ဂျာမန်ဘာသာစကားသင်တန်းများ #MEETONLINE
လက်ရှိအခြေအနေများအရ ဘာသာစကားသင်တန်းများကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်သင်ကြားပေးနေပါသည်။ အွန်လိုင်းသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သတင်းအချက်အလက်များကို အွန်လိုင်းဂျာမန်ဘာသာစကားသင်တန်းများ တွင် ရှာဖွေနိုင်ပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.language.mmr@goethe.de သို့ အီးမေးလ်ရေးသားပေးပို့နိုင်ပါသည်။ဂျာမန်ဘာသာစကားစာမေးပွဲများ
ယခုအချိန်တွင် ဂျာမန်ဘာသာစကားစာမေးပွဲများကို Goethe-Institut တွင် ပြုလုပ်ကျင်းပခြင်းမရှိပါ။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.language.mmr@goethe.de သို့ အီးမေးလ်ပေးပို့စုံစမ်းနိုင်ပါသည်။ပွဲအခမ်းအနားများ
Goethe-Institut မြန်မာ၏အဖွဲ့သားများက ရုံးတွင်းလုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျှက်ရှိပါသည်။ ကြိုတင်ချိန်းဆိုမှုပြုလုပ်ပြီး၊ ကျွန်ုပ်တို့နှင့် လာရောက်တွေ့ဆုံနိုင်ပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.kultur.MMR@goethe.de သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။စာကြည့်တိုက်
ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စာအုပ်ငှားရမ်းခြင်း/ ပြန်လည်အပ်နှံခြင်းများကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး (နံနက် ၁၀:၀၀ နာရီမှ ညနေ ၀၄:၀၀ နာရီ) အထိ ပြုလုပ်နိုင်ပါသည်။ စာကြည့်တိုက်၏ ဖုန်းနံပါတ် ၀၁-၉၃၇၆၁၆၀ (ext: ၃၀၁၊ ၃၀၂) (သို့မဟုတ်) စာကြည့်တိုက် E-Mail - biblio-yangon@goethe.de တို့မှတဆင့် ကြိုတင်ရက်ချိန်းရယူရန် လိုအပ်ပါသည်။ယေဘုယျသတင်းအချက်အလက်များ
အချိန်နဲ့တပြေးညီသတင်းအချက်အလက်များကိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်စာမျက်နှာနှင့်လူမှုကွန်ရက်များပေါ်တွင် ဖတ်ရှုနိုင်ပါသည်။ ယေဘုယျသတင်းအချက်အလက်များနှင့်ပတ်သက်၍ မေးခွန်းများကို info-yangon@goethe.de သို့ အီးမေးလ်ရေးသားဆက်သွယ်နိုင်ပါသည်။