အလျင်အမြန်၀င်ရောက်ရန် :

အကြောင်းအရာဆီသို့ တိုက်ရိုက်သွားပါ။ (Alt 1) ပထမအဆင့် လမ်းညွှန်မှုဆီ တိုက်ရိုက်သွားပါ။ (Alt 2)
သင်တန်းချိန်ရွေးချယ်ရန်

ကလေးနှင့်လူငယ်သင်တန်းများ

အင်တာဗျူး၊ ပရော့ဂျက်များနှင့်ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ရသောပြဇာတ်ငယ်များဖြင့် ဘာသာစကားကိုတက်တက်ကြွကြွကိုယ်တိုင်ကြုံတွေ့သင်ယူပြီးပြန်လည်အသုံးချပါ။
 

သင်တန်းချိန်ရွေးချယ်ရန်
Illustration:  Kinder zeichnen und schreiben an eine Tafel.
  • အသက်(၆)နှစ်မှ(၁၀)နှစ်နှင့် အသက်(၁၁)မှ(၁၅)
  • အွန်လိုင်းနှင့်အပြန်အလှန်သင်ကြားမှုနှင့်သင်ယူမှု
  • အခြေခံရှိရန်မလိုအပ်

ဂျာမန်ဘာသာစကားကိုကစားရင်းသင်ယူပါ။

ကလေးများသည်ဘာသာစကားတစ်ခုကိုသင်ယူရာတွင်ပိုမိုလွယ်ကူစွာသင်ယူနိုင်ကြကြောင်းသင်သိပါသလား။ ကျွန်ုပ်တို့၏ကလေးသင်တန်းများတွင် သင့်ကလေးက ဂျာမန်ဘာသာစကားကိုဆော့ကစားခြင်းပုံစံဖြင့်သင်ယူနိုင်ပါသည်။ အခြေခံမရှိဘဲ သင့်ကလေးက A1.1 အဆင့်မှစတင်နိုင်ပါသည်။
ဘာသာစကားစွမ်းရည်များအပြင် ဂျာမနီနှင့်၎င်း၏ရိုးရာဓလေ့များကိုပါ ကလေးများသင်ယူနိုင်ပါသည်။

သင်တန်းချိန်ကို ခေတ်မီသင်ထောက်ကူများအပြည့်အစုံတပ်ဆင်ထားသည့်စာသင်ခန်းတွင်းသင်ကြားမည်ဖြစ်သည်။ မူကြိုတန်းသင်ခန်းစာများ၊ လေ့ကျင့်ခန်းများနှင့်ခေတ်မီသင်ကြားနည်းများဖြင့် သင့်ကလေးကဂျာမန်ဘာသာစကားကိုသင်ယူနိုင်မည်ဖြစ်သည်။ သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်တွင် ဆော့ကစားရင်းသင်ယူနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏သင်တန်းချိန်တွင်ပြောဆိုဆက်သွယ်ခြင်းနှင့်အမျိုးမျိုးအထွေထွေသောသင်ခန်းစာများပါဝင်သည်။ အပြော၊ အကြား၊ အရေး၊ အဖတ် သင်ခန်းစာများကို လက်တွေ့နှင့်နီးစပ်သောအခြေအနေနှင့်စစ်မှန်သောစာသားများနှင့်လေ့ကျင့်ပေးမည်ဖြစ်သည်။ သီချင်းများနှင့်ရုပ်သံသင်ထောက်ကူပစ္စည်းများဖြင့် ဂျာမန်ဘာသာစကားသင်ယူလေ့လာမှု၌ ထိုးထွင်းနားလည်မှုနှင့်ပျော်ရွှင်မှုတို့ကိုပံ့ပိုးပေးနိုင်ပါသည်။ 

ကလေးသင်တန်း (အသက်(၇)နှစ်မှ(၁၀)နှစ်)

  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၆၀)
  • တစ်ပတ်လျှင်(၃)နာရီခန့် (သင်တန်းချိန်(၄)ယူနစ်)

လူငယ်သင်တန်း (အသက်(၁၁)နှစ်မှ(၁၅)နှစ်)

  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၆၀)
  • တစ်ပတ်လျှင်(၃)နာရီခန့် (သင်တန်းချိန်(၄)ယူနစ်)

အွန်လိုင်းတွင်သူငယ်ချင်းများနှင့်အတူသင်ယူပါ။

အွန်လိုင်းသင်တန်းမားကို Zoom ပလက်ဖောင်းမှသင်ကြားမည်ဖြစ်သည်။ သင်တို့၏ကလေးများသည် အိမ်မှပင်သက်တောင့်သက်သာဖြင့် အပြန်အလှန်တုန့်ပြန်မှုရှိသောသင်ခန်းစာများ၊ လေ့ကျင့်ခန်းများနှင့်ခေတ်မီနည်းစနစ်များများဖြင့် Zoom မှတဆင့်ဂျာမန်ဘာသာစကားကိုသင်ယူနိုင်မည်ဖြစ်သည်။ သက်တောင့်သက်သာရှိသောပတ်ဝန်းကျင်တွင် ဆော့ကစားရင်းသင်ယူနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏သင်တန်းချိန်တွင်ပြောဆိုဆက်သွယ်ခြင်းနှင့်အမျိုးမျိုးအထွေထွေသောသင်ခန်းစာများပါဝင်သည်။ အပြော၊ အကြား၊ အရေး၊ အဖတ် သင်ခန်းစာများကို လက်တွေ့နှင့်နီးစပ်သောအခြေအနေနှင့်စစ်မှန်သောစာသားများနှင့်လေ့ကျင့်ပေးမည်ဖြစ်သည်။ သီချင်းများနှင့်ရုပ်သံသင်ထောက်ကူပစ္စည်းများဖြင့် ဂျာမန်ဘာသာစကားသင်ယူလေ့လာမှု၌ ထိုးထွင်းနားလည်မှုနှင့်ပျော်ရွှင်မှုတို့ကိုပံ့ပိုးပေးနိုင်ပါသည်။ 

အွန်လိုင်းကလေးသင်တန်း (အသက်(၇)နှစ်မှ(၁၀)နှစ်)

  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၆၀)
  • တစ်ပတ်လျှင်(၃)နာရီခန့် (သင်တန်းချိန်(၄)ယူနစ်)

အွန်လိုင်းလူငယ်သင်တန်း (အသက်(၁၁)နှစ်မှ(၁၅)နှစ်)

  • (၄၅)မိနစ်ကြာသင်တန်းချိန်ယူနစ်(၆၀)
  • တစ်ပတ်လျှင်(၃)နာရီခန့် (သင်တန်းချိန်(၄)ယူနစ်)

မေးခွန်းရှိပါက တနင်္လာ-သောကြာ (၉း၃၀)နာရီ-(၅)နာရီ +၉၅ ၁ ၉၃၇၆၁၆၀ မေးမြန်းဆွေးနွေးရန် info.language.mmr@goethe.de