In einem Zimmer steht ein rotes Kinderfahrrad, Kinder-Gummistiefel und Schuhe eines Erwachsenen. © Goethe-Institut

ကိုယ်ဝန်ဆောင်ခြင်း

မိဘများသည် ကိုယ်ဝန်ဆောင်စဥ် ကာလကတည်းက ကလေးနှင့်ပတ်သက်၍ မေးလိုမြန်းလိုသည်များ ရှိတတ်ကြပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ကိုယ်ဝန်ဆောင်အကြံပေးဌာန တစ်ခုသို့ သွားနိုင်ပါသည်။

သင်သည် ကိုယ်ဝန်ဆောင်ကာလအတွင်း သားဖွားမီးယပ်ဆရာဝန်နှင့် ပုံမှန်ပြသင့်ပါသည်။ သူက သင်၏ မေးခွန်းများကို ဖြေကြားပေးမည်ဖြစ်ပြီး သင့်ရင်သွေး၏ ကျန်းမာရေးကိုလည်း စောင့်ကြည့် စစ်ဆေး ပေးပါလိမ့်မည်။ ဝမ်းဆွဲ လက်သည်နှင့်လည်း ပြသနိုင်ပါသည်။ ကိုယ်ဝန်ဆောင်ကာလအတွင်း သူမက သင့်အား အကြံပေး၊ စောင့်ရှောက်ပေးမည် ဖြစ်ပြီး၊ သင် ကလေး မွေးပြီးနောက်တွင်လည်း ကူညီပေးမည်ဖြစ်ပါသည်။ သင်မီးဖွားနေစဉ်တွင် ယင်း ဝမ်းဆွဲ၊လက်သည်လည်း ရှိနေမည် ဖြစ်ပါသည်။ သင်၏ ဆရာဝန်က သင့်အား သားဖွားမီးယပ်ဆရာဝန်တစ်ဦး (သို့) ဝမ်းဆွဲ၊ လက်သည်တစ်ဦး ရှာဖွေတွေ့ရှိရန် ကူညီပေးပါလိမ့်မည်။ များစွာသော အမျိုးသမီးများသည် သားဖွားအကြို သင်တန်းများလည်း တက်ရောက်လေ့ရှိပါသည်။ သင်မီးဖွားရန် အတွက် ကြိုတင်ပြင်ဆင်ရန် ၎င်းတို့က အကြံပြုချက်များ ပေးမည်ဖြစ်ပါသည်။ ထို့ပြင် သင်သည် အခြားသော ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်လည်း သိကျွမ်းလာမည် ဖြစ်ပါသည်။

Auf einem Tisch liegt ein Ultraschallbild eines Ungeborenen. © Goethe-Institut

အလုပ်လုပ်ရသော မိခင်များအတွက် အကာအကွယ်ပေးမှု အခွင့်အရေး၊ မီးဖွားပြီး ခွင့် ယူခြင်းနှင့် မီးဖွားပြီးစရိတ်

အကယ်၍ အသင်သည် ယာယီမဟုတ်ဘဲ အမြဲတမ်း (ရေရှည်) အလုပ်သမားတစ်ဦး ဖြစ်ပါက ကလေးမီးမဖွားမီကပင် Mutterschutz (အလုပ်လုပ်ရသော မိခင်များအတွက် အကာအကွယ်ပေးမှု အခွင့်အရေး) ကိုယူပြီး အလုပ်မလုပ်ဘဲ နေနိုင်ပါသည်။ Mutterschutz သည် အလုပ်အများစုတွင် မီးမဖွားမီ (၆)ပတ်မှ စတင်ပါသည်။ အားလုံးပေါင်းအနည်းဆုံး (၁၄)ပတ်ခန့်ကြာမြင့်ပါသည်။ ထိုအချိန်ကို တိုးလိုပါက တိုးနိုင်သည်။ ထိုအချိန်အတွင်း အသင့်အလုပ်ရှင်သည် အသင့်ကို အလုပ်ဖြုတ်ခွင့်မရှိပါ။ Mutterschutz ပြီးလျှင် Elternzeit (မီးဖွားပြီး ကလေး ပြုစုထိန်းကျောင်းရန် ခွင့်ပေးခြင်း) ရှိပါသည်။ ထိုခွင့်ဖြင့် အသင့်ကလေး (၃) နှစ်အရွယ်အထိ အိမ်တွင်နေပြီး ကလေးကို စောင့်ရှောက်နိုင်ပါသည်။ (၃) နှစ်ပြည့်လျှင် အလုပ် ပြန်လည်လုပ်နိုင်ပါသည်။


Elternzeit ပထမ (၁၂) လအတွင်း Elterngeld (မိဘစရိတ်) ရရှိပါသည်။ အကယ်၍ အသင့်အိမ်ထောင်ဖက်ကလည်း Elternzeit ယူထားပါက (၁၄) လစာ မိဘစရိတ် ရရှိပါသည်။ မိဘစရိတ် မည်မျှရရှိသလဲဆိုသည်မှာ အသင့်ရဲ့ အသားတင်လစာအပေါ်တွင် မူတည်ပါသည်။ မိဘစရိတ်ရရှိရန် လျှောက်ထားရပါသည်။ အလုပ်မရှိသူများလည်း မိဘစရိတ်ရရှိပါသည်။ မိဘစရိတ်အပြင် ကလေးစရိတ်လည်း လျှောက်ထားနိုင်သည်။ ကလေး(၁၈)နှစ်ပြည့်သည်အထိ ကလေးစရိတ် ရရှိပါသည်။ လစာအနည်းငယ်သာရရှိသူများသည် သတ်မှတ်ထားသော လိုအပ်ချက်များနှင့် ကိုက်ညီပါက ကလေးစရိတ် ပိုမိုရရှိပါသည်။

ကျန်းမာရေး ကြိုတင်ကာကွယ်မှု

သင့်ကလေးကို ကလေးအထူးကုနှင့် ပုံမှန်ပြသရပါမည်။ ဆရာဝန်က စစ်ဆေးမှုတိုင်းကို ဆေးမှတ်တမ်း စာအုပ်တွင် ရေးမှတ်ပါသည်။ ယင်းတို့မှာ ကျန်းမာရေး ကြိုတင်ကာကွယ်စစ်ဆေးမှုများ ဖြစ်ပါသည်။ သင့်ကလေးဖျားနာနေခြင်း မဟုတ်သည့်တိုင် ကျန်းမာရေး ကြိုတင်ကာကွယ်ရေးစစ်ဆေးမှုများကို ပြုလုပ်ရမည် ဖြစ်ပါသည်။ ကလေးအထူးက သင်၏ ကလေးကို ကာကွယ်ဆေးများလည်း ထိုးပေးမည် ဖြစ်ပါသည်။

ကလေးပြုစုစောင့်ရှောက်မှု

အကယ်၍ အသင်သည် အလုပ် မြန်မြန် ပြန်လုပ်လိုပါက ကလေးအတွက် စောင့်ရှောက်မှု စီစဥ်ရန် လိုအပ်ပါသည်။ ဤအတွက် ရွေးချယ်စရာ များစွာရှိပါသည်။ ၃ နှစ်အောက်ကလေးငယ်များကို ကလေးထိန်း ကျောင်းထားနိုင်သည် (သို့) နေ့ထိန်းဖြင့် အပ်နှံနိုင်သည်။ ၃ နှစ်မှစတင်၍ မူကြိုထားနိုင်သည်။ ကလေးများသည် ၆ နှစ် (သို့) ၇ နှစ်ပြည့်ပါက ကျောင်းစတင်တက်ရသည်။ ကလေးများအားလုံး ကျောင်းမဖြစ်မနေ တက်ရပါသည်။ အကယ်၍ အသင် အလုပ်လုပ်ပါက ကလေးကို နေ့ကျောင်းသို့ ပို့နိုင်သည် (သို့) နေ့စဥ် ကျောင်းချိန်ပြီးလျှင်  ကလေးထိန်း Hort ပို့နိုင်သည်။ Hort တွင် ကလေးသည် ညနေ ၄ နာရီ (သို့) ၅ နာရီ အထိ နေနိုင်ပြီး များသောအားဖြင့် နေ့လည်စာလည်း ကျွေးပါသည်။

Ein Kind sitzt mit Badeanzug und Schwimmflügeln zusammen mit dem Vater an einem See. © Goethe-Institut

အားလပ်ချိန်တွင် လုပ်နိုင်သောအရာများ

သင်အားလပ်ချိန်တွင် သင့်ကလေးနှင့်အတူ များစွာသောအရာများ လုပ်ဆောင်နိုင်ပါသည်။ ကလေးငယ်များအတွက် ကစားကွင်းများရှိပါသည်။ အနည်းငယ် ကြီးပြီဖြစ်သော ကလေးများသည် ဥပမာအားဖြင့် အားကစားကလပ် အသင်းအဖွဲ့ တစ်ခုတွင် အဖွဲ့ဝင်နိုင်ပါသည်။ ရေကူးရန်အတွက် နွေရာသီတွင် အမိုးမဲ့ ရေကူးကန်များ နေရာအနှံ့အပြားတွင်ရှိပြီး ဆောင်းရာသီတွင် မိုးလုံလေလုံ ရေကူးကန်များလည်း ရှိပါသည်။ မြို့များတွင် ကျောင်းအားလပ်ရက် များ၌ ကလေးများအတွက် အကုန်အကျ မများလှသည့် အထူးအစီအစဉ်များ ပြုလုပ်ပေးပါသည်။ သင်နေထိုင်ရာမြို့တွင်းရှိ Jugendamt (ကလေးပြုစုစောင့်ရှောက်ရေးဌာန) နှင့် မြို့တော်ခန်းမတွင် ဤကိစ္စနှင့်ပတ်သက်၍ သတင်းအချက်အလက်များ ရယူနိုင်ပါသည်။ ကလပ်အသင်းများစွာတို့တွင် ကလေးများအတွက် အထူးအားလပ်ရက် အစီအစဉ်များ ဆောင်ရွက်ပေးပါသည် ။ (ဤအကြောင်းအရာအတွက် အားလပ်ချိန် အပိုင်းကိုလည်း ဖတ်ရှုပါ)

ဂျာမနီတွင် ကလေးများသည် မွေးနေ့ပွဲကို များသောအားဖြင့် အိမ်တွင် ကျင်းပကြပြီး အခြား ကလေးများကိုလည်း မွေးနေ့ပွဲသို့ ဖိတ်ကြားပါသည်။ တစ်ခါတစ်ရံတွင် အခြားကလေးများကို ညအိပ်ညနေ လာရောက် လည်ပတ်ရန်လည်း ဖိတ်ကြားလေ့ရှိပါသည်။ 

Ein Kinderspringseil liegt auf dem Boden. © Goethe-Institut
ရန်ဖြစ်ခြင်း၊ အကြပ်အတည်းများနှင့် မိသားစုအတွင်း ပဠိပက္ခများ

စိတ်သဘောထား မတိုက်ဆိုင်ခြင်း၊ သဝန်တိုခြင်း၊ ရုတ်တရက် တွေ့ကြုံရသော ဘဝအခြေအနေများ စသည်တို့ကြောင့် မိသားစုအတွင်း ရန်ဖြစ်ခြင်း၊ အကျပ်အတည်းများ ရင်ဆိုင်ရခြင်းတို့ ဖြစ်ပါက အိမ်ထောင်ရေးအကြံပေးက အသင့်အား မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချနိုင်ရန် ကူညီပေးနိုင်ပါသည်။ ထို့ပြင် မိသားစုဝန်ပိမှုများကို လျှော့ချနိုင်ရန်အတွက် သတင်းအချက်အလက် ဗဟုသုတများလည်း ရရှိနိုင်ပါသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် မိသားစုအတွင်း ဖိနှိပ်စော်ကားခံရမှု၊ အတင်းအကြပ်ပြုမှု၊ ခြိမ်းခြောက်မှု၊ ခန္ဓာကိုယ်(သို့) လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုများနှင့် ကြုံတွေ့ရပါက အကူအညီရယူရန် မဖြစ်မနေ လိုအပ်ပါသည်။ အရေးပေါ်ဖုန်းနံပါတ်များနှင့် လိုအပ်သည့် သတင်းအချက်အလက်များကို မိသားစုရေးရာဌာနရဲ့ Bundesamt für Familie ဝက်ဆိုက်ဒ်တွင်ရယူနိုင်ပါသည်။ အမျိုးသမီးများအတွက် အထူး အကူအညီပေးမှုများလည်း ရှိပါသည်။

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့သည် အသင်၏ အမည်ကို မဖော်ပြဘဲ အသင်၏ဖောင်ကို အကြံပေးပုဂ္ဂိုလ်များနှင့် နိုင်ငံရွှေ့ပြောင်းလာသောလူငယ်များအတွက် အကြံပေးဝန်ဆောင်မှုများဌာနသို့ ဆက်လက် လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့