Auf einem Tisch stehen Stiftehalter mit vielen bunten Stiften und Bastelscheren. Daneben liegen selbstgemate Bilder von Kindern. © Goethe-Institut

အသက်၃နှစ်အထိ ကလေးငယ်များ

သင်နှင့် သင်၏ အိမ်ထောင်ဖက် နှစ်ဦးစလုံး အလုပ်ရှိပြီး အသင်တို့တွင် ကလေးငယ် (လသားမှ အသက် ၃ နှစ်အထိ) ရှိပါသလား။ ဤသို့ဆိုလျှင် ကလေးကို ကလေးထိန်းကျောင်းတွင် အပ်နှံနိုင်ပါသည်။ ကလေးထိန်း ကျောင်းများတွင် ကျောင်းသားဦးရေ ပြည့်နေတတ်သောကြောင့် စောနိုင်သမျှ စော၍ အပ်နှံသင့်ပါသည်။ အသက် ၃ နှစ်မှစ၍ ကလေးငယ်များကို မူကြိုပို့နိုင်ပါသည်။ မူကြိုကျောင်းတွင် ကလေးများသည် ကစားခြင်း၊ သီချင်းဆိုခြင်း၊ ပုံဆွဲခြင်း၊ စက္ကူရုပ်လေးများခေါက်ခြင်း စသည်တို့ ပြုလုပ်ရပါသည်။ မူကြိုကျောင်း များစွာတို့တွင် ကလေးထိန်းများသည် ကလေးများကို နွေရာသီ၌ ကျောင်းပြင်ပသို့ ခေါ်သွားလေ့ရှိပါသည်။ မူကြိုကျောင်းများသည် မကြာခဏ ဆိုသလို ကလေးငယ်များ၏ ဘာသာစကားစွမ်းရည် တိုးမြှင့်ရေး အစီအစဥ်များလည်း ပြုလုပ်လေ့ ရှိပါသည်။ ဥပမာအားဖြင့် ကလေးများနှင့်အတူ ဘာသာစကား စာလုံးကစားနည်းများ ကစားကြပြီး ကလေးငယ်များကို ပုံပြင်များ ဖတ်ပြကြပါသည်။

Auf einer Straße sind mit Straßenkreide eine Blume, ein Regebogen und eine Spinne gemalt. © Goethe-Institut

မူကြိုကျောင်းများနှင့် ကလေးထိန်းကျောင်းများ

မူကြိုတွင် ကလေးသူငယ်များအား ကျောင်းတက်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ပေးပါသည်။ ကလေးငယ်များသည် အသက် (၃) နှစ်မှစ၍ မူကြိုတက်နိုင်ပါသည်။ မြို့ငယ် (သို့) ရပ်ကွက်ငယ်လေးများတွင်လည်း မူကြိုများ ရှိပါသည်။ မူကြိုအပ်ရာတွင် ကျောင်းသားဦးရေ လျှင်မြန်စွာ ပြည့်သွားတတ်သောကြောင့် စောလျင်စွာ အပ်ရန် အရေးကြီးပါသည်။ မူကြိုကျောင်းတက်ခြင်းဖြင့် အသင့် ကလေးသည် နိုင်ငံ၏ ယဥ်ကျေးမှုနှင့် ထိတွေ့လာမည်ဖြစ်ပြီး နေရာအသစ် နိုင်ငံအသစ်ကို လျင်မြန်စွာ သိကျွမ်းလာမည် ဖြစ်သည်။
 
အချို့သော မူကြိုကျောင်းများသည် နံနက် ၇ နာရီမှ နေ့လည် ၁၂ နာရီ (သို့) ၁ နာရီအထိသာ ဖွင့်ပါသည်။ နံနက် ၇ နာရီမှ ညနေ ၄ နာရီ (သို့) ၅ နာရီအထိ ဖွင့်သော တစ်နေကုန် မူကြိုကျောင်းများလည်း ရှိပါသည်။ ယင်းတို့ကို Kita (Kindertagestätte) ဟုခေါ်ပါသည်။ Kita များတွင် ကလေးများကို နေ့လည်စာ ကျွေးပါသည်။
 
ပုံမှန်အားဖြင့် မူကြို (သို့) ကလေးထိန်းကျောင်းများထားပါက အခကြေးငွေ အချို့ ပေးရပါသည်။ ၎င်းမှာ တိုင်းနှင့်ပြည်နယ် တစ်ခုနှင့်တစ်ခု မတူပါ။ ကလေးတစ်ဦးနှင့် တစ်ဦးလည်း ပေးရသည့် ကျောင်းလခချင်းလည်း ကွာခြာကောင်း ကွာခြားနိုင်ပါသည်။ မိဘအုပ်ထိန်းသူ၏ ဝင်ငွေအပေါ် မူတည်၍လည်းကောင်း၊ ကလေး၏ အသက်အပေါ် မူတည်၍လည်းကောင်း၊ ကလေး၏ တစ်နေ့တာ ကျောင်းတွင် နေသော ကြာချိန်အပေါ် မူတည်၍လည်းကောင်း ကွာခြားတတ်ပါသည်။ အစိုးရပိုင် မူကြိုများနှင့် ပုဂ္ဂလိကပိုင် မူကြိုများရှိပြီး ပုဂ္ဂလိကပိုင် မူကြိုများမှာ စျေးပိုကြီးပါသည်။ အချို့သော နှစ်နိုင်ငံ သက်ဆိုင်သည့် ပုဂ္ဂလိက မူကြိုများလည်း ရှိသည်။ ယင်းကဲ့သို့သော မူကြိုများတွင် ဘာသာစကား (၂) မျိုးပြောကြပါသည်။ ဥပမာအားဖြင့် ဂျာမန်နှင့် စပိန်စသည်တို့ ဖြစ်သည်။  
 
များစွာသော မူကြိုကျောင်းများတွင် ကလေးများ မူကြိုအပြီး မူလတန်းကျောင်း စမတက်မီ ဘာသာစကား စာမေးပွဲ ဖြေခိုင်းပါသည်။ တစ်ခါတစ်ရံ ဂျာမန်ကလေးများ အတွက်ပင် ဂျာမန်ဘာသာစကားက ခက်ခဲတတ်ပါသည်။ ဘာသာစကား စာမေးပွဲ မအောင်မြင်သော ကလေးများသည် မူကြိုကျောင်း နောက်ထပ် တစ်နှစ် ထပ်တက်နိုင်ပါသည် (သို့) ဘာသာစကား ကျွမ်းကျင်ရန် အကူအညီများ ရယူနိုင်ပါသည်။

Ein Schild, auf dem Kindergarten geschrieben steht, führt ein Pfeil mit einem gezeichneten Mädchen in Richtung des Kindergartens. © Goethe-Institut

အမေးများသောမေးခွန်းများ