Newsletter October 2021
Goethe-Institut Myanmar
Deutsch | English | မြန်မာ
ယဉ်ကျေးမှု
Akademie Schloss Solitude Fellowship 2022-2023
Opportunity for Myanmar Artists and Scholars
၁၈ ကြိမ်မြောက် ဆိုးလီကျုဒ် ဖဲလိုးရှစ် (၂၀၂၂ - ၂၀၂၃) တွင် အကယ်ဒမီ ဆိုးလီကျုဒ်တွင် ၆ လမှ တစ်နှစ် စရိတ်ငြိမ်း နေထိုင်ပြီး အနုပညာဖန်တီးနိုင်သည့် အနုပညာဖဲလိုးရှစ် ၆၅ ခုကို ချီးမြှင့်သွားမည် ဖြစ်သည် မြန်မာအပါအဝင် နိုင်ငံတကာမှ
မြို့ပြလမ်းညွှန်။ ။Munich
ရှေးရိုးဆန်သည်လား။ အစဉ်အလာလား။ အသောက်ကြမ်းသည်မျိုးလား။
ကောင်းပြီ...သို့ဆိုလျှင် မည်သည်ကိုရွေးမည်နည်း။ ကျွန်ုပ်တို့နှင့်အတူ ဘာဗေးရီးယန်း (Bavarian) မြို့တော်အကြောင်းကိုပုံမှန်အတိုင်းမဟုတ်ဘဲ တစ်မူထူးခြားသောနည်းဖြင့် စူးစမ်းလေ့လာကြည့်ပါ။ မြို့ဆိုင်ရာအချက်အလက်များ၏ ပဓာနကျသောအပိုင်းဖြစ်သည့် အထူးခြားဆုံးနေရာများ၊ ရပ်ရွာလူထုအသိုင်းအဝိုင်းများနှင့်ပွဲများကို အကြမ်းဖျင်းဖော်ပြပေးသွားမည်ဖြစ်သည်။ ဖန်တစ်ရာထပ်နေသည်များကိုစိန်ခေါ်ဆန့်ကျင်ကာ မြို့ကောက်ကြောင်းများကို ပြန်ပြောင်းရေးဆွဲသွားမည် ဖြစ်သည်။
ဘာသာစကား
အွန်လိုင်းသင်တန်းများ
အောက်တိုဘာလ ဂျာမန်ဘာသာစကားသင်တန်းများ
ဂျာမန်ဘာသာစကား သင်ကြားပို့ချရာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ထိပ်ဆုံးတွင် ရပ်တည်နေသော Goethe-Institut တွင် ဂျာမန်ဘာသာစကားကို လေ့လာသင်ယူလိုက်ပါ။ သင်သည် ဂျာမန်ဘာသာစကားကို မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ဂျာမနီနိုင်ငံတွင်ဖြစ်စေ၊ သို့မဟုတ် အွန်လိုင်းမှတစ်ဆင့်ဖြစ်စေ မည်သို့ပင်သင်ယူလိုစေကာမူ Goethe-Institut သည် သင့်အတွက် အရည်အသွေးပြည့်မီသည့် သင်ကြားရေးမိတ်ဖက်ဖြစ်ပါသည်။ သင်ကြားရေးဆိုင်ရာ အရည်အသွေးပြည့်မှီသည့် ဆရာ၊ ဆရာမများ၊ လျင်မြန်စွာသင်ယူတတ်မြောက်မှု၊ ခေတ်အမီဆုံး သင်ကြားရေးနည်းစနစ်များ၊ အထူးအကြံပေးလမ်းညွှန်မှုများနှင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် အကျုံး၀င်သည့် အတန်းအဆင့်သတ်မှတ်ခြင်းစနစ်များကို ကျွန်ုပ်တို့ဘက်မှ အာမခံပေးနိုင်ပါသည်။
စာမေးပွဲများ
အောက်တိုဘာလ Goethe-Zertifikat စာမေးပွဲများ
အောက်တိုဘာလ အတွက် Goethe-Zertifikat စာမေးပွဲများ ကျင်းပရန်ရှိပါသည်။ အချိန်စာရင်းကို ဤတွင်ကြည့်နိုင်ပါသည်။
စာကြည့်တိုက်
ONLEIHE: ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက်
#LEARNGERMANANYWHERE
ဂျာမန်စာလေ့လာသူတွေ မိမိရဲ့ ဂျာမန်စာကို ပိုမိုတိုးတက်အောင် လေ့လာချင်သူတွေအတွက် ဖတ်ရှုလေ့လာနိုင်မယ့် စာအုပ်များ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက် "Onleihe" ကို အချိန်မရွေး၊ နေရာမရွေး အခမဲ့ အသုံးပြုနိုင်တဲ့အတွက် အခုပဲ ဂျာမန်မီဒီယာများကို ငှားရမ်းလေ့လာဖတ်ရှုလိုက်ပါ။ "Onleihe" အကောင့်မရှိသေးပါက အောက်ပါ link တွင် အခမဲ့ Register ပြုလုပ်နိုင်ပါတယ်။ www.goethe.de/myanmar/onleihe
Let’s Meet a Librarian!
Get A Virtual One-On-One Q&A Session!
ယခုလိုကာလမှာ စာကြည့်တိုက်ကို ယာယီပိတ်ထားပေမယ့် ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်ရဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက်နှင့် ပတ်သက်သော မေးခွန်းများ (သို့) စာကြည့်တိုက်နှင့် ပတ်သက်သော အထွေထွေအကြောင်းအရာများကို ဖြေကြားပေးဖို့ အဆင်သင့်ရှိနေပါတယ်။ biblio-yangon@goethe.de (or) Facebook Messenger မှတစ်ဆင့် နံမည်၊ ဖုန်းနံပါတ်၊ သိလိုသည့် အကြောင်းအရာ အကျဉ်းချုပ်၊ Q&A Session ပြုလုပ်လိုသော နေ့ရက်၊ အချိန်တို့ကို ပေးပို့ရုံသာ ဖြစ်ပြီး ကျွန်မတို့ စာကြည့်တိုက်မှူးများက သင့်အား သီးသန့် Virtual One-On-One Q&A Session ကို စီစဉ် ပေးသွားမှာ ဖြစ်ပါတယ်။ သီးသန့် Session ဖြစ်တာကြောင့် သင့်ရဲ့ မေးခွန်းတွေ အားလုံးကို မမေးလိုက်ရမှာကိုတော့ စိတ်ပူနေစရာမလိုတော့ဘူးနော်။
Impressum | Datenschutz
ဆက်သွယ်ရန်
Goethe-Institut မြန်မာ ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။ ဖုန်း +95 9 954296160 info-yangon@goethe.de