Nahaufnahme auf einen Tisch im Freien mit einem Getränk darauf. Man sieht einen Arm einer Person, die ein Smartphone bedient. © Goethe-Institut

ဂျာမနီတွင်မိမိနိုင်ငံမှဆင်းကတ်ကိုအသုံးပြုပြီး ဖုန်းဆက်လိုသူများသည် မကြာခဏအခက်အခဲကြုံတတ်ပါသည်။ ဆင်းကတ်အများစုမှာဂျာမနီတွင်အသုံးပြု၍မရနိုင်ဘဲ နိုင်ငံခြားဆင်းကတ်များဖြင့်ဖုန်းဆက်ပါက စျေးအလွန်ကြီးပါသည်။
             
ဂျာမနီနိုင်ငံတွင်မိုဘိုင်းဖုန်းအသုံးပြုနိုင်ရန် ရွေးချယ်စရာများစွာရှိပါသည်။ အောက်ဖော်ပြပါလင့်တွင် ဆင်းကတ်ကုမ္ပဏီများ၏စာရင်းနှင့်သတင်းအချက်အလက်များရှိပါသည်။

မိုဘိုင်းဖုန်းစာချုပ်

မိုဘိုင်းဖုန်းအသုံးပြုနိုင်ရန်ရွေးချယ်စရာတစ်ခုမှာ ဥပမာအားဖြင့် မိုဘိုင်းဖုန်းစာချုပ်ဖြစ်သည်။ သို့သော် ၎င်းအတွက် ဂျာမန်ဘဏ်အကောင့်တစ်ခုနှင့်သင်၏မှတ်ပုံတင်ကတ်ပြားလိုအပ်ပါသည်။ ဤနည်းအားဖြင့် ဝယ်ယူသူသည်ငွေပေးချေနိုင်ခြင်းရှိမရှိကို ကုမ္ပဏီများကစစ်ဆေးခြင်းဖြစ်ပါသည်။ သို့သော် စာချုပ်ကိုသင်နားမလည်ဘဲ လုံးဝလက်မှတ်မထိုးမိစေရန်သတိပြုပါ။ သင်နားလည်ရန် ဘာသာပြန်အကူအညီကိုရှာဖွေပါ။ မိုဘိုင်းဖုန်းစာချုပ်သည် အများအားဖြင့် (၁) နှစ်မှ (၂) နှစ်အထိ သက်တမ်းကြာမြင့်ပါသည်။ ယင်းသက်တမ်းမပြည့်မီ စာချုပ်ကိုဖျက်သိမ်း၍မရပါ။ အများအားဖြင့် စာချုပ်ကာလအတွင်း ဖုန်းငွေ (သို့) ဘေလ်ကို လကုန်တွင်ပေးရပါသည်။ အကယ်၍သင်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အခြားမိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုနှင့်ပြောင်းချုပ်ရန်ဆန္ဒရှိပါက အထူးသတိပြုရန်အချက်မှာ စာချုပ်ကိုအချိန်မီဖျက်သိမ်းရန်ဖြစ်ပါသည်။ အများအားဖြင့် စာချုပ်သက်တမ်းမကုန်ဆုံးမီ (၃) လကြို၍ စာချုပ်ကိုဖျက်သိမ်းရန်လိုအပ်ပါသည်။ အချိန်မီမဖျက်သိမ်းပါက စာချုပ်သည် အလိုအလျောက် (၁) နှစ်မှ (၂) နှစ်အထိသက်တမ်းတိုးသွားနိုင်ပါသည်။

Ein Mann lehnt an einem Laternenpfahl und telefoniert mit seinem Handy. © Goethe-Institut
ကြိုတင်ငွေဖြည့်ဆင်းကတ်

အခြားသောရွေးချယ်စရာနည်းလမ်းမှာ ကြိုတင်ငွေဖြည့်ဆင်းမ်ကတ်တစ်ကတ်ဝယ်ယူခြင်းဖြစ်ပါသည်။ ယင်းကတ်များကို စူပါမားကတ်၊ ဓာတ်ဆီဆိုင် (သို့) kiosks (စျေးဆိုင်ငယ်များ) တွင်ဈေးပေါပေါဖြင့်ဝယ်ယူရရှိနိုင်ပါသည်။ ဤအတွက်လည်း စာချုပ်ချုပ်ရန်လိုအပ်ပါသည်။ ထို့နောက် ကတ်ကိုအသုံးပြု၍ရစေရန် အမည်၊ နေရပ်လိပ်စာနှင့်မွေးနေ့တို့ကိုပေးရပါသည်။ ဆိုင်တွင် ပတ်စ်ပို့၊ မှတ်ပုံတင်ကတ်ပြား (သို့) အခြားသောဓာတ်ပုံအထောက်အထားပါသည့်ကတ်တစ်ခုခုပြရပါသည်။ တစ်ခါတစ်ရံ မိမိ၏နေထိုင်မှုအထောက်အထားကိုလည်းပြရပါသည်။

ငွေဖြည့်ဆင်းမ်ကတ်ကို မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခု၏အရောင်းဆိုင်တစ်ဆိုင်မှ သင်တိုက်ရိုက်ဝယ်ယူခဲ့ပါသလား။ ထိုသို့ဆိုပါက ဆင်းမ်ကတ်ကို ယင်းအရောင်းဆိုင်တွင်ပင် အသုံးပြုရန်စာရင်းဖွင့်နိုင်ပါသည်။ ဆိုင်ကသင့်ကိုကူညီပေးပါလိမ့်မည်။ သို့မဟုတ် ငွေဖြည့်ဆင်းမ်ကတ်ကို စူပါမားကတ်တစ်ခုခုတွင် သင်ဝယ်ယူခဲ့ပါသလား။ ထိုသို့ဆိုပါက ယင်းဆင်းမ်ကတ်ကို ဖုန်း၊ တက်ဘလက်၊ (သို့) Webcam တို့ဖြင့် ကွန်ပျုတာတွင်စာရင်းဖွင့်နိုင်ပါသည်။

ကြိုတင်ငွေဖြည့်ဆင်းမ်ကတ်ကိုအသုံးပြုရန်စာရင်းဖွင့်ပြီးပြီဆိုသည်နှင့် ဖုန်းငွေဖြည့်ရန်လိုပါသည်။ ယင်းငွေကို ဖုန်းခေါ်ဆိုမှုများ၊ SMS ပို့ခြင်းများနှင့်အင်တာနက်အသုံးပြုခြင်းတို့အတွက်သုံးစွဲရမည်ဖြစ်ပါသည်။ အကယ်၍ဖုန်းငွေကုန်သွားသောကြောင့်သင်ထပ်မံဖြည့်သွင်းလိုပါက ငွေဖြည့်ကတ်ဝယ်နိုင်ပါသည်။ ငွေဖြည့်ကတ်များကို ဆင်းမ်ကတ်ရောင်းသည့်ဆိုင်များတွင်ပင် ဝယ်ယူရရှိနိုင်ပါသည်။ ဥပမာ စူပါမားကတ်များ၊ ဓာတ်ဆီဆိုင်များ (သို့) kiosks (စျေးဆိုင်ငယ်များ) တွင်ဖြစ်သည်။ ငွေဖြည့်ကတ်တွင် ရှည်လျားသောကုတ်နံပါတ်တစ်ခုပါရှိပါသည်။ ငွေဖြည့်ရန်အတွက် မိုဘိုင်းဖုန်းထဲသို့ယင်းနံပါတ်ကိုရိုက်ထည့်ပါ။
ဂျာမနီမှပြည်ပသို့ သင်ဖုန်းခေါ်ဆိုလိုပါသလား။ ဤသို့ဆိုပါက ခဏတာသာသင်ပြောသည်ဖြစ်စေကာမူ လိုင်းလွှဲပြောင်းခငွေ (၁၅) ဆင့်ပေးရပါသည်။ ဆီးရီးယား၊ အီရီထရီးယားနှင့်ဘော်လကန်ပြည်နယ်များသို့ဖုန်းခေါ်ဆိုခများမှာ အထူးဈေးကြီးပါသည်။ ဖုန်းကုမ္ပဏီအမျိုးမျိုး၏ ပြည်ပဖုန်းခေါ်ဆိုခနှုန်းထားများ၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။



တစ်ခါတစ်ရံ သီးခြားအပိုဆောင်းဖုန်းဒေတာများလည်း ဝယ်ယူနိုင်ပါသည်။ ထိုသို့ဝယ်ခြင်းအားဖြင့် နိုင်ငံခြားသို့မိနစ်အချို့အခမဲ့ဖုန်းခေါ်ခွင့်ရပါသည်။

In einem Geschäft hängen viele verschiedene SIM-Karten von verschiedenen Anbietern auf einer Verkaufsstange. © Goethe-Institut

အင်တာနက်မိုဘိုင်းဒေတာ

ကြိုတင်ငွေဖြည့်သည့်ဆင်းမ်ကတ်ရှိပါက စမတ်ဖုန်းဖြင့်အင်တာနက်သုံးနိုင်ပါသည်။ ထိုအခါ ကြိုတင်ဖြည့်ထားသည့်ငွေကို အကုန်မြန်စေပါသည်။ ထိုကြောင့် သင့်တော်သောဒေတာပတ်ကေ့ချ်များဝယ်သုံးခြင်းက အကုန်အကျသက်သာစေပါသည်။ ထိုအခါ ဥပမာအားဖြင့် မိုဘိုင်းအင်တာနက်ကိုတစ်ရက်လျှင်သတ်မှတ်ထားသော အကြိမ်ရေအတွက်ပုံသေစျေးနှုန်းဖြင့် သင့်ကိုသုံးခွင့်ပေးပါသည်၊ (သို့) သင်ဝယ်လိုသောအင်တာနက်ဒေတာပမာဏကို သင်ဝယ်ယူနိုင်ပါသည်။

Ein Mann sitzt vor einem Café und nutzt sein Smartphone. © Goethe-Institut

ဝိုင်ဖိုင်

အကယ်၍အင်တာနက်ကိုအခမဲ့အသုံးပြုလိုပါက ဝိုင်ဖိုင်ကွန်ရက်များကို အသုံးပြုနိုင်ပါသည်။ ကော်ဖီဆိုင်များ၊ စာကြည့်တိုက်များနှင့်အခြားသောအများပြည်သူအဆောက်အအုံများတွင် အခမဲ့ဝိုင်ဖိုင်ရှိပါသည်။ သင်နေထိုင်ရာပတ်ဝန်းကျင်ရှိ အခမဲ့ဝိုင်ဖိုင်ကွန်ရက်များကိုရှာဖွေလိုပါသလား။ အနီးအနားတွင်ရှိသောအများသုံးအင်တာနက်ရရှိနိုင်သည့်နေရာကိုရှာဖွေရန် ဝက်ဘ်ဆိုက် "Hotsplots" က သင့်ကိုအကူအညီပေးပါလိမ့်မည်။


လက်ဟန်သင်္ကေတပြဗီဒီယို

 

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့