Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ မတ်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

IWD 2023

©Goethe-Institut Myanmar

နိုင်ငံတကာအမျိုးသမီးများနေ့ (၂၀၂၃)

မတ်လ (၈) ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေနှင့် မြန်မာနိုင်ငံနေရာအနှံ့အပြားမှ အမျိုးသမီးတွေရဲ့အောင်မြင်မှု၊ ရပ်တည်မှုတွေကို လေးစားသမှုပြုသောအားဖြင့် ကျွန်မတို့ Goethe-Institut မြန်မာက အစီအစဉ်အချို့ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဖော်ပြပါအစီအစဉ်များကို မတ်လတစ်လလုံး ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ကျွန်မတို့ပတ်၀န်းကျင်မှာရှိနေတဲ့ တစ်ဦးတစ်ယောက်ချင်းစီသော အမျိုးသမီးတိုင်းကိုဂုဏ်ပြုဖို့အတွက် ကျွန်မတို့နဲ့အတူပါ၀င်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပိုမိုသိရှိလိုသည်များရှိပါက info.kultur.MMR@goethe.de သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
 

ဘာသာစကား

Class March

©Goethe-Institut Myanmar

မတ်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာ စံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင် အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက မတ်လအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၂၇၊၂၊၂၀၂၃ မှ ၈၊၃၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exam March

©Goethe-Institut Myanmar

မတ်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် သင်၏ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက မတ်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၆၊၃၊၂၀၂၃ မှ ၁၆၊၃၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။
Study in Germany March

©Goethe-Institut Myanmar

Studieren in Deutschland

ဂျာမနီနိုင်ငံအကြောင်းကိုစိတ်ဝင်စားပါသလား။ ဂျာမနီတွင် ရေတို (သို့) ရေရှည်နေထိုင်ရန်၊ ပညာသင်ကြားရန်၊ အလုပ်လုပ်ကိုင်ရန် စဉ်းစားကြည့်ဖူးပါသလား။ သို့ဆိုလျှင် ကျွန်ုပ်တို့၏ „Study in Germany” ပွဲကကြိုဆိုပါသည်။
ဤပွဲအစီအစဉ်ကို (၂၀၂၃) မတ်လ (၁၁) ရက် နေ့လည် (၁) နာရီခွဲမှညနေ (၆း၁၅) အထိ Goethe-Institut မြန်မာတွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ 
- ဂျာမနီသံရုံး၊ DAAD နှင့် Goethe-Institut မြန်မာတို့မှ ကိုယ်စားလှယ်များက သတင်းအချက်အလက်တင်ဆက်မှုနှင့် „Study in Germany“ အကြောင်းအမေးအဖြေကဏ္ဍများပါဝင်မည်ဖြစ်သည်။
- ဂျာမန်တက္ကသိုလ်များတွင် လက်ရှိပညာသင်ကြားနေသော ကျောင်းသားများမှလည်း သူတို့၏ကိုယ်ပိုင်အတွေ့အကြုံများကိုမျှဝေပေးသွားမည်ဖြစ်သည်။ 
စာရင်းသွင်းရန် မလိုအပ်ပဲ မည်သူမဆို အခမဲ့လာရောက်နိုင်ပါသည်။

စာကြည့်တိုက်

Women in Stem

©Goethe-Institut Myanmar

ကလေးများနဲ့လူငယ်များအတွက်

“WOMEN IN STEM” အစီအစဉ်

မတ်လ (၈) ရက်နေ့မှ ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ယခုပြုလုပ်မယ့် Children & Youth Program ကို “Women in STEM” လို့အမည်ပေးထားပါတယ်။ အမျိုးသမီးများနေ့အကြောင်းမှတ်သားဖွယ်ဗဟုသုတတွေကို ကလေးများသိနားလည်လွယ်နိုင်သောအစီအစဉ်များဖြင့် wee care Children & Youth Development Center မှဆရာမများကမျှ၀ေပေးသွားမှာဖြစ်ပြီး မတူညီတဲ့ Activity လေးတွေလည်းပါ၀င်မှာဖြစ်ပါတယ်။  
အဖွဲ့လိုက် STEM Activity လုပ်ကြမယ်၊ Game session လေးတွေလည်းပါတာမို့ သားသားမီးမီးတို့အတွက် ဗဟုသုတလည်းရပြီး၊ ပျော်ပျော်ပါးပါးကစားရမယ့်နေ့မို့လို့ လာရောက်ပါ၀င်ဖို့ဖိတ်ခေါ်ပါတယ်။

အခုအစီအစဉ်လေးမှာပါဝင်နိုင်ဖို့ အသက်အရွယ်အလိုက် အုပ်စု (၂) စုခွဲထားပါတယ် -
Group A - အသက် (၆) နှစ်မှ (၁၁) နှစ်အထိ 
Group B - အသက် (၁၂) နှစ်မှ (၁၅) နှစ်အထိ

ဝင်ကြေးအခမဲ့ဖြစ်ပြီး၊ လူဦးရေကန့်သတ်ထားတာမို့ စာရင်းပေးသွင်းချင်တယ်ဆိုရင်တော့ အမည်၊ အသက်၊ ဖုန်းနံပါတ်နဲ့ အီးမေးလ်ကို စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/၃၀၂) မှ တစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့် ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။
Leseclub March

©Goethe-Institut Myanmar

“LESECLUB” program

ဂျာမန်ဘာသာစကားကိုလက်ရှိသင်ယူနေတဲ့သူပဲဖြစ်ဖြစ်၊ ဂျာမန်ဘာသာစကားတတ်ကျွမ်းထားပြီးသားသူပဲဖြစ်ဖြစ် ပါဝင်နိုင်မယ့်အစီအစဉ်တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ “Leseclub” ဆိုတဲ့စာဖတ်အသင်းအဖွဲ့လေးပဲဖြစ်ပါတယ်။ စာဖတ်ရတာကြိုက်နှစ်သက်သူတို့တွေ့ဆုံကြမယ့်ဒီအစီအစဉ်လေးမှာ Goethe-Institut မြန်မာမှ အတွေ့အကြုံရှိဆရာမတစ်ဦးကနေ ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုပါဝင်ဖို့ ဘာမှယူဆောင်လာစရာမလိုပဲ၊ ဆရာမမှ level အလိုက် (A2/ B1/ B2) ရွေးချယ်ပေးထားတဲ့ ဖတ်ရတာလွယ်ကူပြီး၊ စိတ်ဝင်စားစရာဇာတ်ကြောင်းကိုရေးသားထားတဲ့ easy reader ဝတ္ထုတိုစာအုပ်တွေကိုဖတ်ရမှာပဲဖြစ်ပါတယ်။ လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။
 
Lernberatung

©Goethe-Institut Myanmar

“LERNBERATUNG” program

Goethe-Institut Myanmar ရဲ့ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့မှပူးပေါင်းပြီး „Lernberatung” ဆိုတဲ့အစီအစဉ်လေးကို ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနန်းထွေးက ဂျာမန်စာလေ့လာမှုနဲ့ပတ်သက်တဲ့ သင်တန်းသား ကျောင်းသူ၊ ကျောင်းသားများရဲ့ မေးလိုသမျှအခက်အခဲမေးခွန်းများကို ကူညီဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်။ တစ်ချိန်ကို သင်တန်းသား (၆) ဦးသာလက်ခံသွားမှာဖြစ်လို့ စိတ်ပါ၀င်စားသူမည်သူမဆို စာကြည့်တိုက်မှာ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ အမည်၊ ဖုန်းနံပါတ်၊ မိမိရဲ့ German level၊ မိမိမေးလိုသည့်အကြောင်းအရာနှင့် မိမိတက်ရောက်လိုတဲ့ရက်ကို ပေးပို့ပြီး ကြိုတင်စာရင်းပေးသွင်းဖို့လိုအပ်ပါတယ်။
Board Game Friday March

©Goethe-Institut Myanmar

“BOARD GAME FRIDAY!”

ဂျာမန်စာလည်းလေ့ကျင့်ပြီးသားဖြစ်မယ်၊ German Board Game တွေလည်းကစားရမယ်ဆိုရင်?
 
Goethe-Institut Myanmar ဘာသာစကားဌာနနဲ့စာကြည့်တိုက်တို့ပူးပေါင်းပြီး “Board Game Friday” လေးကိုစီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ ဆရာမနဲ့အတူတူ ဂျာမန်၀ေါဟာရတွေ၊ အသုံးအနှုန်းတွေကို လေ့ကျင့်နိုင်မှာဖြစ်ပြီးတော့၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးပါ၀င်နိုင်မှာဖြစ်လို့ စာရင်းပေးသွင်းချင်ရင်တော့ စာကြည့်တိုက်သို့ လူကိုယ်တိုင်ဖြစ်စေ၊ အီးမေးလ် biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်။
 
Goethe-Institut Myanmar စာကြည့်တိုက်မှာ (၁) လ (၁) ကြိမ်သာပြုလုပ်မှာဖြစ်ပြီး၊ (၆) ဦးသာလက်ခံသွားမှာဖြစ်လို့၊ မိမိရဲ့အမည်၊ ဖုန်းနံပါတ်နှင့် German level ကိုပေးပို့ပြီး မြန်မြန်လေးစာရင်းပေးသွင်းဖို့တော့လိုအပ်ပါတယ်နော်။
 
Board Game လေးတွေကစားရင်း၊ ဂျာမန်စကားပြောလေးတွေကိုအတူတူလေ့ကျင့်လိုက်ရအောင်နော်။

နေ့ရက်။  ။၃၁.၀၃.၂၀၂၃ (သောကြာနေ့)
အချိန်။  ။နေ့လည် ၁၂ နာရီ မှ ၂ နာရီအထိ
ဂျာမန် Level။  ။ A2 – B1

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de