ကျန်းမာရေးစည်းမျဉ်းများ
အားလုံးအတွက်လုံခြုံဘေးကင်းစွာဖြင့် သင်လာရောက်နိုင်ရန် ကျွန်ုပ်တို့ကကျန်းမာရေးစည်းမျဉ်းများချမှတ်ထားပါသည်။ အခြားသောသူများ၊ ကျွန်ုပ်တို့၏ဝန်ထမ်းများနှင့်ဆရာ/မများအပေါ် တာဝန်ယူမှုရှိရှိစဉ်းစားဆင်ခြင်စွာဖြင့်ပြုမူပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။ အချင်းချင်းအပြန်အလှန်ဂရုစိုက်ကြပါစို့။
ကျွန်ုပ်တို့ကြိုတင်ပြင်ဆင်ထားသောအရာများ
- ကျွန်ုပ်တို့၏အခန်းများ၊ စားပွဲများ၊ ကောင်တာများနှင့်တံခါးလက်ကိုင်များကိုပုံမှန်သန့်ရှင်းခြင်းနှင့်ပိုးသတ်ခြင်းများပြုလုပ်ထားပါသည်။
- အဆောက်အအုံအတွင်းဝင်ရောက်သည့်အခါနှင့်ထွက်ခွာသည့်အခါ တံခါးကိုထိတွေ့မှုမရှိဘဲဝင်ထွက်နိုင်ပါသည်။
သင်ပြုလုပ်ရန်မှာ
- သင့်တွင်အအေးမိသောလက္ခဏာများရှိနေပါက Goethe-Institut သို့မလာပါနှင့်။
- မည်သူကမည်သည့်နေရာ၊ မည်သည့်အချိန်တွင်ရှိနေကြောင်းသိစေရန် အဝင်ဂိတ်တွင် ဝင်ရောက်မှုမှတ်တမ်းကိုထားရှိပါသည်။ သံသယဖြစ်ဖွယ်ရှိပါက ဤသည်ကတစ်ခဏအတွင်းဖြေရှင်းနိုင်ရန်ကျွန်ုပ်တို့ကိုအကူအညီပေးပါသည်။
- Goethe-Institut သို့ဝင်ရောက်ရာတွင် လာရောက်သူတိုင်းသည် COVID-19 ပြန့်ပွားမှုကိုကာကွယ်ရန်လုပ်ဆောင်ချက်များကိုသဘောတူကြောင်းကျန်းမာရေးစည်းမျဉ်းတစ်ခုကိုလက်မှတ်ထိုးရပါမည်။
- Goethe-Institut သို့ဝင်ရောက်သောအခါ လက်ကိုသန့်စင်အောင်ပိုးသတ်ရပါမည်။
- အဆောက်အဦးတွင်း နှာခေါင်းနှင့်ပါးစပ်ကိုအကာအကွယ်ဝတ်ဆင်ထားရပါမည်။ မတ်စ် (mask) တပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးကာကွယ်ရန် ကူညီနိုင်ပါသည်။
- တစ်ဦးနှင့်တစ်ဦးကြားအကွာအဝေးမှာ တစ်မီတာခွဲမှနှစ်မီတာ အနည်းဆုံးရှိရပါမည်။
ကိုရိုနာကပ်ရောဂါကာလအတွင်းနောက်ဆုံးရသတင်းအချက်အလက်များ