စာမေးပွဲအချိန်ဇယားနှင့်ဖြေဆိုရန်စာရင်းပေးသွင်းခြင်း

A hand with a green pen filling out a form. Photo: Goethe-Institut/Bettina Siegwart
စာမေးပွဲဖြေဆိုရာတွင် Goethe-Institut တွင်ဂျာမန်ဘာသာစကားသင်တန်းတက်ရောက်နေသူ မဟုတ်သူများလည်းဖြေဆိုနိုင်ပါသည်။ သင့်အနေနှင့် သင်သည် စာမေးပွဲအတွက်လိုအပ်သည့်ဘာသာစကားအရည်အသွေးများနှင့်ပြည့်မီသည်ဟုထင်မြင်ယူဆပါက စာမေးပွဲဖြေဆိုရန်အချိန်မရွေးစာရင်းပေးသွင်းနိုင်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေနှင့် သင့်အား ဂျာမန်ဘာသာစကားသင်တန်းတစ်တန်းကိုတက်ရောက်ရန်အကြံပြုလိုပါသည်။ အကြောင်းမှာ ဘာသာစကားသင်တန်းများတွင် လိုအပ်သည့်ဘာသာစကားနှင့်စာမေးပွဲအထူးပြုစွမ်းရည်များကိုသင်ကြားပို့ချပေးသောကြောင့် စာမေးပွဲဖြေဆိုရာတွင်လွယ်ကူချောမွေ့စေမည်ဖြစ်ပါသည်။
 
အတန်း၀င်ခွင့်စာမေးပွဲများကိုမူ လတစ်လ၏ဒုတိယမြောက်နှင့်စတုတ္ထမြောက် ဗုဒ္ဓဟူးနေ့တိုင်းတွင် မွန်းလွဲ (၁) နာရီ၌ စစ်ဆေးပေးပါသည်။ အတန်းဝင်ခွင့်စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းလိုပါက လတိုင်း (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်းစာရင်းပေးသွင်းနိုင်ပါသည်။ စာရင်းပေးသွင်းသည့်အခါ စာရင်းသွင်းကြေး ၂၀၀၀၀ (နှစ်သောင်းကျပ်) ကို စရန်ငွေအဖြစ် ပေးသွင်းရပါမည်။ အတန်း၀င်ခွင့်စာမေးပွဲလာရောက်ဖြေဆိုပြီးသည့်နောက် ထိုစရန်ငွေကို ကျွန်ုပ်တို့ဖက်မှသင့်အားပြန်လည်ပေးအပ်သွားမည်ဖြစ်ပါသည်။
 
စာမေးပွဲအတွက်စာရင်းပေးသွင်းရန် သင်ကိုယ်တိုင် ကျောင်းသားရေးရာဌာနသို့လာရောက်ရပါမည်။ စာမေးပွဲဖြေဆိုပြီးနောက်ရက်အနည်းငယ်အကြာတွင် ကျွန်ုပ်တို့ကသင့်အား စာမေးပွဲရလဒ်ကိုအကြောင်းကြားပေးပါမည်။ ထိုသို့အကြောင်းကြားပေးပြီး (၅) ရက်အကြာတွင် ကျွန်ုပ်တို့ထံသို့လာရောက်၍စာမေးပွဲအောင်လက်မှတ်ကိုထုတ်ယူနိုင်ပါသည်။ ဤတွင် သင်၏မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကိုယူဆောင်လာခဲ့ရပါမည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ စာမေးပွဲအချိန်ဇယားများ

စာမေးပွဲအဆင့်များ စာမေးပွဲနေ့စွဲ စာရင်းပေးသွင်းရမည့်ကာလ စာမေးပွဲအချိန်
Start Deutsch 1 21.02.2023 6.02.2023 – 16.02.2023 10:00 a.m.
Fit in Deutsch 1 21.02.2023 6.02.2023 – 16.02.2023 10:00 a.m.
Goethe-Zertifikat A2 23.02.2023 6.02.2023 – 16.02.2023 10:00 a.m.
Fit in Deutsch 2 23.02.2023 6.02.2023 – 16.02.2023 10:00 a.m.
Goethe-Zertifikat B1    28.02.2023 6.02.2023 – 16.02.2023 10:00 a.m.

၂၀၂၂ ခုနှစ် မတ်လ မှစတင်သတ်မှတ်သော စာမေးပွဲကြေးများ

အဆင့် သင်တန်းသားများအတွက် စာမေးပွဲကြေး (မြန်မာကျပ်) ပြင်ပမှဖြေဆိုသူများအတွက် စာမေးပွဲကြေး (မြန်မာကျပ်)
A1 250,000 350,000
A2 250,000 350,000
B1 300,000 400,000
B2 300,000 400,000
C1 400,000 500,000
C2 400,000 500,000
Fit 1 250,000 350,000
Fit 2 250,000 350,000