Die Flagge der Europäischen Union ist zu sehen. © Goethe-Institut

အကျဥ်းချုပ်

ဥရောပသမဂ္ဂ (EU) ဇူလိုင်လ လက်ရှိအချိန်ထိ အဖွဲ့ဝင်နိုင်ငံပေါင်း (နှစ်ဆယ့်ခုနစ်) နိုင်ငံဖြင့်ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သည်။ ဥရောပသမဂ္ဂ (EU) နှင့်ပတ်သက်သည့်စာရွက်စာတမ်းများနှင့်သတင်းအချက်အလက်များအားလုံးကို တရားဝင်ရုံးသုံးဘာသာစကား (၂၄) မျိုးဖြင့်ရရှိနိုင်သည်။ (EU) ၏နိုင်ငံရေးစနစ်ကို စာချုပ်နှစ်ခုအပေါ်တွင်အခြေခံထားသည်။ ၎င်းတို့မှာ ဥရောပသမဂ္ဂ (EU) နှင့်ပတ်သက်သည့်စာချုပ်နှင့် ဥရောပသမဂ္ဂ (EU) ၏လုပ်ငန်းဆောင်တာများနှင့်ပတ်သက်သည့်စာချုပ်တို့ဖြစ်သည်။ (EU) ကို အဖွဲ့အစည်း (၅) ခုမှအဓိကအုပ်ချုပ်သည်။ ၎င်းတို့မှာ ဥရောပကောင်စီ၊ ဥရောပသမဂ္ဂကောင်စီ၊ ဥရောပပါလီမန်၊ ဥရောပကော်မရှင်နှင့်ဥရောပတရားရုံးတို့ဖြစ်သည်။

Der Checkpoint Charly in Berlin zeigt die Geschichte Deutschlands. © Goethe-Institut

သမိုင်းကြောင်း

ဂျာမနီနိုင်ငံသည် ဒုတိယကမ္ဘာစစ်အပြီး (၁၉၅၀) ပြည့်လွန်နှစ်များအတွင်း ဥရောပသမဂ္ဂ (EU) ကို စတင်တည်ထောင်ခဲ့သော နိုင်ငံ (၅) နိုင်ငံတွင်တစ်ခုအပါအဝင်ဖြစ်သည်။ အစကနဦးတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေဖြင့်တည်ထောင်ခဲ့ပြီး ကုန်သွယ်မှုကိုလွယ်ကူစေရန်ဖြစ်သည်။ ထို့ကြောင့်ပင် (၂၀၀၂) ခုနှစ်ကတည်းက (EU) နိုင်ငံများတွင် တူညီသောငွေကြေး ယူရို ကိုအသုံးပြုကြသည်။ ယနေ့ခေတ်တွင် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း အလေးထားသည်။ ရာသီဥတုပြောင်းလဲလာခြင်းနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး၊ ကျန်းမာရေးမှသည် ပြည်ပရေးရာနှင့်လုံခြုံရေး၊ တရားမျှတမှုနှင့်ပြည်ပမှရွှေ့ပြောင်းဝင်ရောက်လာသူများအရေးအထိစသည်တို့ကို ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ 

ရည်မှန်းချက်ပန်းတိုင်များနှင့်စံနှုန်းများ

ဥရောပသမဂ္ဂ (EU) ၏ရည်မှန်းချက်ပန်းတိုင်များတွင် (EU) နိုင်ငံများအတွင်း နေထိုင်သူပြည်သူ၊ ပြည်သားများအတွက် ငြိမ်းချမ်းရေးနှင့်လူနေမှုအဆင့်အတန်းမြင့်မားရေး၊ လွတ်လပ်မှု၊ လုံခြုံရေးနှင့်အတားအဆီးအနှောင့်အယှက်မရှိတရားဥပဒေစိုးမိုးရေးတို့ပါဝင်သည်။ အားလုံးအတူတကွပါဝင်ခြင်း၊ သဘောထားကြီးခြင်း၊ တရားဥပဒေစိုးမိုးခြင်း၊ စည်းလုံးညီညွတ်မှုရှိခြင်းနှင့်ခွဲခြားဆက်ဆံမှုမရှိခြင်းစသောတန်ဖိုးထားမှုများဖြင့် EU အဖွဲ့ဝင်နိုင်ငံများအကြားပေါင်းစည်းထားသည်။ ထို့ကြောင့် (EU) ကိုတည်ထောင်ပြီးကတည်းက (EU) နိုင်ငံများအတွင်းစစ်ပွဲများမရှိတော့ပါ။
တန်းတူညီမျှခြင်းသည်လည်း ဥရောပသမဂ္ဂ၏နောက်ထပ်စံညွှန်းတစ်ခုဖြစ်သည်။ တန်းတူညီမျှခြင်းဆိုသည်မှာ ဥပဒေရှေ့မှောက်တွင်နိုင်ငံသူ၊ နိုင်ငံသားများအားလုံး အခွင့်အရေးတူညီစွာရရှိခြင်းကိုဆိုလိုသည်။ အမျိုးသမီး၊ အမျိုးသားများအားလုံး တန်းတူအခွင့်အရေးရရှိရန်မှာ ဥရောပသမဂ္ဂ၏နိုင်ငံရေးလုပ်ဆောင်ချက်နှင့်ဥရောပပေါင်းစည်းညီညွတ်မှု၏ အခြေခံမူဝါဒများထဲမှတစ်စိတ်တစ်ပိုင်းဖြစ်သည်။ ၎င်းသည်နေရာအားလုံးတွင်အကျိုးသက်ရောက်မှုရှိသည်။ (၁၉၅၇) ခုနှစ်ကတည်းကပင် တူညီသောအလုပ်လုပ်သည့်ပမာဏအတွက် တူညီသောလုပ်အားခပေးရန် လက်မှတ်ရေးထိုးခဲ့သော်လည်း အပြည့်အဝအကောင်အထည်ဖော်နိုင်ခြင်းမရှိသေးချေ။

Auf einer Ampel zeigt das rote Licht ein gleichgeschlechtliches weibliches Paar und das grüne Licht ein gleichgeschlechtliches männlichs Paar. © Goethe-Institut

ဥရောပသမဂ္ဂ၏တန်းတူညီမျှရေးကော်မတီ

တန်းတူညီမျှရေးကော်မတီ၏ရည်ရွယ်ချက်မှာ (EU) မှအလုပ်သမားများ ဂျာမနီနိုင်ငံတွင်ရသင့်ရထိုက်သောအခွင့်အရေးများရရှိရန်အတွက် ပံ့ပိုးပေးနိုင်ရန်ဖြစ်သည်။ ၎င်းက ဥပဒေရေးရာ (သို့) အခြားသောအကူအညီများ၊ ဥပမာ အကြံပေးခြင်း၊ နည်းလမ်းပြပေးခြင်း၊ အလုပ်သမားအခွင့်အရေးအကြောင်း သတင်းအချက်များပေးခြင်း စသည်တို့ဖြင့်ကူညီပေးပါသည်။ သတင်းအချက်အလက်များကို ဂျာမန်၊ အင်္ဂလိပ်၊ ပိုလန်၊ စပိန်၊ ပြင်သစ်၊ ရူမေးနီးယန်း၊ ဘူလ်ဂေရီယန် ဘာသာစကားများဖြင့် ရရှိနိုင်သည်။


 

လက်ဟန်သင်္ကေတပြဗီဒီယို

အခြားမေးလိုသည်များရှိပါသေးသလား။ ဤသို့ဆိုလျှင် “ဆက်သွယ်ရန်ဖောင်“ကို ဖြည့်၍ ကျွန်ုပ်တို့ထံသို့ ရေးသား အကြာင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့က သင်၏မေးခွန်းများကို အမည်မဖော်ပြဘဲ အကြံပေးပုဂ္ဂိုလ်များဆီသို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

“ဆက်သွယ်ရန်ဖောင်“ဆီသို့