Ansicht auf eine sommerliche Party auf einer Wiese mit vielen Menschen, Essensständen und Dekoration © Goethe-Institut

သင်သည် အားလပ်ချိန်တွင် မည်သည်တို့ကို ပြုလုပ်နိုင်ပါသနည်း။ မြို့ကြီးများတွင် ရွေးချယ်စရာ များစွာ ရှိပါသည်။ 

ယဥ်ကျေးမှု

သင်သည် ယဉ်ကျေးမှုကို နှစ်သက်ပါသလား။ ဂျာမနီရှိ မြို့ကြီးများစွာတို့တွင် ပြတိုက်များ၊ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများနှင့် တေးဂီတ ဖျော်ဖြေပွဲများ ရှိပါသည်။ ရုပ်ရှင်ရုံများသည် နိုင်ငံတကာ မူရင်းရုပ်ရှင်ကားများကို အများအပြား ပြသလာလျက်ရှိပါသည်။ သင်သည် စျေးနှုန်းချိုသာစွာဖြင့် (သို့) အခမဲ့ စာအုပ်များ ဖတ်နိုင်သည်၊ သီချင်းများ နားထောင်နိုင်သည်၊ ရုပ်ရှင်များ ကြည့်နိုင်ပါသည်။ စာအုပ်များ၊ ရုပ်ရှင်ခွေများ၊ စီဒီခွေများကို အိမ်သို့လည်း ငှားယူနိုင်ပြီး ပြန်အပ်နိုင်ပါသည်။

Ansicht auf die Vorderseite der Münchner Staatsoper © Goethe-Institut

လူကြီးသင်တန်းကျောင်းများနှင့် ကလပ်အသင်းအဖွဲ့များ

နေရာဒေသများစွာတွင် လူကြီးသင်တန်းကျောင်းများ ရှိပါသည်။ အထူးသဖြင့် သင်သည် အရွယ်ရောက်ပြီးသူများအတွက် သင်တန်းများ၊ ဥပမာ အကသင်တန်းများ (သို့) ဘာသာစကား သင်တန်းများကို တွေ့ရှိနိုင်ပါသည်။ သင်နေသောနေရာနှင့် အနီးဆုံးရှိ လူကြီးသင်တန်းကျောင်းကို www.vhs.de လင့်ခ်တွင် ရှာနိုင်ပါသည်။

Volkshochschule

အသင်သည် အားကစားလုပ်ရတာ ကြိုက်နှစ်သက်ပါသလား။ လူကြီး သင်တန်းကျောင်းတွင် အားကစား သင်တန်းများလည်း ရှိပါသည်။ လူကြီးသင်တန်းကျောင်း မတက်လိုပါက ရေကူးကန်သို့သွားခြင်း၊ အားကစား ကလပ်တစ်ခုတွင် အသင်းဝင်ခြင်း စသည်တို့လည်း ပြုလုပ်နိုင်ပါသည်။
အခြားသော ရွေးချယ်စရာမှာ ကလပ် အသင်းအဖွဲ့များတွင် အသင်းဝင်ခြင်း ဖြစ်ပါသည်။ အသင်းအဖွဲ့များတွင် ဝါသနာတူ၊ ရည်မှန်းချက်တူသူများ ရှိပါသည်။ ဥပမာ တေးဂီတအသင်းများ၊ အားကစား အသင်းများ၊ အချက်အပြုတ်အသင်းများ (သို့) ကွန်ပျူတာ အသင်းများ ရှိပါသည်။ လူကြီးများအတွက် အသင်းအဖွဲ့များ ရှိသကဲ့သို့ လူငယ်များအတွက်လည်း အသင်းအဖွဲ့များ ရှိပါသည်။ 

မိဘများနှင့် ကလေးများအတွက် မကြာခဏဆိုသလို အခမဲ့အစီအစဥ်များ ရှိပါသည်။ ဥပမာအားဖြင့် အချို့သော နေရာဒေသများတွင် ကလေး ကစားအဖွဲ့များ ရှိပါသည်။ 

Ansicht auf einen Barausschank,links steht ein lachender Barkeeper. Viele Aufkleber und die Farbgestaltung weisen auf den FC Bayern hin. © Goethe-Institut

ပန်းခြံများနှင့် သဘာဝအလှတရားများ

သင်သည် အပြင်ထွက်ရသည်ကို နှစ်သက်ပါသလား။ မြို့တိုင်းတွင် ပန်းခြံများ ရှိပါသည်။ ကလေးများအတွက် ကစားကွင်းများစွာရှိပြီး များသောအားဖြင့် အခမဲ့ ဝင်ရောက်နိုင်ပါသည်။ ရုက္ခဗေဒ ဥယျာဉ်တွင်လည်း ထူးခြားသော အပင်များကို ကြည့်ရှု လေ့လာနိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ တိရစ္ဆာန်များကိုလည်း တိရစ္ဆာန်ရုံတွင် ကြည့်ရှုနိုင်ပါသည်။ ရုက္ခဗေဒ ဥယျာဉ်များနှင့် တိရစ္ဆာန်ရုံများတွင် ဝင်ကြေး ပေးရတတ်ပါသည်။ ဒေသများစွာတို့တွင် ရေကန်များ၊ သစ်တောများ (သို့) တောင်များ ရှိပါသည်။ အသင်၏ နေအိမ်သည် ပင်လယ်နားတွင်ပင် တည်ရှိကောင်း တည်ရှိနေနိုင်ပါသည်။

မိမိနေအိမ်တွင်

အိမ်တွင် လူအများစုသည် တီဗွီကြည့်ခြင်း (သို့) ရေဒီယိုနားထောင်ခြင်းကို နှစ်သက်ကြသည်။ ဂျာမနီရှိ အိမ်ထောင်စုတိုင်းသည် ၎င်းတို့၏ ရေဒီယိုများ၊ တီဗွီများကို GEZ ဖြင့် မှတ်ပုံတင်ရပြီး လစဥ်ကြေး တစ်လလျှင် ၁၇ ယူရို ၉၈ပြား ပေးရပါသည်။ အကယ်၍ အသင်သည် ဝင်ငွေနည်းပါက အခကြေးငွေ ပေးရန်မလိုပါ။

သင်၏အိမ်တွင် ခြံဝင်း သို့မဟုတ် ဝရံတာရှိနိုင်ပါသည်။ ယင်းနေရာတွင် သင်သည် လုပ်ခွင့်မရှိသော အရာများကို သတိထားရပါမည်။ ဥပမာ ဝရံတာပေါ်တွင် အသားကင်လုပ်စားခွင့်ကို အိမ်တိုင်း လုပ်ခွင့်မရှိပါ။ အနံ့ကြောင့် ပတ်ဝန်းကျင် အနှောင့်အယှက် ဖြစ်နိုင်သောကြောင့် တောင်းဆိုချက်များနှင့် ကိုက်ညီသည့် အိမ်များသာ လုပ်ခွင့်ရှိပါသည်။ ယင်းကဲ့သို့သော ကိစ္စများနှင့် ပတ်သက်သည့် အချက်အလက်များအားလုံးကို အိမ်စည်းကမ်းများတွင် ကြည့်ရှုပါ။ 
အားလပ်ချိန်တွင် လုပ်နိုင်သော အရာများနှင့် ပတ်သက်ပြီး အသင်နေသော မြို့ (သို့) မြို့နယ်၏ ဝက်ဆိုက်ဒ်တွင်လည်း ကြည့်ရှုနိုင်ပါသည်။

Ansicht auf einen See mit Bergpanorama im Hintergrund. Aus der Vogelperspektive sieht man im Vordergrund Wanderer. © Goethe-Institut

အမေးများသော မေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်၏ အမည်ကို မဖော်ပြဘဲ အသင်၏ဖောင်ကို အကြံပေးပုဂ္ဂိုလ်များနှင့် နိုင်ငံရွှေ့ပြောင်းလာသောလူငယ်များအတွက် အကြံပေးဝန်ဆောင်မှုများဌာနသို့ ဆက်လက် လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့