ACADEMY OF CARE

Academy of Care  ©Goethe-Institut Myanmar

Academy of Care သည် ၂၀၂၂ ခုနှစ်က စတင်ခဲ့သော ကျွန်ုပ်တို့၏ ထင်ဟပ်မျှဝေတွဲလက်တွေ အစီအစဉ် (Program of Care) မှ ဖြစ်ပေါ်လာပါသည်။ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ နောက်ပိုင်း၌ Academy of Care ကို မိတ်ဆက်ပေးရ၍ ဝမ်းသာပီတိဖြစ်ရပါသည်။ Academy of Care သည် နည်းပြဆရာကို လေ့ကျင့်သင်ကြားပေးသည့် စွမ်းရည်တည်ဆောက်မှု အစီအစဉ်သစ်တစ်ရပ်ဖြစ်ပြီး၊ တီထွင်ဖန်တီးမှုပါသောဖော်ထုတ်တင်ပြမှုပုံစံတို့မှနေ၍ တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းကို စွမ်းရည်မြှင့်တင်ပေးလျှက်၊ နောင်လာမည့် နှစ်နှစ်တာကာလအတွင်း စိတ်ကျန်းမာရေးကိစ္စရပ်များ၊ စိတ်ဒဏ်ရာကိစ္စရပ်များကို လုပ်ကိုင်ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

ရောနှောပေါင်းစပ်ထားသော မော်ဂျူးအလိုက်စီစဉ်ထားသည့် အစီအစဉ်ဖြင့် နည်းပြဆရာကို Academy of Care က လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပါသည်။ အနုပညာ၊ ဂီတနှင့် ပြဇာတ်ကုထုံးနယ်ပယ်ရှိ သမားရိုးကျမဟုတ်သော ပညာရေးမြှင့်တင်ပေးခြင်းလည်းဖြစ်သည်။ ဤအစီအစဉ်မှာ စိတ်ရောဂါဆိုင်ရာ၊ စိတ်ပညာဆိုင်ရာနည်းစနစ်တို့ကို နည်းလမ်းသစ် ကုထုံးဆိုင်ရာချည်းကပ်မှုများ၊ ကုသမှုဆိုင်ရာအလေ့အကျင့်တို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။

ဒုတိယအကြိမ် သင်တန်းသားခေါ်ယူခြင်း

Academy of Care အစီအစဉ် - စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်အဖြစ် သင်တန်းသား ဆရာဖြစ်သင်တန်းတစ်ရပ်ကို နှစ်လတာပြုလုပ်သွားမည်ဖြစ်ပါသည်။ ဒုတိယအကြိမ်သင်တန်းသားခေါ်ယူမှုအတွက် သင်တန်းသား (၁၀) ဦးအထိ လက်ခံ သင်ကြား ပေးသွားမည်ဖြစ်ပြီး  အပြည့်အ၀ ပညာသင်ခွင့်ကို ပေးအပ်သွားမည်ဖြစ်ပါသည်။

သင်တန်းစတင်ခြင်း

Goethe-Institut Myanmar ကစီစဉ်ပြီး နယ်သာလန်သံရုံး (Embassy of the Kingdoms of the Netherlands) ၏ပံ့ပိုးမှုဖြင့် ပထမအကြိမ် Academy of Care အစီအစဉ် ကနဦးအဆင့်အနေနှင့် သင်တန်းသား ဆရာဖြစ်သင်တန်းတစ်ရပ်ကို နိုဝင်ဘာလ ၂၈ ရက်မှစတင်ပြီး နှစ်လတာပြုလုပ်သွားမည်ဖြစ်ပါသည်။

သင်တန်းအစီအစဉ် ပထမပိုင်းတွင် စိတ်ကျန်းမာရေး၊ စာနာမှု၊ စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုနည်း၊ စိတ်ဒဏ်ရာနှင့် စိတ်ဖိစီးမှုစီမံခန့်ခွဲရေးတို့ကို လေ့လာကြရမည်ဖြစ်ပြီး ဒုတိယပိုင်းမှာတော့ မိမိရွေးချယ်ထားသည့်လူမှုအဖွဲ့အစည်းတွင် နှစ်ပတ်ကြာ ကွင်းဆင်းသုတေသနတစ်ရပ်ကို ပြုလုပ်ရမည်ဖြစ်ပါသည်။ တတိယပိုင်းတွင် တစ်ဦးချင်း အတွေ့အကြုံတွေကို နက်နက်နဲနဲအကဲဖြတ်သုံးသပ်ပြီး ဇီဝစိတ်ပိုင်းလူမှုရေးရာ ချဉ်းကပ်မှုများ၊ စာနာမှုပါသည့်ဆက်ဆံရေးနှင့်လူ့အဖွဲ့အစည်းပြဇာတ်အလေ့အထများကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ နောက်ဆုံး စတုတ္ထပိုင်းတွင် ဌာနေ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာမှကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသင်တန်းဆရာများက သင်တန်းသား/သူများအား ဂီတကုထုံးကဲ့သို့ ဆန်းသစ်သောပုံစံများကို မိတ်ဆက်သင်ကြားပေးမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ သင်တန်းသားလျှောက်လွှာများကို နိုဝင်ဘာလ ၅ ရက်နေ့တွင် နောက်ဆုံးထားလက်ခံခဲ့ပြီး ဆန်ခါတင်ရွေးချယ်ခံရသည် သင်တန်းသားများကို သင်တန်းဆရာများကိုယ်တိုင် အဆင့်ဆင့် အင်တာဗျူးများပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးရွေးချယ်ခံရသည့် မြန်မာနိုင်ငံတစ်ဝန်း နယ်ပယ်အသီးသီးမှ သင်တန်းသားများမှ ၁၀ ဦးတိတိကို အပြည့်အ၀ ပညာသင်ထောက်ပံ့ကြေးကို ပေးအပ်သွားမည်ဖြစ်ပါသည်။

ယခုပြုလုပ်သည့် Academy of Care နှစ်လတာသင်တန်းသည် ပထမအကြိမ်ဖြစ်ပြီး နောက်လာမည့် (၂) နှစ်တာကာလအတွင်း သင်တန်းများ ထပ်မံလုပ်ဆောင်သွားရန်လည်းရှိပါသည်။
 

စီမံကိန်းအကြောင်းအရာ

လူမှုကွန်ရက်စာမျက်နှာများကို follow လုပ်လိုပါက