Ansicht auf eine sommerliche Party auf einer Wiese mit vielen Menschen, Essensständen und Dekoration © Goethe-Institut

အားလပ်ချိန်တွင် သင်မည်သည်တို့ကိုပြုလုပ်နိုင်ပါသနည်း။ မြို့ကြီးများတွင်ရွေးချယ်စရာများစွာရှိပါသည်။

ယဥ်ကျေးမှု

ယဉ်ကျေးမှုကို သင်နှစ်သက်ပါသလား။ ဂျာမနီရှိမြို့ကြီးများစွာတို့တွင် ပြတိုက်များ၊ ရုပ်ရှင်ရုံများ၊ ပြဇာတ်ရုံများနှင့်တေးဂီတဖျော်ဖြေပွဲများရှိပါသည်။ နိုင်ငံတကာရုပ်ရှင်များကို မူရင်းဗားရှင်းဖြင့် ရုပ်ရှင်ရုံအများအပြားကပြသလာလျက်ရှိပါသည်။ စာကြည့်တိုက်များနှင့်မြို့တော်စာအုပ်ဆိုင်များတွင် စာအုပ်များကို စျေးနှုန်းချိုသာစွာဖြင့် (သို့) အခမဲ့ သင်ဖတ်နိုင်သည်၊ သီချင်းများနားထောင်နိုင်သည်၊ ရုပ်ရှင်များကြည့်နိုင်ပါသည်။ စာအုပ်များ၊ ရုပ်ရှင်ခွေများ၊ စီဒီခွေများကို အိမ်သို့လည်းငှားယူနိုင်ပြီး ပြန်အပ်နိုင်ပါသည်။

Ansicht auf die Vorderseite der Münchner Staatsoper © Goethe-Institut

လူကြီးသင်တန်းကျောင်းများ၊အသင်းအဖွဲ့များနှင့်ကလပ်များ

နေရာဒေသများစွာတွင်လူကြီးသင်တန်းကျောင်းများရှိပါသည်။ ထိုနေရာတွင် အရွယ်ရောက်ပြီးသူများအတွက်သင်တန်းများအားလုံး၊ ဥပမာ အကသင်တန်းများ (သို့) ဘာသာစကားသင်တန်းများကိုတွေ့ရှိနိုင်ပါသည်။ သင်နေသောနေရာနှင့်အနီးဆုံးရှိလူကြီးသင်တန်းကျောင်းကို www.vhs.de လင့်ခ်တွင်ရှာနိုင်ပါသည်။



အားကစားကို သင်နှစ်သက်ပါသလား။ ထို့အတွက် လူကြီးသင်တန်းကျောင်းတွင် သင်တန်းများလည်းရှိပါသည်။ သို့သော် ရေကူးကန်သို့သွားခြင်း၊ အားကစားကလပ်တစ်ခုတွင်အသင်းဝင်ခြင်းတို့ကိုလည်း သင်ပြုလုပ်နိုင်ပါသည်။
အခြားသောရွေးချယ်စရာမှာ ကလပ်နှင့်အသင်းအဖွဲ့များတွင် အသင်းဝင်ခြင်းဖြစ်ပါသည်။ အသင်းအဖွဲ့များတွင် ဝါသနာတူ၊ ရည်မှန်းချက်တူသူများပေါင်းစည်းမိကြပါသည်။ ဥပမာ တေးဂီတအသင်းများ၊ အားကစားအသင်းများ၊ အချက်အပြုတ်အသင်းများ (သို့) ကွန်ပျူတာအသင်းများရှိကြပါသည်။ လူကြီးများအတွက်အသင်းအဖွဲ့များရှိသကဲ့သို့ လူငယ်များအတွက်လည်းအသင်းအဖွဲ့များရှိပါသည်။ 

မိဘများနှင့်ကလေးများအတွက် မကြာခဏ အခမဲ့အစီအစဥ်များရှိပါသည်။ ဥပမာအားဖြင့် အချို့သောနေရာဒေသများတွင် ကလေးငယ်လေးများအတွက်ကစားအဖွဲ့များရှိပါသည်။ 

Ansicht auf einen Barausschank,links steht ein lachender Barkeeper. Viele Aufkleber und die Farbgestaltung weisen auf den FC Bayern hin. © Goethe-Institut

ပန်းခြံများနှင့်သဘာဝအလှတရား

အပြင်ထွက်ရသည်ကို သင်နှစ်သက်ပါသလား။ မြို့တိုင်းတွင်ပန်းခြံများရှိပါသည်။ ကလေးများအတွက်ကစားကွင်းများစွာရှိပြီး အများအားဖြင့် အခမဲ့ဝင်ရောက်နိုင်ပါသည်။ ရုက္ခဗေဒဥယျာဉ်တွင် ထူးခြားသောအပင်များကို ကြည့်ရှုလေ့လာနိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှတိရစ္ဆာန်များကို တိရစ္ဆာန်ရုံတွင်လည်ပတ်ကြည့်ရှုနိုင်ပါသည်။ ရုက္ခဗေဒဥယျာဉ်များနှင့်တိရစ္ဆာန်ရုံများတွင် ပုံမှန်အားဖြင့်ဝင်ကြေးပေးရပါသည်။ ဒေသများစွာတို့တွင် ရေကန်များ၊ သစ်တောများ (သို့) တောင်များရှိပါသည်။ သင်၏နေအိမ်သည် ပင်လယ်နားတွင်ပင် တည်ရှိကောင်းတည်ရှိနေနိုင်ပါသည်။

မိမိနေအိမ်တွင်

အိမ်တွင်တီဗွီကြည့်ခြင်း (သို့) ရေဒီယိုနားထောင်ခြင်းကို လူအများစုကနှစ်သက်ကြသည်။ ဂျာမနီရှိအိမ်ထောင်စုတိုင်းသည် ၎င်းတို့၏ရေဒီယိုများ၊ တီဗွီများကို GEZ ဖြင့်မှတ်ပုံတင်ရပြီး လစဥ်ကြေးတစ်လလျှင် (၁၇) ယူရို (၉၈) ပြားပေးသွင်းရပါသည်။ အကယ်၍သင်သည်ဝင်ငွေနည်းပါက အခကြေးငွေပေးရန်မလိုပါ။

သင့်အိမ်တွင် ခြံဝင်း (သို့မဟုတ်) ဝရံတာရှိနိုင်ပါသည်။ ယင်းနေရာတွင် လုပ်ခွင့်မရှိသောအရာများကို သင်သတိထားရပါမည်။ ဥပမာ အိမ်တိုင်းတွင်ဝရံတာပေါ်တွင်အသားကင်လုပ်စားခွင့်မရှိပါ။ ယင်းကိစ္စရပ်များနှင့်ပတ်သက်သည့်အချက်အလက်များအားလုံးကို အိမ်စည်းကမ်းများတွင်ကြည့်ပါ။ 

အားလပ်ချိန်တွင်လုပ်နိုင်သောအရာများနှင့်ပတ်သက်ပြီး သင်နေသောမြို့ (သို့) မြို့နယ်၏ဝက်ဘ်ဆိုက်တွင်လည်းကြည့်နိုင်ပါသည်။


Ansicht auf einen See mit Bergpanorama im Hintergrund. Aus der Vogelperspektive sieht man im Vordergrund Wanderer. © Goethe-Institut

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့