Kursteilnehmende machen eine Wortübung auf dem Tisch. Zu sehen sind Wortkarten und Lehrbücher. © Goethe-Institut

တက်ရောက်မှု

ဂျာမနီနိုင်ငံသို့ ယခုမှရောက်ဖူးပြီး ဂျာမန်ဘာသာစကားကိုလည်း သင်ယူလိုပါသလား။ ဒါ့အတွက် သင် ပေါင်းစည်းသင်တန်းကို တက်ရောက်နိုင်ပါသည်။ ဂျာမန်ဘာသာစကားကိုမပြောတတ် သို့မဟုတ် အနည်းငယ်သာပြောတတ်ပါက သင်တန်းကို မဖြစ်မနေတက်ရောက်ရပါမည်။ တစ်နည်းအားဖြင့် ပေါင်းစည်းသင်တန်းကို တက်ရောက်ရမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးရုံး(Ausländeramt)သည် သင်တန်းတက်ရောက်ရန်ကိုက်ညီကြောင်းထောက်ခံချက်လက်မှတ်နှင့် သင်တန်းပို့ချသူများ ဤတွင် ဘာသာစကားကျောင်းများ၏စာရင်းတစ်ခုကို သင့်အား ပေးပါမည်။ ထို့နောက် သင့်အနီးအနားပတ်ဝန်းကျင်ရှိ ဘာသာစကားသင်တန်းကျောင်းကို ရှာဖွေကာ ထိုနေရာတွင် စာရင်းသွင်းမှတ်ပုံတင်နိုင်ပါသည်။

အရေးကြီးသောလိပ်စာများ ခေါင်းစဉ်အောက်တွင်လည်း ပေါင်းစည်းသင်တန်းပို့ချသူများအားလုံး၏ လိပ်စာများကို ရှာဖွေနိုင်ပါသည်။ ထိုနေရာတွင် သင့်အနီးအနားပတ်ဝန်းကျင်မှ သင်တန်းပို့ချသူများကို တိုက်ရိုက်ရှာဖွေနိုင်ပါသည်။ ထို့နောက် မြေပုံတစ်ခုပေါ်တွင် လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကဲ့သို့ အချက်အလက်များပါဝင်သော ရလဒ်များကို မြင်တွေ့ရပါလိမ့်မည်။

Der Ablauf eines Integrationskurses ist auf einem Whiteboard schematisch dargestellt. © Goethe-Institut

ဘာသာစကားအဆင့်အကဲဖြတ်ခြင်း၊ သင်ခန်းစာများနှင့်အတန်းတင်စာမေးပွဲ 

 
သင်တန်းပို့ချသူထံတွင် စာရင်းသွင်းမှတ်ပုံတင်ပြီးသည်နှင့်တစ်ပြိုင်နက် ဘာသာစကားအဆင့်အကဲဖြတ်စစ်ဆေးခြင်းကို ပြုလုပ်ရပါလိမ့်မည်။ ဤအကဲဖြတ်စာမေးပွဲက သင့်အတွက် မည်သည့်သင်တန်းက အကောင်းဆုံးဖြစ်သည်ကို သိရှိနိုင်စေပါသည်။ အတန်းချိန်တစ်ချိန်လျှင် (၂.၂၉) ယူရို ကျသင့်မည်ဖြစ်သည်။ အကယ်၍ ငွေကြေးမတတ်နိုင်ပါက သင်တန်းကြေးကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ သို့မဟုတ် အသွားအလာကုန်ကျစရိတ်များကို ပြန်လည်ထုတ်ပေးပါလိမ့်မည်။ ပေါင်းစည်းဝင်ဆံ့ရေးသင်တန်းတွင် ဘာသာစကားသင်တန်းတစ်တန်းနှင့် ပတ်ဝန်းကျင်နှင့်အသားကျစေသည့် ရှေ့ဆောင်လမ်းညွှန်သင်တန်းတို့ပါဝင်သည်။
ပုံမှန်ဘာသာစကားသင်ရိုး၌ သင်တန်းချိန် (၇ဝဝ) ပါရှိသည်။ ဈေးဝယ်ခြင်း၊ အိမ်ရာကိစ္စ၊ ကလေး၊ မီဒီယာ၊ အားလပ်ချိန်၊ ကျောင်းနှင့် အလုပ်၊ ဆရာဝန်နှင့်ချိန်းဆိုခြင်းများ အစရှိသော နေ့စဉ်ဘဝအကြောင်းအရာများနှင့် ဂျာမန်ဘာသာစကားကိုသင်ယူရသည်။

သင်တန်းပြီးဆုံးချိန်၌ “ဝင်ရောက်အခြေချနေထိုင်သူများအတွက်ဂျာမန်ဘာသာစကားစာမေးပွဲ” (DTZ) ကို ဖြေဆိုရမည်ဖြစ်သည်။ စာမေးပွဲပြီးနောက် “ပေါင်းစည်းဝင်ဆံ့ရေးသင်တန်းအောင်လက်မှတ်” တစ်ခုကိုရရှိမည်ဖြစ်သည်။ သင်တန်းပြီးဆုံးအောင်မြင်သူများသည် ဂျာမန်ဘာသာစကားကို A2 သို့မဟုတ် B1 အဆင့် ပြောနိုင်၊ ရေးနိုင်၊ ဖတ်နိုင်ပြီဖြစ်သည်။ အလုပ်ရှင်များစွာက ဤလက်မှတ်ကို ကြည့်ရှုလိုကြသည်။ တခါတရံ လူဝင်မှုကြီးကြပ်ရေးရုံးကဲ့သို့သော အာဏာပိုင်ဌာနအတွက်လည်း ၎င်းလက်မှတ်ကို လိုအပ်သည်။ နိုင်ငံသားဖြစ်မှုအတွက် လျှောက်ထားလိုလျှင်၊ တစ်နည်းအားဖြင့် သင်သည် ဂျာမနီနိုင်ငံသားတစ်ယောက်ဖြစ်လိုလျှင် “ပေါင်းစည်းဝင်ဆံ့ရေးသင်တန်းအောင်လက်မှတ်” ရှိခြင်းကအထောက်အကူပြုသည်။
ဘာသာစကားသင်တန်းတက်ရောက်ပြီးပါက ပတ်ဝန်းကျင်နှင့်အသားကျစေသည့် ရှေ့ဆောင်လမ်းညွှန်သင်တန်းကို တက်ရောက်နိုင်ပါသည်။ ပတ်ဝန်းကျင်နှင့်အသားကျစေသည့် ရှေ့ဆောင်လမ်းညွှန်သင်တန်းတွင် သင်ကြားပို့ချချိန် နာရီ (၁၀၀) ပါဝင်ပြီး၊ သင်တန်းတွင် ဂျာမနီနိုင်ငံ၏ ဥပဒေ၊ သမိုင်းနှင့် ယဉ်ကျေးမှုတို့ကိုလေ့လာရမည်ဖြစ်သည်။ အရေးကြီးသောအကြောင်းအရာများမှာ လူ့အဖွဲ့အစည်းတွင်းတန်ဖိုးထားသော နှုန်းစံများနှင့် အတူယှဉ်တွဲနေထိုင်ခြင်းတို့ ဖြစ်သည်။ သင်တန်းပြီးစီးပြီးနောက် “ဂျာမနီနိုင်ငံတွင်နေထိုင်ခြင်း“ စာမေးပွဲကို ဖြေဆိုရပါမည်။
အတန်းတင်စာမေးပွဲမအောင်မြင်ခဲ့ပါက မည်သို့ပြုလုပ်ရမည်နည်း။ ထိုသို့ဆိုလျှင် စာသင်ချိန် (၃ဝဝ) ကို ထပ်မံတက်ရောက်နိုင်ပါသည်။ ပြီးနောက် စာမေးပွဲကိုလည်း နောက်ထပ်ပြန်လည်ဖြေဆိုနိုင်သည်။

Ein Kursteilnehmer ist im Klassenzimmer zu sehen. © Goethe-Institut

အထူးသင်ရိုးများ

အသက် ၂၇ နှစ်အထိ လူငယ်များအတွက် အထူးပေါင်းစည်းသင်ရိုးတစ်ရပ် ဖြစ်သည့် လူငယ်ပေါင်းစည်းသင်ရိုးဖြစ်သည်။ ဤသင်ရိုးသည် အသက် (၂၇) နှစ်အထိလူငယ်များအတွက် အထူးပေါင်းစည်းသင်ရိုးတစ်ရပ်ဖြစ်သည့် လူငယ်ပေါင်းစည်းသင်တန်းရှိသည်။ ဤသင်တန်းက အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်လိုသူများအတွက် အထောက်အကူဖြစ်စေသည်။ သတင်းအချက်အလက်များကို Bundesamtfür Migration und Flüchtlinge မှရရှိနိုင်သည်။ 

တစ်ချို့သောမြို့များတွင် အမျိုးသမီးများအတွက်သာ ရည်ရွယ်သောသင်ရိုးများ၊ စာတတ်မြောက်ရေးသင်ရိုးများ သို့မဟုတ် ကလေးစောင့်ရှောက်မှုသင်ရိုးများကဲ့သို့သော အထူးပြုသင်ရိုးများကိုလည်း သင်ကြားပို့ချပေးသည်။ ဘာသာစကားသင်တန်းကျောင်းတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။
 

လက်ဟန်သင်္ကေတပြဗီဒီယို

အမေးများသောမေးခွန်းများ

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့