Arbeitsaufnahme Foto: © colourbox.de

အလုပ်စတင်ဝင်ရောက်ရန်အတွက် အရေးကြီးသော စာရွက်စာတမ်းများ

သင်သည် ဂျာမဏီနိုင်ငံတွင် အမြဲတမ်း အလုပ်တစ်ခု ရရှိထားပြီး ဖြစ်ပါသလား။ ရရှိထားပြီးပြီဆိုလျှင် သင်သည် ဝန်ထမ်းတစ်ယောက်ဖြစ်သည်။ သင်၏ အလုပ်ရှင်အတွက် သင်သည် စာရွက်စာတမ်းအချို့ လိုအပ်ပါသည်။ ပထမဦးဆုံးသင်သည် ကျန်းမာရေး အာမခံထားရှိကြောင်း သက်သေပြရန်လိုပါသည်။ ယင်းသက်သေခံလက်မှတ်ကို သင်၏ ကျန်းမာရေး အာမခံကုမ္ပဏီထံမှ ရယူနိုင်ပါသည်။ ဂျာမဏီနိုင်ငံတွင် လူတိုင်း ကျန်းမာရေးအာမခံ ထားရှိပါသည်။ ပုံမှန်အားဖြင့် သင်သည် နိုင်ငံသား အာမခံကတ်ပြားလည်း လိုအပ်သည်။ ယင်းကတ်ကိုလည်း ကျန်းမာရေးအာမခံကုမ္ပဏီထံမှ ရယူနိုင်ပါသည်။ သင်သည် ရဲစခန်းမှ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာလည်း မကြာခဏလိုတတ်ပါသည်။ ယင်းထောက်ခံစာကို နေထိုင်သူများ၏ မှတ်ပုံတင်ရုံးတွင် ရယူနိုင်ပါသည်။ 

အာမခံထားခြင်းနှင့် အခွန်

အလုပ်သမားတစ်ယောက်အဖြစ် သင်သည် ပင်စင်အာမခံနှင့် အလုပ်လက်မဲ့အာမခံတို့ကိုလည်း ထားရှိရပါမည်။ သို့သော် ယင်းနှင့်ပတ်သက်၍ သင် ဘာမျှ လုပ်ရန်မလိုပါ။ သင့်တွင် ယင်း အာမခံပေါ်လစီများ အလိုအလျောက်ရရှိထားပြီးဖြစ်ပါသည်။ အလုပ်ရှင်ကသင်၏ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံနှင့် အလုပ်လက်မဲ့အာမခံတို့အတွက် တစ်စိတ်တစ်ပိုင်း စိုက်ထုတ်ပေးပါသည်။ သင်က ကျန်ရှိသည်များကို ပေးရပါသည်။ ယင်းကို သင်၏ လုပ်ခ/လစာမှ အလိုအလျောက် ဖြတ်ပါသည်။ သင်သည် အခွန်ကုတ်နံပါတ်နှင့် အီလက်ထရောနစ် ဝင်ငွေခွန်ကတ်တို့လည်း လိုပါသည်။ သင်သည် ယင်းနှစ်မျိုးစလုံးကို အခွန်ရုံးတွင် ရယူနိုင်ပါသည်။သင်၏ အခွန်အခများကို သင်ကိုယ်တိုင် ပေးရန်မလိုပါ။ အခွန်ရုံးက သင်၏ လုပ်ခ/လစာမှ တိုက်ရိုက်ဖြတ်ယူပါသည်။ 

အလုပ်ခန့်အပ်မှုစာချုပ် 

အလုပ်သမားတိုင်းတွင် အလုပ်ခန့်အပ်မှု စာချုပ် ရှိပါသည်။ သင်နှင့် သင်၏အလုပ်ရှင်တို့က စာချုပ်ကို လက်မှတ်ရေးထိုးရပါသည်။ အလုပ်ခန့်အပ်မှုစာချုပ်ကို သေချာစွာဖတ်ရှုပါ၊ အချက်အလက်များကို အသေးစိတ်လေ့လာပါ။ ယင်းကဲ့သို့ ဖတ်ရှု၊ လေ့လာပြီးမှသာ လက်မှတ်ရေးထိုးပါ။ အကယ်၍ သင်သည် မသေချာပါက မေးမြန်းပါ။ လူကြီးများသည် Migrationsberatung für erwachsene Zuwanderer (လူကြီးရွှေ့ပြောင်းလာသူများအတွက် ရွှေ့ပြောင်းအကြံပေးလုပ်ငန်း - MBE) နှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ကလေးများနှင့်အသက် ၂၇ နှစ်အောက်လူငယ်များသည် Jugendmigrationsdienste (လူငယ်ရွှေ့ပြောင်းဝန်ဆောင်မှုလုပ်ငန်း - JMD)ထံမှ အချက်အလက်များရယူနိုင်ပါသည်။ စည်းကမ်းချက်များအားလုံးကို အလုပ်ခန့်အပ်မှု စာချုပ်တွင် ဖော်ပြထားပါသည်။ သင်နှင့် သင်၏ အလုပ်ရှင်တို့သည် ယင်းစည်းကမ်းချက်များကို လိုက်နာရပါမည်။ သင်သည် တစ်လလျှင် လစာမည်မျှရမည်နည်း၊ အလုပ်နားရက် မည်မျှရမည်နည်း၊ အကယ်၍ သင်ဖျားနာပါက ဘာတွေလုပ်ရမည်နည်းစသည့် အခြားသော အချက်အလက်များကို ဤနေရာတွင် ပေးထားပါသည်။

သာမန်အားဖြင့် အလုပ်သစ်တွင် သင့်ကို အစမ်းခန့်ကာလ ထားရှိပါသည်။ အစမ်းခန့်ကာလအတိုင်းအတာမှာ အမျိုးမျိုးရှိပါသည်။ အစမ်းခန့်ကာလမှာ တစ်ခါတစ်ရံတွင် ရက်သတ္တပတ်အနည်းငယ်သာ ကြာတတ်သော်လည်း၊ တစ်ခါတစ်ရံတွင် ၆လအထိ ကြာမြင့်တတ်ပါသည်။ အစမ်းခန့်ကာလအတောအတွင်းတွင် သင်၏ အလုပ်ရှင်က သင့်အား ပိုမိုနီးကပ်စွာ စောင့်ကြည့်လေ့ရှိပါသည်။ အစမ်းခန့်ကာလအပြီးတွင် သင်သည် ကုမ္ပဏီတွင် အလုပ်ဆက်လုပ်ရမည်၊ မလုပ်ရမည်ကို သူကဆုံးဖြတ်ရပါသည်။ ထို့ပြင် အစမ်းခန့်ကာလပြီးဆုံးပြီးနောက် သင်သည် ကုမ္ပဏီတွင် အလုပ်ဆက်လုပ်လိုသည်၊ မလုပ်လိုသည်ကို ဆုံးဖြတ်ရပါသည်။ ပုံမှန်အားဖြင့် အစမ်းခန့်ကာလမှာ ၃ လခန့် ကြာမြင့်တတ်သော်လည်း အကြောင်းကြားကာလသည် အစမ်းခန့်ကာလထက် တိုတောင်းပါသည်။ (၂ ပတ်မှ ၃ ပတ်အထိသာ ကြာမြင့်တတ်ပါသည်)။ 

အသေးစား အလုပ်များ

ဂျာမဏီနိုင်ငံတွင် အသေးစားအလုပ်များ / ယူရိုငွေ ၄၅၀ ခန့် ပေးသော အလုပ်များလည်းရှိပါသည်။ အသေးစားအလုပ်ဆိုသည်မှာ သင်သည် တစ်လလျှင် ယူရိုငွေ ၄၅ဝအထိသာ ရနိုင်သော အလုပ်မျိုး ဖြစ်သည်။ အသေးစား အလုပ်ရှိလျှင် သင်သည် ကျန်းမာရေးအာမခံနှင့် ပင်စင်အာမခံတို့ အလိုအလျောက် ရရှိပါသည်။ သို့သော် ယင်းစရိတ်များကို အလုပ်ရှင်က ကျခံရပြီး သင်က ဘာမျှပေးရန်မလိုပါ။ သို့သော် သင်သည် အလုပ်လက်မဲ့ အာမခံထား၍ မရတော့ပါ။ 

ကိုယ်ပိုင်အလုပ်လုပ်ခြင်း

သင်သည် ကိုယ်ပိုင်အလုပ်လုပ်ပါသလား၊ တစ်နည်းအားဖြင့် ဝန်ထမ်းတစ်ယောက် မဟုတ်ဘူးလား။ ယင်းသို့ဖြစ်လျှင် သင်သည် ကျန်းမာရေး အာမခံ ထားရန် လိုပါသေးသည်။သို့သော် သင်သည် ကျန်းမာရေး အာမခံအတွက် သင့်ဘာသာသင် ပေးရမည်ဖြစ်သည်။ ပင်စင်အာမခံထားလျှင်လည်း ကောင်းပါသည်။ စက်ပြင်များ သို့မဟုတ် သားဖွားဆရာမများစသည့် အချို့သော ပညာရှင်အလုပ်သမားများသည် ပင်စင်အာမခံ မထားမနေရ ထားရှိပါသည်။ အခွန်ရုံးသို့သွားပြီး အခွန်နံပါတ် လျှောက်ထားပါ။ အခွန်ရုံးက သင်၏ ပျမ်းမျှ နှစ်စဉ်ဝင်ငွေကိုမေးမည် ဖြစ်သည်။ ထို့နောက် ယင်းအခွန်ရုံးက သင် အခွန်မည်မျှပေးရမည်ကိုဆုံးဖြတ်နိုင်ပါသည်။ အခွန်ပေးရန်အတွက် ငွေကိုသင်၏ ဘဏ်စာရင်းမှ လွှဲပေးရပါမည်။ အကယ်၍သင်သည် ကိုယ်ပိုင် ကုမ္ပဏီထောင်လိုပါက ကုန်သွယ်မှုလိုင်စင် လိုပါသည်။ ယင်းလိုင်စင်ကို ကုန်သွယ်မှုလိုင်စင်ရုံးတွင် လျှောက်ထားနိုင်ပါသည်။ သင်နေထိုင်ရာ မြို့ သို့မဟုတ် မြို့နယ်၏ ကုန်သွယ်မှုလိုင်စင်ရုံးရှိရာ တည်နေရာကိုမြို့နယ်ခန်းမတွင် မေးမြန်းနိုင်ပါသည်။ သင်သည် ဆိုင်တစ်ဆိုင် သို့မဟုတ် စားသောက်ဆိုင် ဖွင့်လှစ်လိုသည်ဖြစ်သည့်တိုင် အာမခံထားရန်အတွက်မူ ကုန်သွယ်မှုလိုင်စင် လိုပါသည်။

အမေးများသော မေးခွန်းများ

ကျွန်ုပ်သည် ကျန်းမာရေး အာမခံထားရန် လိုပါသလား။

ကျွန်ုပ် ပင်စင်အာမခံအတွက် ငွေသွင်းဖို့ လိုပါသလား။

အခွန်နှုန်းများက အလွန်မြင့်ပါသည်။ အခွန်လျှော့ဆောင်ရအောင် မည်ကဲ့သို့လုပ်ရမည်နည်း။

ကျွန်ုပ် အလုပ်သစ်ကို မကြိုက်နှစ်သက်ပါ။ ကျွန်ုပ် ဘာလုပ်ရမည်နည်း။

 မေးခွန်းများ ထပ်မံမေးမြန်းလိုပါသလား။ လူငယ်ရွှေ့ပြောင်း နေထိုင်မှု ဝန်ဆောင်မှုလုပ်ငန်းများရှိ အကြံပေးပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပါ။ 

က ပေးသည့် အွန်လိုင်းအကြံဉာဏ်