Institut သို့ဝင်ရောက်သောအခါ လက်ကိုသန့်စင်အောင်ပိုးသတ်ရပါမည်။
  • အဆောက်အဦးတွင်း နှာခေါင်းနှင့်ပါးစပ်ကိုအကာအကွယ်ဝတ်ဆင်ထားရပါမည်။ မတ်စ် (mask) တပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးကာကွယ်ရန် ကူညီနိုင်ပါသည်။
  • တစ်ဦးနှင့်တစ်ဦးကြားအကွာအဝေးမှာ တစ်မီတာခွဲမှနှစ်မီတာ အနည်းဆုံးရှိရပါမည်။
ကိုရိုနာကပ်ရောဂါကာလအတွင်းနောက်ဆုံးရသတင်းအချက်အလက်များ