Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၂ ခုနှစ်၊ မေလ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Art & Healing

©Goethe-Institut Myanmar/TheeOoThazin

ဆွေးနွေးပွဲ

Art & Healing Certificate Workshop

အားလုံးစိတ်၀င်စားနေကြတဲ့ “Art & Healing” အလုပ်ရုံဆွေးနွေးပွဲကို မကြာခင်အချိန်အတွင်းမှာ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ ၅ ပတ်တာကြာမြင့်မှာဖြစ်ပြီးတော့ အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးတဲ့နေ့မှာတော့ Aung Clinic မှ ပေးအပ်မယ့် Certificate ကို ရရှိမှာဖြစ်ပါတယ်။ တက်ရောက်နိုင်မယ့် လူဦးရေကို ကန့်သတ်ထားတာကြောင့် အချိန်မှီ မေလ (၉) ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းဖို့တော့ လိုအပ်ပါတယ်။

အမည်၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်နဲ့အတူ ဘာကြောင့် ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လိုသလဲဆိုတာကို biblio-yangon@goethe.de ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အခြေခံစိတ်ကျန်းမာရေးနှင့် စိတ်ဖိစီးမှု ဖြေလျှော့ခြင်း၊ မိမိကိုယ်ကိုစောင့်ရှောက်ခြင်းနှင့် သူ့ရဲ့ အရေးပါပုံ၊ စိတ်နဲ့ကိုယ် အပြန်အလှန်ဆက်သွယ်မှုတို့အကြောင်း၊ စိတ်ဒဏ်ရာနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဘယ်လိုသိရှိ၊ ရင်ဆိုင်မလဲဆိုတာတွေ၊ ကိုယ်ချင်းစာနားလည်မှုတွေအကြောင်းအပြင် စိတ်လူမှုစောင့်ရှောက်ခြင်းဆိုတာဘာလဲ။ ဘာကြောင့်အရေးကြီးတာလဲ။ အစရှိတဲ့ အကြောင်းအရာတွေကို မတူညီတဲ့ လေ့ကျင့်ခန်းတွေပေါင်းပြီး ပြောပြသွားမှာဖြစ်ပါတယ်။
စိတ်ပါ၀င်စားသူမည်သူမဆိုအခမဲ့တက်ရောက်နိုင်မှာဖြစ်ပါတယ်။
 

အလုပ်ခေါ်စာ

We are hiring!

©Pexel/Mikhail Nilov

လစ်လပ်ရာထူး

တာဝန်ခံ (စီမံ/စာရင်းအင်းဌာန)

Goethe-Institut မြန်မာက စီမံ/စာရင်းအင်းဌာနတွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းရှာဖွေနေပါသည်။ ဤအလုပ်ရာထူးမှာ တစ်ပတ်လျှင်နာရီ (၄၀) အချိန်ပြည့်ဖြစ်ပြီး ဇွန်လ (၁) ရက်နေ့မှစတင်မည်ဖြစ်သည်။ ကနဦးတွင် တစ်နှစ်စာချုပ်ဖြစ်ပြီး သက်တမ်းထပ်တိုးနိုင်ပါသည်။

ဘာသာစကား

Class

©Goethe-Institut

ဂျာမန်ဘာသာစကားသင်တန်းများ

မေလဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက မေလအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၃၊၅၊၂၀၂၂ မှ ၁၅၊၅၊၂၀၂၂ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exam in May

©Goethe-Institut

စာမေးပွဲများ

မေလ Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက မေလအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၅၊၂၀၀၂ မှ ၁၅၊၅၊၂၀၂၂ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Don't speak German, No Problem.

©Goethe-Institut Myanmar / Paragon Cre8tive

စာဖတ်မလား။ အလုပ်လုပ်မလား။ သက်တောင့်သက်သာရှိပါတယ်။

စာကြည့်တိုက်

Don't speak German? No Problem! ဂျာမန်ဘာသာစကားမသင်ထားလည်း Goethe-Institut Myanmar စာကြည့်တိုက်ကို မိမိဖတ်လိုတဲ့စာအုပ်ကိုယူလာပြီးဖြစ်ဖြစ်၊ laptop လေးနဲ့ အေးအေးဆေးဆေး စာလုပ်ချင်၊ အလုပ်လုပ်ချင်တဲ့သူတွေအတွက်လည်းလာရောက်အသုံးပြုလို့ ရနိုင်ပါတယ်။ နောက်ထပ်တစ်ခုကတော့ ဂျာမန်စာအုပ်တွေအပြင် အမျိုးအစားစုံလင်တဲ့ အင်္ဂလိပ်စာအုပ်တွေလည်းများစွာရှိတာမို့ အားလုံးကိုလာရောက်အသုံးပြုဖို့ ဖိတ်ခေါ်ပါတယ်နော်။

ကြိုတင်ရက်ချိန်းရယူရန်
 
Onleihe May

©Goethe-Institut

အချိန်တိုင်း နေရာတိုင်း အခမဲ့

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “Onleihe” မှာတော့ ဂျာမန်ဘာသာစကားနဲ့ ဖော်ပြထားတဲ့ မီဒီယာပေါင်းသုံးသောင်းငါးထောင်ကျော်ကို ဒေါင်းလုပ်ဒ်ဆွဲအသုံးပြုနိုင်ရန် အဆင်သင့်ထားရှိထားပါတယ်။ အချိန်တိုင်း၊ နေရာတိုင်းမှာ အခမဲ့အသုံးပြုနိုင်တဲ့ဂျာမန်အွန်လိုင်းစာကြည့်တိုက်ကို အခုပဲစတင်အသုံးပြုလိုက်ပါ။
 

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 1 9376160
info-yangon@goethe.de