
နေစရာရှာခြင်း
သင်သည် နေစရာရှာနေပါသလား။ သတင်းစာများစွာတို့သည် ပုံမှန်အားဖြင့် သောကြာ သို့မဟုတ် စနေနေ့များတွင် အိမ်ငှားကြော်ငြာကဏ္ဍကို ဖော်ပြလေ့ရှိသည်။ သင်သည် အိမ်ငှားကြော်ငြာများကို သတင်းစာ၏ ဝက်ဘ်ဆိုက်တွင်လည်း ကြည့်ရှုနိုင်ပါသည်။ အိမ်၊ ခြံ၊ မြေ သီးသန့်ဝက်ဘ်ဆိုက်များလည်း ရှိပါသည်။ သင်နေထိုင်ရာ မြို့ သို့မဟုတ် ရပ်ကွက်ရှိ အိမ်ရာရုံးကလည်း သင့်အတွက် ကူညီရှာဖွေပေးတတ်ပါသည်။ အချို့ဒေသများတွင် အိမ်ခန်းရှာရသည်မှာ လွယ်ပါသည်။ အချို့ဒေသများတွင်မူ အိမ်ခန်းငှားရအလွန်ခက်ပါသည်။ သို့ဖြစ်ပါက အိမ်၊ ခြံ၊ မြေအေးဂျင့်တစ်ယောက်က သင့်ကို ကူညီရှာဖွေပေးနိုင်ပါသည်။ အကယ်၍ သူက သင့်အတွက် အိမ်ခန်းရှာဖွေတွေ့ရှိပါက သူ့အား အခကြေးငွေပေးရပါမည်။ ပုံမှန်အားဖြင့် အေးဂျင့်တစ်ယောက်သည် အိမ်ခန်းငှားခ (၂)လစာမှ (၃)လစာ ကို ပွဲစားခအဖြစ် ယူလေ့ရှိပါသည်။
အိမ်ခန်းငှားခြင်းနှင့် စပေါ်
ကြော်ငြာများတွင် အိမ်ခန်းငှားခ မည်မျှ ပေးရမည်ကို ဖော်ပြထားလေ့ရှိသည်။ သို့ရာတွင် ယင်းမှာ“cold rent” (စရိတ်နည်းငှားရမ်းခြင်း) သာ ဖြစ်နေတတ်ပါသည်။ ထို့ပြင် သင်သည် အသုံးအဆောင် ပစ္စည်းများအတွက်လည်း ပေးရမည် ဖြစ်သည်။ ဥပမာအားဖြင့် ရေခ၊ ဘုံလှေကားသန့်ရှင်းခ၊ မိလ္လာခတို့ဖြစ်သည်။ အပူပေးစနစ်နှင့် လျှပ်စစ်ဓာတ်အားတို့ကိုလည်း အသုံးအဆောင်များစာရင်းတွင် ထည့်သွင်းထားနိုင်ပါသည်။ သို့သော် နှုန်းအမျိုးမျိုးရှိသည်။ အသုံးအဆောင်များစာရင်းတွင် မည်သည်တို့ပါသည်၊ မည်သည်တို့အတွက် သီးခြားပေးရမည်ကို သိရှိရန် အိမ်ရှင်ကိုမေးမြန်းပါ။
“cold rent (စရိတ်နည်းငှားရမ်းခြင်း) ” နှင့် အသုံးအဆောင်များ နှစ်မျိုးပေါင်းကို “warm rent (အလုံးစုံပါဝင်သော ငှားရမ်းခြင်း)” ဟုခေါ်ကြသည်။ စုစုပေါင်း “warm rent (အလုံးစုံပါဝင်သော ငှားရမ်းခြင်း)” ခမှာ သင်က အိမ်ရှင်အား လစဉ်ပေးရမည် နှုန်းဖြစ်သည်။
ပုံမှန်အားဖြင့် တိုက်ခန်းများတွင် အိမ်ထောင်ပရိဘောဂများ မပါရှိ တတ်ပါ။ ရှိတတ်သည်မှာ ထမင်းပေါင်းအိုးအပြင် ယခင်အိမ်ငှားက ထားရစ်ခဲ့သည့် ပစ္စည်းများ၊ သင်မီတာခပေးရမည့် ရေခဲသေတ္တာစသည့် အခန်းတွင် ရှိနေသည့် ပစ္စည်းများ ဖြစ်သည်။ ယင်းတို့ကို အသေတပ်ဆင်ထားသည့် ပစ္စည်းများဟုခေါ်သည်။ အိမ်ရှင်များသည် စပေါ်လည်းအလိုရှိတတ်သည်။ စပေါ်သည် “cold rent (စရိတ်နည်းငှားရမ်းခြင်း)” နှုန်း၏ ၃ ဆထက်မကျော်လွန် ရပါ။
အိမ်ငှားသည် အိမ်ခန်းမှပြန်ဆင်းလျှင် စပေါ်ငွေပြန်ရပါသည်။ အကယ်၍အိမ်ခန်းငှားခဈေးကြီးမကြီးသိလိုပါကသင်သည် Mietspiegel (အိမ်ငှားခ အညွှန်းကိန်း) ကို ကြည့်ရှုနိုင်ပါသည်။ ယင်းနေရာတွင် မြို့တိုင်း၏ ပျမ်းမျှအိမ်ခန်းငှားခများကိုသင်တွေ့နိုင်ပါသည်။ “Mietspiegel” နှင့် သင့်မြို့၏အမည်ကိုအင်တာနက်တွင် ရှာပါ။
နှစ်အစတွင် ရေ၊ လျှပ်စစ်ဓာတ်အားသို့မဟုတ် ဓာတ်ငွေ့မည်မျှ လိုသည်ကိုသင်သိသေးမည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် လစဉ် ကြိုတင်ငွေ ပေးထားသင့်ပါသည်။ နှစ်ကုန်လျှင်မူသင်သည် ပိုငွေ ပြန်ရမည် သို့မဟုတ် လိုငွေ ထပ်ပေးရမည် ဖြစ်သည်။
အိမ်ငှားစာချုပ်
အိမ်ငှားစာချုပ်တွင် အိမ်ငှားခနှင့် စရန်ငွေတို့နှင့်ပတ်သက်သည့် အချက်အလက်များအားလုံးကို ဖော်ပြထားသည်။ ထို့ပြင် သင်အိမ်ခန်းမှ ပြန်ဆင်းပါကအိမ်နှင့်ဝင်းကို သင်ပြန်ပြုပြင်မွမ်းမံပေးရန် လိုမလိုကိုလည်း ဖော်ပြထားပါသည်။ သင်၏ သတိပေးကာလအတိုင်းအတာနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ဖော်ပြထားပါသည်။ သင်အခန်းသို့ ပြောင်းလာစဉ်တွင် သင်သည် လွှဲပြောင်းစာရွက်တွင် လက်မှတ် ထိုးပေးရန်လိုပါသည်။ ယင်းစာရွက်တွင် ဥပမာအားဖြင့် အပြစ် အနာအဆာရှိသည့် ပစ္စည်းများကို အသေးစိတ်ဖော်ပြထားသည်။ ထိုအခါ ယင်းပစ္စည်းများ ပျက်စီးနေသည်မှာ သင့်ကြောင့်မဟုတ်သည်ကိုသင်နှင့် အိမ်ရှင်တို့ သိထားကြမည်ဖြစ်သည်။ သင် လက်မှတ်မထိုးမီ အိမ်ငှားစာချုပ်နှင့် လွှဲပြောင်းစာရွက်တို့ကို သေချာစွာဖတ်ရှုပါ။
အိမ်စည်းကမ်းများ
အိမ်နီးချင်းများနှင့် ပဋိပက္ခမဖြစ်လိုပါက စည်းကမ်းအချို့ကို ဖတ်ရှုလေ့လာပါ။ ပုံမှန်အားဖြင့် ည(၁၀)နာရီမှ နံနက်(၇)နာရီအတွင်း (ထိုနည်းတူ မွန်းလွဲ (၁)နာရီမှ (၃)နာရီ)သည တိတ်တိတ်နေရမည့်ကာလ ဖြစ်သည်။ တစ်နည်းဆိုရသော် ယင်းအချိန်တွင် သင်သည် အလွန်တရာဆူညံသံများ မလုပ်ရပါ။ တနင်္ဂနွေနေ့များနှင့် ဘဏ်ပိတ်ရက်များတွင် တစ်နေကုန် တိတ်တိတ်နေရမည်ဖြစ်သည်။ ဂျာမနီနိုင်ငံတွင် စက္ကူနှင့်ကတ်ထူပြား၊ သစ်သီးနှင့် ဟင်းသီးဟင်းရွက်အကြွင်းအကျန်များနှင့် အခြားသောစွန့်ပစ်ပစ္စည်းများ မထည့်ရသည့် အမှိုက်ပုံးအမျိုးမျိုး ထားရှိပါသည်။ သင်သည် ဖန်ကွဲစများ၊ သံဘူးများနှင့် လျှပ်စစ်ပစ္စည်းများကို အထူးစွန့်ပစ်ရပ်များ သို့မဟုတ် အမှိုက်ပုံးများထဲသို့ စွန့်ပစ်ရပါမည်။ သင်၏ အိမ်စည်းကမ်းများထဲတွင် အခြားသော စည်းကမ်းများကိုလည်း သင် တွေ့ရှိရမည် ဖြစ်သည်။ ဥပမာအားဖြင့် ခွေး သို့မဟုတ် ကြောင်ကို အိမ်ထဲတွင် မွေးခွင့်ပြုထားခြင်းရှိ၊ မရှိ သို့မဟုတ် သင်သည် အဆောက်အအုံရှေ့ရှိ စင်္ကြံ သို့မဟုတ် စင်္ကြံလမ်းကို သန့်ရှင်းရေးလုပ်ရန် လို၊မလို စသည်ဖြင့်ဖြစ်သည်။
အမေးများသော မေးခွန်းများ
အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်၏ အမည်ကို မဖော်ပြဘဲ အသင်၏ဖောင်ကို အကြံပေးပုဂ္ဂိုလ်များနှင့် နိုင်ငံရွှေ့ပြောင်းလာသောလူငယ်များအတွက် အကြံပေးဝန်ဆောင်မှုများဌာနသို့ ဆက်လက် လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။
“ဆက်သွယ်ရန်ဖောင်“ဆီသို့