Gesundheit und Versicherungen Foto: © colourbox.de
ဗီဇာနှင့်အတူပြောင်းရွှေ့လာသောလူများအတွက်

သင်ဖျားနာပါက ဘာလုပ်ရမည်နည်း။

အအေးမိခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်း စသည့် သာမန်ဖျားနာမှုများဖြစ်လျှင်သင်သည်ဆေးဆိုင်တွင်ဆေးဝယ်ယူနိုင်ပါသည်။သို့သော်ဆေးအများစုကိုဆေးစာပါမှသာဝယ်ယူရရှိနိုင်ပါသည်။ဆေးစာသည်ဆရာဝန်တစ်ယောက်ကရေးသားထားခြင်းဖြစ်ရပါမည်။ထိုအခါဆေးဆိုင်တွင်ယင်းဆေးစာကိုပြ၍ဆေးဝယ်နိုင်ပါသည်။ကုန်ကျစရိတ်ကိုသင်ကသာပေးရမည်ဖြစ်သည်။

ဆေးဆိုင်များသည်ပုံမှန်တနင်္လာနေ့မှသောကြာနေ့အထိနံနက်(၈)နာရီမှညနေ(၆)နာရီခွဲသို့မဟုတ်(၆)နာရီအထိဖွင့်လေ့ရှိပြီး၊စနေနေ့တွင်မူမွန်းလွဲ (၁)နာရီ တွင်ဆိုင်ပိတ်ပါသည်။သို့သော်မြို့ကြီးပြကြီးများတွင်အချို့ဆေးဆိုင်များသည်ည(၈)နာရီအထိဖွင့်ပါသည်။စနေ၊တနင်္ဂနွေနှင့်ညအချိန်တို့တွင်အရေးပေါ်ဝန်ဆောင်မှုထားရှိပါသည်။
 

ဆရာဝန်နှင့် တွေ့ဆုံခြင်း

သင်အလွန်ဖျားနေပါသလား။ အကောင်းဆုံးနည်းလမ်းမှာ အထွေထွေကု ဆရာဝန်ထံမှ ရက်ချိန်း တောင်းခြင်း ဖြစ်ပါသည်။ သင်၏ ကလေးဖျားနေပါသလား။ ဖျားနေလျှင် ကလေးအထူးကုနှင့်ပြပါ။ သာမန်အားဖြင့် သင်သည် တနင်္လာနေ့မှ သောကြာနေ့အထိသာ ဆရာဝန်နှင့် ပြနိုင်ပါသည်။ သို့သော် စနေ/တနင်္ဂနွေနှင့် ညအချိန်တို့တွင် ရုံးချိန်ပြင်ပဆရာဝန် ဆေးကုသမှုစနစ်ထားရှိပါသည်။

အကယ်၍ သင်သည် ဆရာဝန်ထံမှ ရက်ချိန်းရထားပါက သင်၏ ကျန်းမာရေး အာမခံ ကုမ္ပဏီထံမှ ကျန်းမာရေး ကတ်ပြားယူရန် လိုပါသည်။ ဆရာဝန်နှင့် ပထမဆုံးအကြိမ်ပြပါက သင်၏ ကိုယ်ရေးအချက် အလက်များနှင့် သင့်ရောဂါနှင့် ပတ်သက်သည့် အချက်အလက်များအကြောင်း မေးခွန်းတစ်စုံကို ဖြည့်စွက် ဖြေကြားရန် လိုပါသည်။ မှတ်ပုံတင်ပြီးသည်နှင့် သင်သည် စောင့်ဆိုင်းခန်းတွင် စောင့်နေရပါမည်။ သူတို့က သင်၏ အမည်ကို ခေါ်မည်ဖြစ်သည်။ ယင်းမှာ မိနစ်အနည်းငယ်သာ ကြာတတ်ပါသည်။ သို့သော် တစ်ခါတစ်ရံတွင် တစ်နာရီ သို့မဟုတ် ယင်းထက်မက ကြာနိုင်ပါသည်။

စမ်းသပ်ခန်းတွင် ဆရာဝန်က သင့်ကို အကြိုမေးခွန်းအချို့မေးမြန်းမည်ဖြစ်သည်။ ဤနေရာတွင် သင်သည် ရောဂါလက္ခဏာများကို ရှင်းလင်းတိကျစွာ ဖြေကြားသင့်ပါသည်။ ဘယ်နားက နာတာလဲ။ နာနေတာ ဘယ်လောက်ကြာပြီလဲ။ အရင်က ဒီလိုနာဖူးလား။ သင့်ကို မေးမြန်းပြီးနောက် ဆရာဝန်က သင့်ကို စစ်ဆေးမည် ဖြစ်သည်။ ယင်းနောက် သူက ဆေးစစ်တမ်းရေးမည်ဖြစ်သည်။ ၎င်းက သင်ဖြစ်နေသည့် ရောဂါကို ပြောပြမည် ဖြစ်သည်။ 

အကယ်၍ သင်သည် နည်းလမ်းတကျ ကျန်းမာရေးအာမခံရှိထားလျှင် ဆရာဝန်နှင့် သွားပြသည့်အခါ ပိုက်ဆံပေးရန် မလိုပါ။ သို့သော် မိမိ၏ သီးသန့်လိုအပ်ချက်များအတွက်တော့ ငွေပေးချေရပါမည်။ ၄င်းကို ဆရာဝန်က ညွှန်ကြားပါသည်။

ဆေးမှတ်တမ်းနှင့် အထူးကုဆရာဝန်များ

ဆရာဝန်ကသင့်ကိုစစ်ဆေးပြီးသည်နှင့်သင့်အတွက်ဆေးမှတ်တမ်းရေးပေးမည်ဖြစ်သည်။သူကဆေးညွှန်းကိုလည်းရေးပေးမည်ဖြစ်သည်။နောက်တစ်ကြိမ်စစ်ဆေးရန်အတွက်သင့်အားရက်ချိန်းလည်းထပ်ပေးနိုင်ပါသည်။သို့မဟုတ်ယင်းအထွေထွေကုဆရာဝန်ကသင့်အားအထူးကုဆရာဝန်ဥပမာအားဖြင့်နား၊နှာခေါင်းအထူးကု၊အရိုးအထူးကုသို့မဟုတ်သားဖွားမီးယပ်အထူးကုထံလွှဲပေးမည်ဖြစ်သည်။ထိုသို့ လွှဲပြောင်းပေးသည့် သတင်းအချက်အလက်ကို သင်၏ မိသားစုဆရာဝန်ကလည်း ရရှိပါသည်။ ထိုအခါယင်းအထူးကုများကသင့်ကိုထပ်မံစစ်ဆေးမည်ဖြစ်သည်။

ကနဦးဆေးစစ်ခြင်းများ

နာမကျန်းဖြစ်ခြင်းများကို ရှောင်လွှဲနိုင်ရန် သို့မဟုတ် ပိုမိုဆိုးဝါးမလာစေရန်၊ သို့မဟုတ် တင်ကြိုသိရှိနိုင်ရန် ကနဦးဆေးစစ်ခြင်းများ ရှိပါသည်။ အချို့ကနဦးဆေးစစ်ခြင်းများအတွက် အခမဲ့များ ရှိပြီး၊ အချို့ကို မိမိဘာသာပေးချေရပါမည်။
ကလေးများအတွက်လည်း ၄င်းတို့၏ ဖွံ့ဖြိုးမှုများကို စစ်ဆေးပေးသော ကနဦးတင်ကြိုဆေးစစ်ခြင်းများလည်း ရှိပါသည်။ ထို့အပြင် ၀က်သက်ကာကွယ်ဆေးကဲ့သို့သော ကာကွယ်ဆေးထိုးခြင်းများလည်း ရှိပါသည်။
အသက် (၃၅)နှစ်မှစကာ နှလုံးရောဂါစစ်ဆေးခြင်း၊ ဆီးချို၊ သွေးချိုနှင့် ကင်ဆာစစ်ဆေးခြင်းများ ရှိသည်။ အမျိုးသမီးများအတွက်မူ ရင်သားစစ်ဆေးခြင်းများ ရှိသည်။
လိင်ကွဲပြားမှုအပေါ်မူတည်၍၊ အသက်အပေါ်မူတည်၍၊ မိသားစုတွင်း နာမကျန်းဖြစ်ခြင်း၊ သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းတို့အတွက် သီးသန့်ဆေးစစ်ခြင်းများ ရှိပါသည်။ ခရီးသွားခြင်းအတွက်၊ ဂျာမနီနိုင်ငံတွင် နေထိုင်ခြင်းအတွက်မူ တိကျသေချာစွာ သတ်မှတ်ထားသော ကာကွယ်ဆေးများထိုးရန် အကြံပြုပါသည်။ သင်၏ ဆရာဝန်နှင့် ပြောဆိုဆွေးနွေးပါ။
 

အရေးပေါ်အခြေအနေများအတွက် အရေးကြီးဆုံး နံပါတ်များ

အရေးပေါ်နံပါတ်များအားလုံးကို အခမဲ့ခေါ်ဆိုနိုင်ပြီး၊ ဖုန်းဘေလ်မရှိလျှင်လည်း ခေါ်ဆိုနိုင်ပါသည်။
 
ရဲ။ ။ 110
ရဲများသည် ပြစ်မှုခင်းများ၊ ပြင်းထန်သော ယာဉ်မတော်တဆမှုများ၊ ဆေးပညာဆိုင်ရာမဟုတ်သော အရေးပေါ်အခြေအနေများအတွက် တာဝန်ရှိသည်။
သင်၏ အမည်ကို ပြောပါ။
ဘယ်နေရာမှာ ဖြစ်သည်။
ဘာဖြစ်သည်။
လူဘယ်နှယောက်နှင့် သက်ဆိုင်သည်။
ဒဏ်ရာအနာတရ ဖြစ်သလား
တစ်ဘက်က ပြန်လည်မေးမြန်းသည်ကိုလည်း စောင့်ဆိုင်းပါ။
 
မီးသတ်တပ်ဖွဲ့၊ အရေးပေါ်၊ ကယ်ဆယ်ရေး။ ။ ၁၁၂
နံပါတ် ၁၁၂ သည် အသက်အန္တရာယ်ရှိသော အခြေအနေများ၊ နှလုံးရှော့ခ်ဖြစ်ခြင်း၊ လေဖြတ်ခြင်း၊ သို့မဟုတ် ပြင်းထန်သော မတော်တဆမှုများအတွက် ဖြစ်သည်။ ဒဏ်ရာပြင်းထန်ခြင်း၊ မပြင်းထန်ခြင်းကို သံသယပွားမနေဘဲ ကယ်ဆယ်ရေးကို ဖုန်းဆက်အကြောင်းကြားပါ။ ၄င်းက အသက်တစ်ချောင်းကို ကယ်တင်နိုင်ပါသည်။
 
ဆရာဝန်များ အသင့်ရှိခြင်း။ ။ ၁၁၆၁၁၇
အရေးပေါ်ကိစ္စဖြစ်လျှင်၊ စနေ၊ တနင်္ဂနွေတွင် ကယ်ဆယ်ရေးကို အကြောင်းကြားနိုင်သည်။
ထို့အတွက် အနီးဆုံးအရေးပေါ်ဆေးကုခန်းသို့လည်း သွားရောက်နိုင်သည်။ များသောအားဖြင့် အရေးပေါ်ဆေးကုခန်းများသည် ဆေးရုံများတွင် ဖွင့်လှစ်ထားပြီး၊ သောကြာနေ့ည (၁၀)နာရီထိ ဖွင့်ထားသည်။ နောက်တစ်နည်းမှာ ဖုန်းနံပါတ် ၁၁၆၁၁၇ ကို ဖုန်းခေါ်ခြင်းဖြစ်သည်။ ၄င်းခေါ်ဆိုမှုအတွက် အခမဲ့ဖြစ်ပြီး၊ တစ်နိုင်ငံလုံးကို ရောက်နိုင်သည်။ ထိုသို့ခေါ်ဆိုလျှင် အနီးဆုံးဆရာဝန်ရှိရာကို ညွှန်းဆိုပေးပါလိမ့်မည်။ ဆရာဝန်ကို အိမ်သို့ပင့်ချင်လျှင်လည်း ခေါ်ဆိုမှုဗဟိုဌာနက ဆောင်ရွက်ပေးပါသည်။
 
သွားဆရာဝန်။ ။ ၀၁၈၀၅၊ ၉၈၆၇၀၀
ဆေးခန်းများ၏ ဖုန်းနံပါတ်ကို ရရှိနိုင်ပြီး၊ ၄င်းဆေးခန်းများသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်သည်။
 
ကလေးများအတွက်
ကလေးများအတွက်လည်း လူကြီးများခေါ်ဆိုသော အရေးပေါ်နံပါတ်များကို ခေါ်ဆိုနိုင်သည်။ သို့သော် ကလေးများနှင့် မည်သို့ပြုမူဆက်ဆံရမည်၊ မြန်မြန်နှင့် မှန်မှန်ပြန်လည်တုံ့ပြန်နိုင်မှုသည် အရေးကြီးပါသည်။ ပထမဦးစွာ ကလေးကို သက်တောင့်သက်သာဖြစ်စေပြီး၊ ချော့မြူပါ။ ကလေးကို စိတ်ငြိမ်အောင်ပြုလုပ်ရန်မှာ အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခုအတွက် လွန်စွာအရေးကြီးပါသည်။ ဒဏ်ရာအနာတရများကို သန့်ရှင်းစွာ ဆေးကြောသန့်စင်နိုင်ရန် ကိရိယာအပြည့်အစုံပါဝင်သော ရှေးဦးသူနာပြုသေတ္တာတစ်ခုလည်း အိမ်တွင် ထားရှိသင့်ပါသည်။
 
ကလေးနှင့် လူငယ်များအတွက် ဖုန်းလိုင်း။ ။ ၀၈၀၀၊ ၁၁၁၀၃၃၃
ကလေးများနှင့် လူငယ်များအတွက် အင်တာနက်ဆိုင်ရာ လုံခြုံရေးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြုမူခြင်းတို့အတွက် ဖုန်းလိုင်း။
 
မိဘများအတွက်။ ။ ၀၈၀၀၊ ၁၁၁၀၅၅၀
ကလေးထိန်းကျောင်းခြင်းနှင့် ပတ်သက်သည့် မေးခွန်းများ၊ web care၊ ကလေးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း အပြင်အခြားသော ကလေးများနှင့် မိဘများအကြား ပြဿနာများအတွက် ဖုန်းခေါ်ဆိုနိုင်သည်။
 
အကူအညီတောင်းဆိုခြင်း (အမျိုးသမီးများအား အကြမ်းဖက်ခြင်း)။ ။ ၀၈၀၀၀၊ ၁၁၆၀၁၆
အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် အကြံပေးဝန်ဆောင်မှု၊ အခမဲ့ဖြစ်ပြီး၊ မိမိအမည် ပြောဆိုရန်မလိုဘဲ ပိတ်ရက်မရှိ၊ အချိန်တိုင်းခေါ်ဆိုနိုင်ပါသည်။
 
ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အရေးပေါ် (လုံခြုံစိတ်ချရသော ဖုန်းလိုင်း)။ ။ ၀၈၀၀၊ ၄၀၄၀၀၂၀
 
စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်း။ ။ ၀၈၀၀၊ ၁၁၁၀၁၁၁
မိမိ၏ လက်တွဲဖော်နှင့် ပြဿနာရှိခြင်း၊ ကျောင်း သို့မဟုတ် အလုပ်ခွင်တွင် အနိုင်ကျင့်ခံရခြင်း၊ အလုပ်ခွင်ပျောက်ဆုံးခြင်း၊ နာမကျန်းဖြစ်ခြင်း၊ အထီးကျန်ခြင်းနှင့် အခြားသော စိတ်ပိုင်းဆိုင်ရာများအတွက် ၄င်းနံပါတ်ကို ခေါ်ဆိုနိုင်ပါသည်။
 
တစ်စုံတစ်ခု (ဥပမာ။ ။ ဘဏ်ကဒ်) ကိုပိတ်သိမ်းလိုလျှင်။ ။ ၁၁၆၁၁၆
EC ကဒ်နှင့် အကြွေးဝယ်ခွင့်ကဒ်များ၊ မှတ်ပုံတင်များ ခိုးခံရလျှင် ၄င်းတို့ကို ပိတ်သိမ်းနိုင်ရန် ယင်းနံပါတ်ကို ဖုန်းခေါ်ဆိုနိုင်ပါသည်။

အာမခံမူဝါဒအမျိုးမျိုး

လူတိုင်းသည် အန္တရာယ်များနှင့် နေထိုင်နေရပါသည်။ ဥပမာအားဖြင့် အန္တရာယ်တစ်ခုမှာ ဖျားနာခြင်း သို့မဟုတ် အလုပ်မလုပ်နိုင်ခြင်း (သင် အလုပ်ဆက်မလုပ်နိုင်တော့ခြင်း) ဖြစ်သည်။ ယင်းကဲ့သို့သော အခြေအနေမျိုးတွင် သင်အပိုကုန်ကျငွေများ ရုတ်တရက် သုံးစွဲရပါမည်။ ထို့ကြောင့် ယင်းကုန်ကျစရိတ်များ အားလုံးကို သင်တစ်ဦးတည်း ကျခံရမည် မဟုတ်ပေ။ သင်သည် အာမခံထုတ်ယူနိုင်ပါသည်။ အာမခံထားရန် အတွက် သင်သည် အာမခံကုမ္ပဏီတစ်ခုအား လစဉ် သို့မဟုတ် နှစ်စဉ် ငွေပေးသွင်းထားခြင်း ဖြစ်ပါသည်။ နာမကျန်းဖြစ်ပါက သို့မဟုတ် အလုပ်မလုပ်နိုင်တော့ပါက အာမခံ ကုမ္ပဏီက သင့်အား ငွေထုတ်ပေးပါသည်။ဂျာမဏီတွင် အာမခံအမျိုးအစား အချို့မှာ မထားမနေရဖြစ်သည်။ လူတိုင်း ယင်းမူဝါဒများကို လိုက်နာရသည်။ အခြားသော အာမခံအမျိုးအစားမှာ မိမိသဘောအတိုင်းဖြစ်သည်။ သင် ဆန္ဒရှိပါက အာမခံထားနိုင်ပါသည်။

မထားမနေရ အာမခံ

အရေးအကြီးဆုံး မထားမနေရ အာမခံ အစီအစဉ်များမှာ ကျန်းမာရေးအာမခံ၊ ပင်စင်အာမခံနှင့် အလုပ်လက်မဲ့အာမခံတို့ ဖြစ်ကြသည်။ ကျန်းမာရေးအာမခံမှာ သင်ဆရာဝန်ထံသွားပြရသည့် ကုန်ကျစရိတ်များ သို့မဟုတ် သင်လိုအပ်သည့် ဆေးဝါးများအတွက် ကုန်ကျစရိတ်များကု ထုတ်ပေးသောငွေဖြစ်ပါသည်။ အလုပ်လက်မဲ့အာမခံမှာအကယ်၍သင်အလုပ်ပြုတ်သွားလျှင် သို့မဟုတ် သင် အလုပ်အသစ် မရသေးလျှင် တစ်နှစ်အထိငွေထုတ်ပေးခြင်း ဖြစ်ပါသည်။ ပင်စင်အာမခံမှာလည်း ဝန်ထမ်းများ မထားမနေရ ဖြစ်ပါသည်။ သင်အိုမင်းသောအခါ သင်အလုပ် ဆက်မလုပ်နိုင် တော့ပေ။ ပင်စင် အာမခံ အစီအစဉ်မှာသင် ဆက်လက် မှီခိုရမည့်ဝင်ငွေအတွက် ပေးသောငွေဖြစ်ပါသည်။သင့်တွင် အလုပ်ရှင်ရှိပါသလား။ ရှိပါက ကျန်းမာရေးအာမခံနှင့် လူမှုရေးအာမခံများကို သင်အားလုံးပေးရန်မလိုပါ။ သင်၏ အလုပ်ရှင်က ယင်းငွေ၏ တစ်ဝက်နီးပါးကို စိုက်ထုတ်ပေးမည်ဖြစ်သည်။ အကယ်၍သင့်တွင် ကားသို့မဟုတ် မော်တော်ဆိုင်ကယ် ရှိပါကသင်သည် ယာဉ်အာမခံထားရန်လည်းလိုပါသည်။ သင်သည် ယာဉ်မတော်တဆမှုဖြစ်ပြီးအခြားသောကားမှာပျက်စီးသွားပါကဘာဖြစ်သွားမည်နည်း။ ပြင်ဆင်ရန် အတွက်ငွေ သို့မဟုတ် ယင်း၏ တစ်စိတ်တစ်ဒေသကို ယာဉ်အာမခံက စိုက်ထုတ်ပေးပါသည်။

မိမိဆန္ဒအလျောက် ထားသည့် အာမခံ

အရေးအကြီးဆုံး မိမိဆန္ဒအလျောက်ထားသည့် အာမခံမူဝါဒများမှာ တာဝန်ယူရမှု အာမခံ၊ အိမ်နှင့် အိမ်တွင်း ပစ္စည်းအာမခံနှင့် အသက်အာမခံတို့ ဖြစ်သည်။ သင့်ကြောင့် အခြားသူတစ်ဦး၏ ကိုယ်အင်္ဂါ အစိတ် အပိုင်း ကျိုးပဲ့သွားဖူးပါသလား။ သို့ဖြစ်ပါက တာဝန်ယူရမှုအာမခံကယင်းအတွက် ငွေစိုက်ထုတ်ပေးပါသည်။ အကယ်၍ သင့်အိမ်တွင်းရှိ ပစ္စည်းများ ပျက်စီးသွားလျှင် ဥပမာ ရေပေးဝေမှုစနစ် ပျက်စီးသွားလျှင် အိမ်နှင့် အိမ်တွင်း ပစ္စည်းအာမခံက ယင်းအတွက် ငွေစိုက်ထုတ်ပေးပါသည်။ အကယ်၍ သင် သေဆုံးသွားပါက အသက်အာမခံ မူဝါဒက ငွေထုတ်ပေးပါသည်။ ဥပမာအားဖြင့် ယင်းအာမခံငွေကို သင့်သားသမီးများအား ထုတ်ပေးနိုင်ပါသည်။

ထို့ပြင် အခြားသော အာမခံ မူဝါဒများလည်းရှိပါသည်။ အကယ်၍ သင်သည် အလုပ်ချိန်ပြင်ပတွင် မတော်တဆမှု ဖြစ်ပွားပါက ဥပမာ သီးခြား မတော်တဆ အာမခံက ငွေထုတ်ပေးပါသည်။ ဥပဒေ အကာအကွယ် အာမခံမှာ ဥပဒေ အကူအညီအတွက် ဥပမာ ရှေ့နေငှားရန် ဖြစ်ပါသည်။ ငွေပေးချေမှု အကာအကွယ်အာမခံ၊ ခရီးသွားအာမခံနှင့် အိမ်မွေး တိရစ္ဆာန် အာမခံတို့ကိုလည်း ထားနိုင်ပါသည်။ သို့သော် သင်သည် မည်သည့် အာမခံထားသင့်သည်ကို သေသေချာချာ စဉ်းစားပါ။ သတိထားရမည့် အချက်မှာ အာမခံမူဝါဒတိုင်းအတွက် ငွေပေးရသည်ဟူသည့် အချက်ပင်ဖြစ်သည်။ 

For asylum seekers

In the Event of Illness

In an emergency, refugees who are awaiting a reply in their asylum process can see a doctor. That’s the law. Before you can go to a doctor, you have to apply for a special health insurance voucher with the social welfare office. Please take this voucher with to your doctor’s appointment so that the social welfare office can pay for the medical costs. Sometimes a doctor may prescribe medication. Take the prescription to a pharmacy to receive your medication. The costs are paid by the social welfare office. Pregnant women or mothers with babies are granted special support from the state.

If you have been living in Germany for more than 15 months, you will no longer need a health insurance voucher when you want to see a doctor. The social welfare office will pay in the same way as a health insurance. However, only standard examinations are covered. The social welfare office will not pay for glasses or travel expenses to reach the doctor. Regulations may vary for children.

In Germany, everybody who has health insurance also has a health insurance card. In the federal states of Hamburg and Bremen, every refugee also receives a health insurance card. This card means that you no longer need a health insurance voucher and can go directly to the doctor. However, this does not mean that you have health insurance. The social welfare office will pay for standard examinations only.

Psychological Problems

The same applies to psychological problems: In the beginning you may only see a doctor in an emergency. However, many towns have advice centres that can help. A doctor can also tell you where you can get help.

အမေးများသော မေးခွန်းများ

ကျွန်ုပ်နေသည့်မြို့ရှိ မည်သည့်နေရာတွင် အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကို ရှာတွေ့နိုင်ပါသနည်း။

ကျွန်ုပ်သည် အထူးကုဆရာဝန် တစ်ဦးထံသို့ တိုက်ရိုက်သွားတွေ့နိုင်ပါသလား။

ကျွန်ုပ်နေထိုင်ရာ နေရာတွင် အရေးပေါ် ဆရာဝန်တစ်ယောက်ကို မည်ကဲ့သို့ရှာဖွေရမည်နည်း။

ကျွန်ုပ်သည် ကျန်းမာရေး ကတ်ပြားကို မည်ကဲ့သို့ထုတ်ယူရမည်နည်း။

ကျွန်ုပ် နာမကျန်းဖြစ်နေပြီး အလုပ်မဆင်းနိုင်ပါက ကျွန်ုပ်ဘာလုပ်ရမည်နည်း။

ကျွန်ုပ်၏ မိခင်ဘာသာစကားပြောနိုင်သည့် ဆရာဝန်တစ်ယောက်ကို ကျွန်ုပ်မည်ကဲ့သို့ ရှာဖွေရမည်နည်း။

What is the difference between a medical practice and a hospital?

ကျွန်ုပ်သည် ကျန်းမာရေး အာမခံနှင့် ပင်စင်အာမခံတို့အတွက် ငွေမည်မျှ ပေးသွင်းရမည်နည်း။

ကျွန်ုပ်၏ကုမ္ပဏီသည် ကျွန်ုပ်၏ ကျန်းမာရေးအာမခံနှင့် ပင်စင်အာမခံ ပေးရပါမည်။ ကျွန်ုပ်သည် ယင်းငွေကို မည်ကဲ့သို့ ရရှိပါမည်နည်း။

ကျွန်ုပ်သည် ဝင်ငွေအမြောက်အမြားရှိပြီး ဥပဒေအရပြဋ္ဌာန်းထားသော ကျန်းမာရေးအာမခံမှာ ဈေးကြီးလွန်းပါသည်။ အခြားနည်းလမ်းများ ရှိပါသလား။

ကျွန်ုပ်သည် ပင်စင် အာမခံကုမ္ပဏီကို မည်သည့်နေရာတွင် ရှာရပါမည်နည်း။

ကျွန်ုပ်အိုသွားချိန်တွင် ပင်စင်အာမခံအစီအစဉ်က ကျွန်ုပ်အား ငွေထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ယင်းငွေသည် ကျွန်ုပ် ယခုဝင်ငွေလောက် များပါမည်လား။

အကယ်၍ ကျွန်ုပ်သည် အခြားကားတစ်စီးကို တိုက်မိပါက ကားအာမခံက စိုက်ထုတ်ပေးပါသလား။ သို့သော် အကယ်၍ မတော်တဆမှုတစ်ခုတွင် ကျွန်ုပ်၏ကားပျက်စီးသွားပါက ကျွန်ုပ်ဘာလုပ်ရမည်နည်း။

ကျွန်ုပ်သည် ကျွန်ုပ်၏ခွေးအတွက် အာမခံမူဝါဒ ရှာဖွေနေပါသည်။ မည်သည့် အာမခံ အမျိုးအစားက ကောင်းပါသနည်း။

ကျွန်ုပ်သည် အာမခံနှင့်ပတ်သက်၍ မေးစရာများစွာရှိပါသည်။ ကျွန်ုပ်ကို မည်သူက ကူညီနိုင်ပါသနည်း။

 မေးခွန်းများ ထပ်မံမေးမြန်းလိုပါသလား။ လူငယ်ရွှေ့ပြောင်း နေထိုင်မှု ဝန်ဆောင်မှုလုပ်ငန်းများရှိ အကြံပေးပုဂ္ဂိုလ်များနှင့် ဆက်သွယ်ပါ။ 

က ပေးသည့် အွန်လိုင်းအကြံဉာဏ်