Goethe-Zertifikat C1

Goethe-Zertifikat C1 modular © Goethe-Institut

သင်သည်

  • ဂျာမနီနိုင်ငံတွင် ကျောင်းတက်ရန် ပြင်ဆင်လိုပါသလား
  • လုပ်ငန်းခွင်အတွက်ဂျာမန်စကားတတ်မြောက်မှုလက်မှတ်လိုအပ်ပါသလား
  • ဂျာမနီနိုင်ငံတွင်ကျန်းမာရေးနှင့်ဆေး၀ါးနယ်ပယ်တွင်အလုပ်လုပ်နိုင်ရန်ပြင်ဆင်လိုပါသလား
  • ဂျာမန်စကားအဆင့် C1 အထိတက်မြောက်ကြောင်းပြသလိုပါသလား
  • နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်တခုလိုအပ်ပါသလား

Goethe-Zertifikat C1 စာမေးပွဲသည် အရွယ်ရောက်ပြီးသူများအတွက် ဂျာမန်ဘာသာစကားစာမေးပွဲတစ်ခု ဖြစ်ပါသည်။ ဤစာမေးပွဲသည် ဥရောပဘာသာစကားများ စံချိန်စံညွှန်းသတ်မှတ်ချက် အဆင့်ခြောက်ဆင့်တွင် ပဉ္စမမြောက်အဆင့်ဖြစ်သည့် C1 နှင့် ညီမျှပြီး အသင်သည် ဂျာမန်ဘာသာစကားကို အလွန်ကျွမ်းကျင်အဆင့်အထိ ဘာသာစကားစွမ်းရည်များရှိကြောင်း ဤစာမေးပွဲက အတည်ပြုထောက်ခံပေးပါသည်။ 

စာမေးပွဲဖြေဆိုအောင်မြင်ပါက အသင်သည် အောက်ပါအချက်များကို လုပ်ဆောင်နိုင်ကြောင်း ပြသခြင်းဖြစ်ပါသည်။

  • ခက်ခဲ၊ ရှည်လျားပြီး သွယ်၀ိုက်သော အဓိပ္ပါယ်များပါဝင်သည့် စာအများအပြားကို နားလည်သဘောပေါက်နိုင်ခြင်း။
  • ဘာသာစကားပြောဆိုသုံးနှုံးရာတွင် စကားလုံးများကို စဥ်းစားရှာဖွေနေစရာမလိုဘဲ လျင်မြန်ချောမွေ့စွာ ပြောဆိုသုံးနှုံးနိုင်ခြင်း။
  • အလုပ်၊ လူမှုပတ်၀န်းကျင်၊ အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုခုသင်ယူရာတွင် သို့မဟုတ် တက္ကသိုလ်ပညာသင်ယူရာတွင် ဘာသာစကားကို အကျိုးဖြစ်ထွန်းစွာဖြင့် အဆင်ပြေချောမွေ့စွာ အသုံးချနိုင်ခြင်း။
  • ခက်ခဲရှုပ်ထွေးသည့် အကြောင်းအရာများကို ရှင်းလင်း၊ စနစ်ကျ၊ အသေးစိတ်ကျနစွာ ပြောဆိုနိုင်ခြင်း။
  • Goethe-Zertifikats C1 အောင်လက်မှတ်ရှိပါက တက္ကသိုလ်များတွင် ၀င်ခွင့်စာမေးပွဲဖြေဆိုရာ၌ အခြားသော ဘာသာစကားစာမေးပွဲဖြေဆိုရခြင်းမှ ကင်းလွတ်ခွင့်ရှိမရှိနှင့်ပတ်သက်၍ အသင်တက်ရောက်လိုသည့် တက္ကသိုလ် (သို့) Studienkolleg တွင် ကျောင်းစတင်မတက်ရောက်ခင်ကတည်းက ကြိုတင်စုံစမ်းမေးမြန်းထားပါ။

စာမေးပွဲအတွက် ပြင်ဆင်ခြင်း

လေ့ကျင့်ခန်းများ

စာမေးပွဲမေးခွန်းပုံစံနမူနာနှင့်လေ့ကျင့်ခန်းများကို ဤနေရာတွင်ကြည့်ရှုနိုင်ပါသည်။ ဆွံ့အ နားမကြားသူများလည်း အသုံးပြုနိုင်သည့်ပုံစံမျိုးဖြင့်လည်းကြည့်ရှုနိုင်ပါသည်။

အခြားအချက်အလက်များ

Goethe-Zertifikat C1 အတွက်လိုအပ်ချက်များ၊ မေးခွန်းတွင်ပါဝင်သည့်အကြောင်းအရာများနှင့်အခြားအချက်အလက်များကို ဤနေရာတွင်ကြည့်ရှုနိုင်ပါသည်။