ဂျာမန်ဘာသာစကားသင်တန်းများ #MEETONLINE
လက်ရှိအခြေအနေများအရ ဘာသာစကားသင်တန်းများကို အွန်လိုင်းမှတဆင့် ဖွင့်လှစ်သင်ကြားပေးနေပါသည်။ အွန်လိုင်းသင်တန်းများနှင့်ပတ်သက်၍ အသေးစိတ်သတင်းအချက်အလက်များကို အွန်လိုင်းဂျာမန်ဘာသာစကားသင်တန်းများ တွင် ရှာဖွေနိုင်ပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.language.mmr@goethe.de သို့ အီးမေးလ်ရေးသားပေးပို့နိုင်ပါသည်။ဂျာမန်ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများ
လက်ရှိအခြေအနေများအရ ဂျာမန်ဘာသာစကားသင်တန်းများနှင့်စာမေးပွဲများကို ကျန်းမာရေးနှင့်လုံခြုံရေးစည်းမျဉ်းများနှင့်အညီပြုလုပ်ကျင်းပပေးနေပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.language.mmr@goethe.de သို့ အီးမေးလ်ပေးပို့စုံစမ်းနိုင်ပါသည်။ပွဲအခမ်းအနားများ
ယဉ်ကျေးမှုပွဲအခမ်းအနားများနှင့်လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ဆွေးနွေးလိုပါက ကြိုတင်ချိန်းဆိုမှုပြုလုပ်ပြီး ကျွန်ုပ်တို့နှင့်လာရောက်တွေ့ဆုံဆွေးနွေးနိုင်ပါသည်။ မေးမြန်းစုံစမ်းလိုသည်များရှိပါက info.kultur.MMR@goethe.de သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။စာကြည့်တိုက်
ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စာအုပ်ငှားရမ်းခြင်း/ ပြန်လည်အပ်နှံခြင်းများကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၉း၃၀ မှ ၁၂း၃၀) (နေ့လည် ၁း၃၀ မှ ညနေ ၄း၀၀) အထိပြုလုပ်နိုင်ပါသည်။ စာကြည့်တိုက်၏ဖုန်းနံပါတ် ၀၁-၉၃၇၆၁၆၀ (ext: ၃၀၁၊ ၃၀၂) (သို့မဟုတ်) စာကြည့်တိုက် E-Mail - biblio-yangon@goethe.de တို့မှတဆင့်ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။ယေဘုယျသတင်းအချက်အလက်များ
အချိန်နဲ့တပြေးညီသတင်းအချက်အလက်များကိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်စာမျက်နှာနှင့်လူမှုကွန်ရက်များပေါ်တွင်ဖတ်ရှုနိုင်ပါသည်။ ယေဘုယျသတင်းအချက်အလက်များနှင့်ပတ်သက်၍ မေးခွန်းများကို info-yangon@goethe.de သို့အီးမေးလ်ရေးသားဆက်သွယ်နိုင်ပါသည်။