ဂျာမနီနိုင်ငံရှိ ဂျာမန်ဘာသာစကားသင်တန်းများ

ဂျာမနီနိုင်ငံတွင်ရှိသော Goethe-Institut များတွင် ဂျာမန်ဘာသာစကားသင်ယူရခြင်းသည် ဘာသာစကားသင်တန်း တစ်ခုတည်းသက်သက်ထက် ပိုပါသည်။ သင်သည် ဤသင်တန်းများတွင် နိုင်ငံတစ်နိုင်ငံနှင့် ၎င်း၏ယဥ်ကျေးမှုကို လေ့လာထိတွေ့ခွင့်၊ ထိုနိုင်ငံတွင် နေထိုင်သူများ၏ နေ့စဥ်ဘ၀ကို အကျွမ်း၀င်ခွင့်၊ အတွေ့အကြုံသစ်များစုဆောင်းခွင့်တို့ကို ရရှိနိုင်ပါသည်။ အတိုချူံးပြောရပါက ဤသည် အင်မတန်ကောင်းမွန်သော အခွင့်အရေးဖြစ်ပါသည်။

ဂျာမနီနိုင်ငံရှိ ဂျာမန်ဘာသာစကားသင်တန်းများ

ဂျာမနီနိုင်ငံတွင် ဂျာမန်ဘာသာစကားကို အောင်မြင်စွာ လေ့လာသင်ယူလိုက်ပါ။ ဂျာမနီနိုင်ငံ၊ ဂျာမနီနိုင်ငံတွင်နေထိုင်သူများ၊ ဂျာမန်ယဥ်ကျေးမှုနှင့် အားလပ်ချိန်တွင်ပြုလုပ်နိုင်သည့် အရာများကို တွေ့ကြုံခံစားလိုက်ပါ။

ကလေးများနှင့် ဆယ်ကျော်သက်အရွယ် လူငယ်များအတွက် ဂျာမနီနိုင်ငံရှိ ဂျာမန်ဘာသာစကားသင်တန်းများ

ကစားမလား၊ ပျော်ကြမလား၊ အားကစားလုပ်မလား၊ ဘာသာစကားသင်ယူကြမလား။
ဂျာမန်ဘာသာစကားသင်ယူရင်း ကမ္ဘာတစ်၀ှမ်းမှ ကလေးများ၊ လူငယ်များနှင့် တွေ့ဆုံနိုင်ပါသည်။