ဂျာမနီနိုင်ငံတွင်နေထိုင်ခြင်း

Auf dem Weg nach Deutschland © Goethe-Institut

ကြိုတင်ပြင်ဆင်ခြင်း

အလုပ်အတွက် (သို့မဟုတ်) အခြားပုဂ္ဂိုလ်ရေးရာအကြောင်းကိစ္စများအတွက် ဂျာမနီနိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ကြမည့်သူများသည် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရာတွင် အထောက်အကူများစွာဖြစ်စေမည့်အကူအညီများရရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင်ရှိနေစဥ်အတွင်း မည်သည့်အရေးကြီးသည့်ကိစ္စများဆောင်ရွက်ရမည်နည်း။ ဂျာမနီတွင်မည်သည့်အရာများလုပ်ဆောင်ရမည်နည်း စသည့်မေးခွန်းများအားလုံးအတွက် ဤနေရာတွင်သတင်းအချက်အလက်များရရှိနိုင်ပါသည်။

MEIN WEG NACH DEUTSCHLAND ဂျာမနီနိုင်ငံတွင်နေထိုင်ခြင်း

ဂျာမနီနိုင်ငံတွင်နေထိုင်ရန် မိမိကိုယ်ကိုမည်သည့်ပြင်ဆင်မှုများပြုလုပ်ရမည်နည်း။ သင်၏ပထမဆုံးခြေလှမ်းများအတွက် သတင်းအချက်အလက်များကို MEIN WEG NACH DEUTSCHLAND ဝက်ဘ်ဆိုဒ်တွင်ရယူလိုက်ပါ။

ANKOMMEN-APP ဂျာမနီနိုင်ငံသို့ရောက်ရှိပြီးနောက်

ဂျာမနီနိုင်ငံတွင်နေထိုင်မှုအကြောင်းသင်သိနားလည်ပါက အခြားသူများနှင့်အဆင်ပြေချောမွေ့စွာအတူတကွယှဉ်တွဲနေထိုင်နိုင်မည်ဖြစ်သည်။ ဂျာမနီ၏တရားဥပဒေကိုလူတိုင်းလိုက်နာရပြီး တန်းတူညီမျှသည့်အခွင့်အရေးများလည်းရရှိပါသည်။ ဤ App ထဲတွင် ဂျာမနီနိုင်ငံ၏စည်းမျဉ်းစည်းကမ်းများအကြောင်းလေ့လာနိုင်မည်ဖြစ်ပြီး မည်သည့်အရာများကိုဂရုပြုရမည်ဖြစ်ကြောင်းသိနိုင်ပါသည်။

ဂျာမနီတွင်နေထိုင်သောမိသားစုဝင်ဇနီး (သို့) ခင်ပွန်းထံသို့လိုက်ပါခြင်း

Goethe-Institut ၏ဂျာမန်ဘာသာစကားသင်တန်းများကို သက်ဆိုင်ရာသင်ကြားသူအုပ်စု၏လိုအပ်ချက်များအလိုက် သင့်တော်လျော်ညီအောင်စီစဥ်ထားပြီး  သင့်အား အခြားသူများနှင့်အောင်မြင်စွာအပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်စေရန် ပြင်ဆင်ပေးပါသည်။
မြန်မာနိုင်ငံရှိဂျာမန်ဘာသာစကားသင်တန်းမျာ

တိုင်ပင်ဆွေးနွေးနိုင်သည့်အချိန်များ

ဆွေးနွေးတိုင်ပင်မှုများကို လက်ရှိတွင်ခေတ္တဆိုင်းငံ့ထားပါသည်။

သတင်းအချက်အလက်နှင့်အကြံဉာဏ်များရယူလိုပါက Kerstin.Unseld.extern@goethe.de သို့အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။

ဆက်သွယ်ရန်

Kerstin Unseld
ပညာရေးဆိုင်ရာဝန်ဆောင်မှုများ
Leben-in-Deutschland-Yangon@goethe.de

Funded by

Das neue Logo des AMIFs