Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

လိုက်ပ်ဇစ်မြို့ ၊ ခွန်စ့်ခက်ဗယက် (Kunstkraftwerk) မှပြပွဲတစ်ခု။
ဓါတ်ပုံ။ ။ © picture alliance/dpa/dpa-Zentralbild/Waltraud Grubitzsch

မြို့ပြလမ်းညွှန်။ ။Leipzig

စက်မှုသမိုင်းနောက်ခံနှင့်စိမ်းလန်းသောအနုပညာမြို့တော်

လိုက်ပ်ဇစ်မြို့ (Leipzig) မှာ အဘယ်ကြောင့်ထူးခြားနေရပါသနည်း။ ကုန်သွယ်ရေးဗဟိုချက်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေသည့် ကုန်စည်ပြပွဲမြို့တော်ဖြစ်သည့်အတွက်လား။  အပြင်ထွက်၍ သဘာဝနဲ့ထိတွေ့ရသည့် စိတ်လှုပ်ရှားဖွယ်နေရာများကြောင့်လား။ အရောင်အသွေးစုံလင်သည့် အနုပညာပြခန်းများကြောင့်လား။ ကျွန်ုပ်တို့၏ဆောင်းပါးရှင် Tanja Grevismühl က လိုက်ပ်ဇစ်မြို့၏ ဂန္ထဝင်အထင်ကရနေရာများကိုစူးစမ်းတင်ပြထားပြီး ခရီးသွားလမ်းညွှန်တွင် တွေ့ရမည်မဟုတ်သောနေရာအချို့ကိုပါ ထည့်သွင်းတင်ပြထားပါသည်။ 

အပြည့်အစုံဖတ်ရှုရန

အလုပ်ခေါ်စာ

Cultural Program Coordinator
©Goethe-Institut

စီမံကိန်းအရာရှိ (ယဉ်ကျေးမှုဌာန)

Goethe-Institut မြန်မာတွင်
အလုပ်နေရာ။   ။၁၀၀%
(တစ်ပတ်လျှင်နာရီ ၄၀)
လစာ။   ။နေရာဒေသ၏ လုပ်ခလစာစည်းမျဉ်းအရ
 

Digital Communication Assistant
©Goethe-Institut

DIGITAL COMMUNICATION ASSISTANT

Goethe-Institut မြန်မာမှ “Digital Communication Assistant” အလုပ်နေရာအတွက် ငယ်ရွယ်တက်ကြွသော လုပ်ဖော်ကိုင်ဖက်အသစ်ကိုရှာဖွေနေပါသည်။ ၂၀၂၂ ခုနှစ်၊ မတ်လတွင်စတင်ရမည်ဖြစ်ပြီး တစ်နှစ်လုပ်ကိုင်ရမည်ဖြစ်သည်။
ဤအလုပ်နေရာသည် သက်ဆိုင်ရာနယ်ပယ်မှတက်သစ်စလူငယ်များနှင့် နိုင်ငံတကာ ယဉ်ကျေးမှုအဖွဲ့အစည်းတစ်ခုတွင် ဒစ်ဂျစ်တယ်ဆက်သွယ်ရေးနှင့်ပတ်သက််၍အတွေ့အကြုံစုဆောင်းလိုသူလူငယ်များအတွက်သင့်လျော်ပါသည်။
 

ဘာသာစကား

Class Feb
©Goethe-Institut

အွန်လိုင်းသင်တန်းများ

ဖေဖော်ဝါရီလ ဂျာမန်ဘာသာစကားသင်တန်းများ

ကျွန်ုပ်တို့၏ ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER)နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် သင်တန်းမှ သင်ယူရရှိလာမည့် ဘာသာစကားစွမ်းရည်များကို နည်းစနစ်ကျကျ နိုင်ငံတကာစံချိန်စံနှုန်းနှင့် တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဖေဖော်ဝါရီလအတွက် အွန်လိုင်းဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ သင်တန်းချိန်နှင့်ဈေးနှုန်းများကို ဝက်ဘ်ဆိုက်တွင်ဝင်ရောက်ကြည့်ရှု့နိုင်ပြီး ယခုပဲစာရင်းပေးသွင်းလိုက်ပါ။

သင်တန်းချိန်များနှင့်စျေးနှုန်းများ
ExamFeb
©Goethe-Institut

စာမေးပွဲများ

ဖေဖော်ဝါရီလ Goethe-Zertifikat စာမေးပွဲများ

နိုင်ငံခြားဘာသာစကားစာမေးပွဲများအတွက် သက်ဆိုင်ရာလိုအပ်ချက်များသည် မြင့်မားပါသည်။ Goethe-Institut ၏ ဂုဏ်သတင်းနှင့် အမည်နာမ၊ ကောင်းမွန်သည့် အရည်အသွေးစီမံခန့်ခွဲမှုစနစ်၊ နှစ်ကာလကြာရှည်ပြီဖြစ်သည့် လုပ်ငန်းအတွေ့အကြုံတို့က ထိုလိုအပ်ချက်များကို ကျွန်ုပ်တို့ဖက်မှ ဖြည့်ဆည်းပေးနိုင်ခြင်းရှိကြောင်း သက်သေပြနေပါသည်။ ဖေဖော်ဝါရီလအတွက် Goethe-Zertifikat စာမေးပွဲများကျင်းပရန်ရှိပါသည်။ အချိန်စာရင်းကို ဤတွင်ကြည့်နိုင်ပါသည်။
 

အချိန်ဇယားနှင့် စာရင်းပေးသွင်းရန်

စာကြည့်တိုက်

Onleihe Feb
©Goethe-Institut

ONLEIHE: ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက်

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

Bov Bjerg၊ Lena Gorelik၊ Klaus Kordon၊ Steffen Mau နှင့် Gisela von Wysocki တို့ရဲ့ လက်ရာအသစ်များအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက် “ONLEIHE” တွင် ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာအခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

“ONLEIHE” အကောင့်မရှိသေးပါက အောက်ပါ link တွင် အခမဲ့ Register ပြုလုပ်နိုင်ပါတယ်။
https://bit.ly/GoetheRegister
 

မီဒီယာအသစ်များကိုကြည့်ရှုရန်
ChecktheCatagories
©Goethe-Institut

ONLEIHE: ဂျာမန်ဒစ်ဂျစ်တယ်စာကြည့်တိုက်

#ChecktheCategories

“ONLEIHE” မှာ ဂျာမန်စာလေ့လာနေသူများအတွက် အောက်မှာဖော်ပြထားတဲ့ Categories လေးတွေ သီးသန့် ရှိနေတယ်ဆိုတာ သတိထားမိပါသလား? 
အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ရှာဖွေနိုင်အောင် စာအုပ်များ၊ အော်ဒီယိုများ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းများနဲ့ သတင်းစာများ ကို Goethe-Institut ရဲ့ ဒစ်ဂျစ်တယ်စာကြည့်တိုက်ထဲမှာ တစ်စုတစ်စည်းထဲဖော်ပြပေးထားတာမို့ အခုပဲ ငှားရမ်းလိုက် ရအောင်!

Onleihe အကောင့်မရှိသေးရင်လည်း အချိန်မရွေး အခမဲ့ Register ပြုလုပ်နိုင်ပါတယ်။
https://bit.ly/GoetheRegister

အသေးစိတ်အချက်အလက်များအတွက် - www.goethe.de/myanmar/onleihe
 

“ONLEIHE” သို့

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de