ကလေးများနှင့်ဆက်ကျော်သက်အရွယ်လူငယ်များအတွက် ဂျာမန်သင်တန်းများ
A1-C2

#MEETONLINE

လက်ရှိအခြေအနေများအရ ကျွန်ုပ်တို့၏ဘာသာစကားသင်တန်းများအားလုံးကို အွန်လိုင်းမှဖွင့်လှစ်သင်ကြားပေးနေပါသည်။ ကျွန်ုပ်တို့၏ဘာသာစကားသင်တန်းများကို အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်သည့် ZOOM ကိုအသုံးပြုပြီး၊ လွယ်လွယ်ကူကူတက်ရောက်နိုင်ပါသည်။

ကိုရိုနာကပ်ရောဂါကာလအတွင်း နောက်ဆုံးရသတင်းအချက်အလက်များ
အွန်လိုင်းပေါ်မှ ဘာသာစကားသင်တန်းများ

ပျော်ရွှင်စရာကစားနည်းများနှင့်ဂျာမန်ဘာသာစကားသင်ယူခြင်း

ဘာသာစကားကိုသင်ယူပြီး role play ၊ အင်တာဗျူးနှင့်ပရောဂျက်များတွင် တက်ကြွစွာအသုံးချလိုက်ပါ။ သင်တန်းများကို အသက်အရွယ်အလိုက်သင့်တော်လျော်ညီအောင်စီစဥ်ထားပြီး အမျိုးအစားစုံလင်သည့်သင်ကြားမှုနည်းစနစ်များကိုအသုံးပြုပါသည်။ 

သင်တန်းချိန်များနှင့်စျေးနှုန်းများ

ဤအတန်းများသည် အသက် (၆) နှစ်နှင့် (၁၀) နှစ်ကြားသင်တန်းသားငယ်များအတွက် ရည်ရွယ်ပါသည်။ ဂျာမန်ဘာသာစကားသင်ယူဖူးသူဖြစ်စေ၊ အခြေခံမှစ၍စတင်သင်ယူမည့်သူဖြစ်စေ သင်တန်းတက်ရောက်ရန်စာရင်းပေးသွင်းနိုင်ပါသည်။ သင်ကြားရေးတွင်အသုံးပြုသည့်သင်ထောက်ကူများနှင့်မီဒီယာများသည် အသက်ငယ်သည့်သင်တန်းသားများ၏စိတ်ဝင်စားရာနယ်ပယ်များနှင့် လိုက်လျောညီထွေအောင်စီစဥ်ထားပါသည်၊

ဂျာမန်ဘာသာစကားကိုဒုတိယမိခင်ဘာသာစကားအဖြစ်သင်ယူခြင်း

ဤသင်တန်းများသည် ဂျာမန်ဘာသာစကားကိုကျွမ်းကျင်ပြီးဖြစ်သော်လည်း သဒ္ဒါ၊ စာလုံးပေါင်းသတ်ပုံနှင့်ဝေါဟာရများတွင်အခက်အခဲများရှိနေသေးသောကလေးများအတွက် ရည်ရွယ်ပါသည်။ ဤသင်တန်း၏ထူးခြားသည့်အချက်မှာ သင်တန်းသားများတစ်ဦးနှင့်တစ်ဦး မတူညီကွဲပြားမှုဖြစ်ပါသည်။ ဆရာ၊ ဆရာမများသည်ကလေးတစ်ဦးချင်းစီ၏ဘာသာစကားစွမ်းရည်အပေါ် မူတည်ပြီး လိုက်လျောညီထွေအောင်သင်ကြားပေးပါသည်။ ထို့ကြောင့် သင်တန်းတစ်တန်းတွင် သင်တန်းသား (၁၀) ဦးသာလျှင်လက်ခံပြီး အထူးလေ့ကျင့်သင်တန်းတက်ထားသည့်ဆရာ၊ ဆရာမများမှ သင်ကြားပေးပါသည်။ ဆရာ၊ ဆရာမများသည် ဖတ်စာအုပ်ထဲတွင်ပါသည်များကိုသာသင်ကြားသည်မဟုတ်ဘဲ ဂျာမနီနိုင်ငံမှအခြားသောသင်ထောက်ကူပစ္စည်းအမျိုးမျိုးကိုအသုံးပြုပြီး သင်ကြားပါသည်။

သင်တန်းအကြောင်းအသေးစိတ်အချက်အလက်များ

  • ရက်သတ္တပတ် (၁၀) ပတ်
  • တစ်ပတ်လျှင် (၁) ရက် (တစ်ရက်လျှင်သင်ကြားရေးယူနစ် (၃) ယူနစ်) 
  • အများဆုံးလက်ခံသည့်သင်တန်းသားဦးရေ (၁၆) ဦး
  • အဆင့်။   ။ A1 မှ C1 အထိ
  • သင်တန်းစတင်မည့်ရက်အပေါ်မူတည်၍ မိမိအတွက်အဆင်အပြေဆုံးဖြစ်မည့်သင်တန်းကိုရွေးချယ်နိုင်ခြင်း
  • သင်ကြားရေးအောင်မြင်မှု။   ။ ၁ ဆင့်

ပိုမိုသိရှိလိုပါက

ဆက်သွယ်ရန်လိပ်စာနှင့် သင်တန်းအပ်နှံခြင်း

ကျွန်ုပ်တို့၏ ဂျာမန်ဘာသာစကားသင်တန်းတစ်ခုခုတွင် တက်ရောက်လိုပါသလား (သို့) သင်တန်းနှင့်ပတ်သက်၍ အခြားသိရှိလိုသည်များ ရှိပါသလား။  ကျွန်ုပ်တို့သည် သင့်အား ကူညီပေးရန် အသင့်ရှိနေပါသည်။

အတန်းအဆင့်များ A1 မှ C2 အထိ

ကျွန်ုပ်တို့၏ သင်တန်းများကို ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် (GER) အပေါ် အခြေခံ၍ ဖွဲ့စည်းထားပါသည်။