Leben mit Behinderung Foto (Ausschnitt): VGstockstudio/ Shutterstock.com

ကုလသမဂ္ဂက ပြဌာန်းထားသော မသန်စွမ်းများအခွင့်အရေး ကွန်ဗင်းရှင်းသည် ဂျာမနီနိုင်ငံတွင် (၂၀၀၉)ခုနှစ်က စပြီး အကျုံးဝင်ပါသည်။ မသန်စွမ်းများသည် လူ့အဖွဲ့အစည်းတွင် တူညီသော အခွင့်အရေးရှိသည်ဟု ဥပဒေက ပြဌာန်းထားသည်။

ဂျာမနီနိုင်ငံတွင် ဥပမာအားဖြင့် ဘီးတပ်ကုလားထိုင် (၀ှီးချဲ) အသုံးပြုသူများ အဆောက်အဦးများထဲ၊ ရထားများ၊ ဘတ်စ်ကားများထဲသို့ အခက်အခဲမရှိ ၀င်ထွက်သွားလာနိုင်ရန် အင်အားစိုက်ထုတ်ပြုပြင်ထားပြီး၊ တစ်ခါတစ်ရံတွင် လျှောလမ်းများလည်း ရှိပါသည်။

အမြင်အာရုံချို့ယွင်းသူများကို ၄င်းတို့၏ သင်္ကေတမှတဆင့် သိနိုင်သည်။ ၄င်းသင်္ကေတမှာ နောက်ခံအ၀ါရောင်တွင် အနက်ရောင်အစက်သုံးစက်ဖြစ်သည်။ အမြင်အာရုံချို့တဲ့သူများတွင် တစ်ခါတစ်ရံ လက်ပတ်ပတ်ထားပြီး၊ လမ်းလျှောက်တုတ်တံ သို့မဟုတ် လမ်းပြခွေးတို့ ပါပါသည်။ မီးပွိုင့်များသည် အသံပြုကြပြီး၊ ထိုနည်းအားဖြင့် အမြင်အာရုံချို့တဲ့သူများက သူတို့ လမ်းဖြတ်ကူးရမည့် အချိန်ကို သိနိုင်သည်။ အဆောက်အဦးတော်တော်များများတွင်လည်း မျက်မမြင်ဘာသာစကားဖြင့် ရေးသားဖော်ပြချက်များ ရှိပါသည်။

ဥပဒေကို မလိုက်နာဘဲ ခွဲခြားဆက်ဆံမှုများလည်း ရှိပါသည်။ ၄င်းအကြောင်းအရာနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့၏ ၀က်ဘ်ဆိုဒ်တွင် ရှာဖွေကြည့်ရှုပါ။