Bankkonto und Finanzen Foto: © colourbox.de

စာရင်း

အကယ်၍ သင်သည် ဂျာမဏီနိုင်ငံတွင် နေထိုင် အလုပ်လုပ်ပါက ဘဏ်စာရင်းရှိထားရန် လိုပါသည်။ သင်သည် သင့်ဘဏ်စာရင်းကို အဓိက လမ်းမကြီးတစ်ခုပေါ်ရှိဘဏ် သို့မဟုတ် ငွေစုဘဏ် (Sparkasse) တွင် ဖွင့်ထားနိုင်ပါသည်။ ဘဏ်နှင့် ငွေစုဘဏ်အများစုတွင် ဘဏ်ခွဲများရှိသည်။ သင် အင်တာနက်မှတစ်ဆင့်သာ အသုံးပြုနိုင်သည့် ဘဏ်အချို့ရှိသည်။ ထုံးစံအားဖြင့် သင်သည် ဘဏ်စာရင်းအတွက် အခကြေးငွေအနည်းငယ် ပေးရတတ်ပါသည်။ ယင်းဘဏ်စာရင်းမှာကျောင်းနှင့် တက္ကသိုလ် ကျောင်းသားများအတွက် အခမဲ့ဖြစ်သည်။ ဘဏ်စာရင်းအမျိုးအစားအမျိုးမျိုးရှိသည်။ သင် ထည့်ထားပြီးဖြစ်သည့် စာရင်းထဲမှငွေကို သင်ပြန်ထုတ်ရုံသာ ထုတ်ခွင့်ရှိသည့် အကြွေးဝယ်ခွင့် ဘဏ်စာရင်း။ သင့် ဘဏ်စာရင်းထဲတွင် ငွေလက်ကျန်မရှိတော့သည့်တိုင် ဘဏ်စာရင်းရှိငွေထက် ပိုထုတ်ယူခွင့်ပြုသည့် ဘဏ်စာရင်း (Dispo) တစ်ခုဖြင့်လည်း သင်ငွေထုတ်ယူနိုင်ပါသည်။ ဘဏ်သည် သင့်အား သတ်မှတ်ထားသော ငွေပမာဏကို ထုတ်ချေးသည်။ သို့ရာတွင် သင်သည် ယင်းငွေသာမကအတိုးကိုပါ ပြန်သွင်းပေးရသည်။ အတိုးနှုန်းမှာ မြင့်မားတတ်ပါသည်။ 

ဘဏ်စာရင်းဖွင့်ခြင်း

သင်သည် ဘဏ်စာရင်းဖွင့်လိုပါသလား။ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်စာရင်း ဖွင့်နိုင်ပါသည်။ သို့သော် ပထမဦးစွာဘဏ် / ငွေစုဘဏ်က သင် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားကို အမြဲတမ်း စစ်ဆေးနေရမည် ဖြစ်သည်။ ထို့ကြောင့် သင်သည် သက်သေခံကတ်ပြား သို့မဟုတ် နိုင်ငံကူးလက်မှတ်ကို ပြသရန် လိုပါသည်။

ဘဏ်များစွာတို့သည် သင့်အားဘဏ်စာရင်းကို အွန်လိုင်းမှသော်လည်း၊ စာတိုက်မှသော်လည်းကောင်း ဖွင့်ခွင့်ပြုပါသည်။ ယင်းသို့ဖွင့်ရန်အတွက် သင်သည် စာတိုက် သက်သေခံ အထောက်အထား လုပ်ထုံးလုပ်နည်းကို အသုံးပြုနိုင်ပါသည်။ ဘဏ်က သင့်ထံ ပုံစံစာရွက်များပေးပို့ပေးမည် ဖြစ်သည်။ သင်သည် ယင်းစာရွက်စာတမ်းများနှင့် သက်သေခံလက်မှတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်တို့ကိုယူ၍ ယင်းတို့နှင့်အတူ စာတိုက်သို့သွားနိုင်ပါသည်။ စာတိုက်တွင် သင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေ အထောက်အထား ပြနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ဘဏ်စာရင်းဖွင့်ရန်အတွက် မှတ်ပုံတင်ကတ်လည်း လိုပါသည်။ 

ငွေလွှဲခြင်း

သင်၏ အိမ်ခန်းငှားခနှင့် လစာအတွက် သင်သည် စာရင်းရှင်အပ်ငွေစာရင်းလိုပါသည်။ သင်၏ အလုပ်ရှင်ကသင်၏ လစာကို ငွေစာရင်းမှ တိုက်ရိုက်ထုတ်ငွေဖြင့်ပေးပါသည်။ ပုံမှန်အားဖြင့် သင်သည် အိမ်ခန်းငှားခကို ငွေစာရင်းမှထုတ်ငွေဖြင့်ပေးရမည်ဖြစ်သည်။ သင်သည် ပုံမှန်ငွေပေးချေမှုများအတွက် တိုက်ရိုက်ထုတ်ငွေ စာရင်းတစ်ခု ဖွင့်ထားနိုင်ပါသည်။ အခြားသော ငွေပေးချေမှုများအတွက်မူဘဏ်မှ ပုံစံစာရွက်ဖြစ်သည့် ငွေလွှဲစလစ် ရယူနိုင်ပါသည်။သင် ငွေမည်မျှ ပေးချေလိုသနည်း။ ငွေလက်ခံမည့်သူမှာ မည်သူနည်း။ ယင်း အချက်အလက်များကို ငွေလွှဲစလစ်စာရွက်တွင် ရေးသွင်းနိုင်ပါသည်။ ထို့နောက် သင်သည် ငွေလွှဲစလစ်ကို ဘဏ်တွင် ပေးအပ်နိုင်ပါသည်။ သင်သည် ငွေကို အွန်လိုင်းမှတစ်ဆင့် ပေးချေလိုပါသလား။ သင် ဘဏ်စာရင်းဖွင့်နေစဉ်တွင် သင်သည် အွန်လိုင်ဘဏ်လုပ်ငန်း သို့မဟုတ် နိုင်ငံတွင်း ဘဏ်လုပ်ငန်းဖြင့် ငွေပေးချေလိုကြောင်း သူတို့ကို အသိပေးပြောကြားပါ။ 

(၂၀၁၄)ခုနှစ်ကတည်းက ဥရောပနိုင်ငံ (၃၄)နိုင်ငံတွင် SEPA ငွေလွှဲစနစ်ကို ကျင့်သုံးပါသည်။ ယူရိုငွေကို အတတ်နိုင်ဆုံး လွယ်လွယ်ကူကူလွှဲနိုင်ရန် ဖြစ်ပါသည်။ IBAN က ဘဏ်အကောင့်နံပါတ်ကို ဆိုလိုပြီး၊ BIC ကမူ ဘဏ်ကုဒ်နံပါတ်ကို ဆိုလိုပါသည်။ IBAN နှင့် BIC တို့ကို သင်၏ EC ကဒ်ပေါ်တွင် ရှာတွေ့နိုင်ပါသည်။

EC ကတ်နှင့် အကြွေးဝယ်ခွင့်ကတ်

သင်၏ စာရင်းရှင်အပ်ငွေစာရင်းအတွက် သင့်အားEC ကတ် ထုတ်ပေးမည်ဖြစ်သည်။ အကယ်၍ သင် အလိုရှိပါက သင်သည် အကြွေးဝယ်ခွင့်ကတ် (ဥပမာMasterCard၊ Visa) ကိုလည်း ရနိုင်ပါသည်။ ပုံမှန်အားဖြင့် သင်သည် အကြွေးဝယ်ခွင့်ကတ်အတွက် တစ်စုံတစ်ခု ပေးရန်လိုပါသည်။ ဘဏ်က သင့်အားEC ကတ် နှင့် / သို့မဟုတ် အကြွေးဝယ်ခွင့်ကတ်ကို စာတိုက်မှတစ်ဆင့် ပေးပို့လေ့ရှိသည်။ သင်သည် ကတ်ပေါ်တွင် လက်မှတ်ရေးထိုးရပါမည်။ ရက်အနည်းငယ်ကြာပြီးနောက် သင်သည် သင်၏ ကတ်အတွက် လျှို့ဝှက် ကုတ်နံပါတ်ဖြစ်သည့် PIN နံပါတ်ကို စာတိုက်မှတစ်ဆင့် လက်ခံရရှိမည်ဖြစ်သည်။ သင်သည် PIN နံပါတ်ကို မှတ်ထားရန် လိုပါသည်။

သင်သည် EC ကတ်ဖြင့် ATM ငွေထုတ်စက်များ အားလုံးတွင် ငွေထုတ်နိုင်ပါသည်။ ယင်းသို့ထုတ်ရန် အတွက် သင်သည် PIN နံပါတ် အမြဲလိုပါသည်။ သင်သည် ဆိုင်အချို့နှင့် အင်တာနက်တို့တွင် အကြွေးဝယ်ခွင့် ကတ်ဖြင့် ငွေပေးချေနိုင်ပါသည်။ သင်သည် သင်၏ဘဏ်ခွဲတွင် ငွေလက်ငင်း ပေးချေနိုင်ပါသည်။ 

အကယ်၍ သင်၏ ကဒ် ပျောက်ဆုံးသွားခဲ့သော်၊ သို့မဟုတ် အခိုးခံရသော် ကဒ်ကို အမြန်ဆုံး ပိတ်သိမ်းရန် လိုပါသည်။ ပိတ်သိမ်းရန် အရေးပေါ်နံပါတ် 116116 ကို ဖုန်းခေါ်ဆိုပါ။

အတိုး

သင့်ဘဏ်စာရင်းထဲရှိ စာရင်းရှင်အပ်ငွေပေါ်မူတည်၍ သင်သည် အတိုးနှုန်းအနည်းငယ်သာ ရရှိမည် ဖြစ်ပါသည်။ အကယ်၍ သင်ငွေစုလိုပါက သင်သည် အရန်သင့် ထုတ်နိုင်သည့် ဘဏ်စာရင်း သို့မဟုတ် စုငွေစာရင်း ဖွင့်နိုင်ပါသည်။ ထိုအခါ သင့်အား စာရင်းရှင် အပ်ငွေစာရင်းအတိုးနှုန်းထက် အနည်းငယ် ပိုများသော အတိုးနှုန်းကို ပေးမည်ဖြစ်သည်။ 

အမေးများသော မေးခွန်းများ

ကျွန်ုပ်၏မြို့တွင် ဘဏ်အမျိုးမျိုး အများအပြားရှိသည်။ ကျွန်ုပ်သည် မည်သည့်ဘဏ်တွင် ဘဏ်စာရင်း ဖွင့်သင့်ပါသနည်း။

ကျွန်ုပ်သည် အေတီအမ်စက်များအားလုံးမှ ကျွန်ုပ်၏ EC ကတ်ဖြင့် ငွေထုတ်ယူနိုင်ပါသလား။

ကျွန်ုပ်သည် ဆိုင်တစ်ဆိုင်တွင် EC ကတ်ဖြင့် ဈေးဝယ်နိုင်ပါသလား။

ကျွန်ုပ်သည် ကျွန်ုပ်၏ဘဏ်စာရင်းမှ နိုင်ငံခြားသို့ ငွေလွှဲ၍ရနိုင်ပါသလား။

ကျွန်ုပ် ကားတစ်စီးဝယ်ယူလိုပါသည်။ သို့သော် ကျွန်ုပ်တွင် မည်သည့်ငွေမျှ မရှိပါ။ ကျွန်ုပ်သည် ဘဏ်မှ ငွေချေးနိုင်ပါသလား။

ကျွန်ုပ်သည် ဘဏ်မှ ချေးငွေရထားပါသည်။ သို့သော် ငွေပြန်မဆပ်နိုင်ပါ။ ကျွန်ုပ်ဘာလုပ်ရမည်နည်း။

 မေးခွန်းများ ထပ်မံမေးမြန်းလိုပါသလား။ လူငယ်ရွှေ့ပြောင်း နေထိုင်မှု ဝန်ဆောင်မှုလုပ်ငန်းများရှိ အကြံပေးပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပါ။ 

က ပေးသည့် အွန်လိုင်းအကြံဉာဏ်