|
မြို့ပြလမ်းညွှန်။ ။Freiburg
အမျိုးသမီးများအတွက်ရေကူးကန်လေးနှင့် စိမ်းလန်းသောမြို့လေး
ဖရိုင်းဘဂ်သည် ဂျာမနီ၌ စိမ်းလန်းသောမြို့တော်အဖြစ်ထင်ရှားသည်။ ဆောင်းပါးရှင် ဂီနာကွတ်ကတ် (Gina Kutkat) အနေနှင့် ဘရေ့ဂူး (Breisgau) ဒေသရှိထိုနွေးထွေးသောမြို့လေးသို့သွားရောက်၍ အဆိုပါလျှို့ဝှက်ချက်ကိုရှာဖွေထားပါသည်။ ထို့အတူ ပထမတစ်ခါကြည့်ရုံနှင့်သတိမပြုမိတတ်သည့်မြို့၏ကောက်ကြောင်းများကိုဖော်ထုတ်ရင်း တမူထူးခြားသောဟန်ပန်ရှိသည့်နေရာများနှင့်အမြင်ကျယ်သည့် မြို့ခံများကိုလည်း တွေ့မြင်နိုင်ပါသည်။
|