Goethe-Zertifikat B1

Goethe-Zertifikat B1 Foto: Getty Images/DexImage

အသင်သည်

  • ဂျာမနီတွင် တက္ကသိုလ်ကြိုတင်ပြင်ဆင်မှုသင်တန်း Studienkolleg တက်လိုပါလား
  • ဂျာမနီတွင် နေထိုင်ပြီး အလုပ်လုပ်လိုပါသလား
  • ဂျာမန်ဘာသာစကားစွမ်းရည် B1 အဆင့်အထိရှိကြောင်း သက်သေပြလိုပါသလား
  • နိုင်ငံတကာမှ အသိအမှတ်ပြုသော တရားဝင် စာမေးပွဲအောင်လက်မှတ်တစ်ခု အလိုရှိပါသလား

Goethe-Zertifikat B1 စာမေးပွဲသည် ဆယ်ကျော်သက်လူငယ်များနှင့် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် တတိယမြောက်အဆင့်ဖြစ်သည့် B1 နှင့် ညီမျှပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ဘာသာစကားကို အသုံးပြုနိုင်ကြောင်း ဤစာမေးပွဲက အတည်ပြုပေးပါသည်။

စာမေးပွဲအောင်သည်ဆိုပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • အသင်နှင့်စကားပြောသူသည် ရှင်းလင်းစွာဖြင့် စံဘာသာစကားကို အသုံးပြု၍ ပြောဆိုသည့်အခါ အသင်သည် အဓိကအရေးကြီးသည့် သတင်းအချက်အလက်များကို နားလည်နိုင်ခြင်း။ ဥပမာ။ ။ အလုပ်၊ ကျောင်း၊ အားလပ်ချိန် စသည့် မိမိ သိကျွမ်းပြီးသား အကြောင်းအရာများကို ပြောဆိုရာတွင်။
  • ဂျာမန်ဘာသာစကားပြောသည့်နိုင်ငံများကို အလည်အပတ်သွားရာတွင် တွေ့ကြုံရသည့် အခြေအနေများကို ဖြေရှင်းနိုင်ခြင်း။
  • မိမိရင်းနှီးကျွမ်းဝင်သော အကြောင်းအရာများနှင့် မိမိစိတ်ဝင်စားသော အကြောင်းအရာများကို လွယ်ကူရိုးရှင်းပြီး အချိတ်အဆက်ရှိရှိ ထုတ်ဖော်ပြောဆိုနိုင်ခြင်း။
  • မိမိကြုံတွေ့ခဲ့ရသော အတွေ့အကြုံများနှင့် အဖြစ်အပျက်များအကြောင်းကို ပြန်လည်ပြောပြနိုင်ခြင်း၊ မိမိမျှော်လင့်ချက်အိပ်မက်များနှင့် ရည်ရွယ်ချက်ပန်းတိုင်များအကြောင်းကို ပုံဖော်ပြောဆိုနိုင်ခြင်း၊ တိုတိုရှင်းရှင်း အကြောင်းပြချက်များနှင့် ရှင်းလင်းချက်များ ပေးနိုင်ခြင်း။

ပိုမိုမြန်ဆန်လွယ်ကူတဲ့အွန်လိုင်းလျှောက်လွှာစနစ်

Sie können sich jetzt jederzeit und überall online zu unseren Deutschkursen anmelden. Erfahren Sie, wie einfach es ist, sich zu unseren Deutschkursen anzumelden. Die einzelnen Schritte zur Anmeldung haben wir für Sie in einer Bildergalerie zusammengestellt.

*) သင်သည် ပြီးခဲ့သည့် ခြောက်လအတွင်း Goethe-Institut တွင် ဂျာမန်သင်တန်းတက်ရောက်ခဲ့ပါက ဖော်ပြထားသည့် လျှော့စျေးသည် အကျုံးဝင်ပါသည်။ ခြောက်လဆိုသည်မှာ ဘာသာစကားသင်တန်းပြီးဆုံးချိန် နှင့် ဖြေဆိုမည့်စာမေးပွဲရက်စွဲကြားရှိ ကာလကို ရည်ညွှန်းပါသည်။ ဤအခြေအနေနှင့် အကျုံးဝင်ပါက၊ ကြိုတင်စာရင်းသွင်းခြင်းလုပ်ငန်းစဉ်အတွင်း စျေးနှုန်းသည် အလိုအလျောက်ပြောင်းလဲသွားမည်ဖြစ်ပါသည်။ ထိုသို့မဖြစ်ပါက သင်တက်ခဲ့သည့် သင်တန်းရုံးသို့ ဆက်သွယ်ပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်နိုင်သည့် အစမ်းစာမေးပွဲများနှင့် လေ့ကျင့်ခန်းများကို ဤနေရာတွင် ရိုးရိုးပုံစံဖြင့်လည်းကောင်း၊ interactive ပုံစံဖြင့်လည်းကောင်း၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ၊ သို့မဟုတ် ကျန်းမာရေးပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းချက်ရှိသူများလည်း အသုံးပြုနိုင်သောပုံစံဖြင့်လည်းကောင်း အမျိုးအစားစုံလင်စွာ ရရှိနိုင်ပါသည်။

အခြားသတင်းအချက်အလက်များ

Goethe-Zertifikat B1 အတွက် လိုအပ်ချက်များ၊ စာမေးပွဲအကြောင်းအရာများနှင့် အခြားသတင်းအချက်အလက်များကို ဤနေရာတွင် တွေ့ရှိနိုင်ပါသည်။