Logo:Goethe-Institut Claim:Sprache. Kultur. Deutschland.

၂၀၂၃ ခုနှစ်၊ ဇွန်လ သတင်းလွှာ

Goethe-Institut Myanmar



Deutsch | English | မြန်မာ

ယဉ်ကျေးမှု

Benefit Musical Concert: Classical & Modern

©Goethe-Institut Myanmar

Benefit Musical Concert: Classical & Modern

ရခိုင်ပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် တစ်စိတ်တစ်ပိုင်းအားဖြင့် ပါဝင်ကူညီရန်ဖိတ်ခေါ်ပါသည်။ Goethe-Institut Myanmar တွင်ပြုလုပ်မည့် ဂီတပွဲကိုလာရောက်နားဆင်ပြီး ရန်ပုံငွေများထည့်ဝင်နိုင်ပါသည်။ ရရှိသည့်ရန်ပုံငွေများကို နယ်စည်းမထား ဆရာဝန်များအသင်း (Médecins Sans Frontières) မှတဆင့် မိုခါဆိုင်ကလုန်းသက်ရောက်ခဲ့သော ရပ်ရွာများကိုကူညီထောက်ပံ့သွားမည်ဖြစ်သည်။ နယ်စည်းမထား ဆရာဝန်များအသင်းသည် လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ဆိုင်ကလုန်းမိုခါ၏နောက်ဆက်တွဲအခြေအနေများကို တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ အရေးပေါ် အသက်ကယ်လွှဲပြောင်းပေးမှုများဆောင်ရွက်ပေးခြင်းနှင့် ရပ်ရွာအတွင်းသန့်ရှင်းသောသောက်သုံးရေရရှိရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ရက်စွဲ : ဇွန်လ ၁၀ ရက် ၂၀၂၃ (စနေနေ့)
အချိန် : ညနေ ၄ နာရီ ည ၈ နာရီ
နေရာ : Goethe-Institut Myanmar


ဂီတပွဲအချိန်နဲ့နေ့စွဲကို မှတ်သားထားပြီး သူငယ်ချင်း၊ မိသားစုများနှင့် လာရောက်ပါဝင်ခြင်းအားဖြင့် ထောက်ပံ့ကူညီရန်ဖိတ်ခေါ်ပါသည်။
Collaboration with Myanmar Photo Archive

©Goethe-Institut Myanmar

စီမံကိန်းပူးပေါင်းဆောင်ရွက်မှု

Myanmar Photo Archive

Myanmar Photo Archive နှင့် Goethe-Institut Myanmar တို့သည် မြန်မာ့ဓာတ်ပုံသမိုင်းကြောင်းကို ပိုမိုကျယ်ပြန့်စွာသိရှိစေနိုင်မည့် စီမံကိန်းကိုပူးပေါင်းဆောင်ရွက်မည်အကြောင်း ၀မ်းမြောက်စွာကြေညာအပ်ပါသည်။ Goethe-Institut Myanmar ၏နှစ်နှစ်တာအထူးထောက်ပံ့ကူညီမှုဖြင့် Myanmar Photo Archive သည်တဖန်အသက်ဝင်လာပြီဖြစ်ပြီး မြန်မ့သမိုင်းကြောင်းဆိုင်ရာ ဓာတ်ပုံမော်ကွန်းအားပိုမိုကျယ်ပြန့်လာစေနိုင်မည့်စီမံကိန်းတစ်ခုကို ဆောင်ရွက်ရန်ရှိပါသည်။
 
MPA OPEN CALL

©Goethe-Institut/ Myanmar Photo Archive

အနုပညာရှင်၊အတတ်ပညာရှင်များအားဖိတ်ခေါ်ခြင်း

မြန်မာ့သမိုင်းအားအမြင်သစ်ဖြင့်ပုံဖော်ခြင်း

၂၀၂၃ တွင် Goethe-Institut Myanmar နှင့်မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တို့မှ အကောင်အထည်ဖော်ဆောင်မည့်အစီအစဉ်တွင်ပါဝင်ရန် သင့်အားဖိတ်ခေါ်လိုပါသည်။ မြန်မာ့ဓာတ်ပုံမော်ကွန်း (Myanmar Photo Archive) တွင်စုဆောင်းထားရှိသည့်ဓာတ်ပုံများအားသုံး၍ ထပ်ဆင့်ဖန်တီးမှုများပြုလုပ်နိုင်မည့် အနုပညာရှင်၊ အတတ်ပညာရှင်များအတွက် ထောက်ပံ့ကြေး (၄၅) မျိုးပေးသွားမည်ဖြစ်ပါသည်။ ဤအဆိုပြုလွှာခေါ်ယူခြင်းကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်မှ စတင်ပြီး ဇွန်လ ၃၀ ရက်နေ့ထိ ခေါ်ယူသွားဖြစ်သည်။ အသေးစိတ်အချက်အလက်များကိုဖတ်ရှုရန် လင့်ခ်ကိုနှိပ်ပါ။

Grant Awardee Announcement
 
Photo Exhibition: The Boy with Many Jobs

©Goethe-Institut Myanmar

ဓါတ်ပုံပြပွဲ

The Boy With Many Jobs

Goethe-Institut မြန်မာနဲ့အတူ နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းတို့ပူးပေါင်းပြုလုပ်မယ့် နိုင်ငံတကာကလေအလုပ်သမားတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ Goethe-Institut မြန်မာပွဲခန်းမမှာပြုလုပ်ကျင်းပမယ့်ဓာတ်ပုံပြပွဲသို့ ဖိတ်ခေါ်ပါတယ်။

မိသားစုကိုထောက်ပံ့ပေးနေတဲ့ (၁၁) အရွယ်ကောင်လေးရဲ့ ဘ၀ဇာတ်လမ်းကိုအခြေပြုပြီး ဒီပြပွဲလေးကိုတင်ဆက်ထားပါတယ်။ သူဟာ ငါးဖမ်းတာကစလို့ အုတ်ဖုတ်တဲ့အထိ ၀င်ငွေရမယ့်ဘယ်အလုပ်မျိုးကိုမဆိုလုပ်ကိုင်ပါတယ်။ ဒီလိုဆို သူရဲ့ငယ်ဘ၀အိပ်မက်တွေကရော။ မြန်မာကလေးငယ်တွေရဲ့အခွင့်အရေးကို ကာကွယ်ပေးဖို့ အရင်ကထက်ပိုလိုအပ်နေတယ်ဆိုတာကို ယခုပြပွဲကနေ ပိုမိုထင်ဟပ်စေမှာပဲဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါဘေး၊ အခက်အခဲနဲ့စိန်ခေါ်မှုတွေက မိသားစုတွေကို ဆင်းရဲတွင်းပိုနက်စေခဲ့ပြီး ကလေးငယ်တွေကို ကလေးလုပ်သားတွေအဖြစ် အဆိုးဆုံးအနေအထားတွေအထိ တွန်းပို့နေပါတယ်။ ဒီဖြစ်အင်တွေကိုတုန့်ပြန်ကာကွယ်မှုတွေဟာ အသိတရားရှိမှုကနေပဲစတင်နိုင်မှာဖြစ်ပါတယ်။
 
Program of Care 2.0 June Workshop

©Goethe-Institut Myanmar

ထင်ဟပ်မျှ၀ေ တွဲလက်တွေ (ဒုတိယပိုင်း)

“Art & Healing Certificate Workshop (Part 2) အလုပ်ရုံဆွေးနွေးပွဲ”

ထင်ဟပ်မျှဝေ တွဲလက်တွေ အစီအစဉ်ရဲ့ ဒုတိယမြောက်ကျင်းပမယ့်အလုပ်ရုံဆွေးနွေးပွဲလေးကတော့ “Art & Healing Certificate Workshop (Part 2)” အစီအစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီအစဉ်လေးကို မကြာမီအချိန်အတွင်းမှာ ကျင်းပသွားမယ်ဆိုတဲ့အကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်။ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကိုကိုင်တွယ်‌ဖြေရှင်းရာမှာ အနုပညာဆိုင်ရာနည်းလမ်းတွေကိုအသုံးချပြီး ဘယ်လိုဖြေရှင်းနိုင်တယ်ဆိုတာကို လေ့ကျင့်သင်ယူသွားကြရမှာပဲဖြစ်ပါတယ်။ တပြိုင်နက်ထဲမှာပဲ အခြေ‌ခံစိတ်ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ဖိစီးမှုဖြေလျော့ခြင်း၊ စိတ်ဒဏ်ရာပြသာနာများကိုရင်ဆိုင်ဖြေရှင်းခြင်း၊ အချင်းချင်းကိုယ်ချင်းစာနားလည်မှုတည်ဆောက်ခြင်း၊ ကိုယ့်အသိုင်းအဝိုင်းကြား စိတ်လူမှုစောင့်ရှောက်မှုပေးခြင်း အစရှိတာတွေကို အပြန်အလှန်ဆွေးနွေးသင်ယူသွားကြရမှာပဲဖြစ်ပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကို တစ်ပတ်ကိုတစ်ကြိမ်ဖြင့် ငါးရက်လုံးတက်ရောက်ရမှာဖြစ်ပြီး (၁၊ ၈၊ ၁၅၊ ၂၂၊ ၂၄ ဇွန်လ) Aung Mental Health Initiative မှ စိတ်ကျန်းမာရေးအထူးကုဆရာ၀န် ဒေါက်တာစန်းစန်းဦးနှင့် အနုပညာကုထုံးဆရာ၀န် ဒေါက်တာအောင်မင်းတို့က ဦးဆောင်သွားမှာဖြစ်ပါတယ်။ သင်တန်းပြီးဆုံးသွားပါက Aung Mental Health Initiative မှ ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ်ကိုရရှိမှာပဲဖြစ်ပါတယ်။

ဘာသာစကား

Learn German at Goethe-Institut Myanmar

©Goethe-Institut Myanmar

ဇွန်လ

ဂျာမန်ဘာသာစကားသင်တန်းများ

Goethe-Institut မြန်မာတွင် ဂျာမန်စကားကိုစနစ်တကျစတင်သင်ယူလိုက်ပါ။ ကျွန်ုပ်တို့၏ဂျာမန်ဘာသာစကားသင်တန်းများကို ဥရောပဘာသာစကားဆိုင်ရာစံချိန်စံနှုန်းမူဘောင် (GER) နှင့်အညီ အဆင့်ခြောက်ဆင့်အပေါ်တွင်အခြေခံထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏သင်တန်းများသည်  နိုင်ငံတကာစံချိန်စံနှုန်းနှင့်တိုင်းတာနှိုင်းယှဥ်နိုင်ပါသည်။ Goethe-Institut မြန်မာက ဇွန်လအတွက် ဂျာမန်ဘာသာစကားသင်တန်းများဖွင့်လှစ်လျှက်ရှိပါသည်။ 
စာရင်းပေးသွင်းရမည့်ကာလမှာ ၁၊၆၊၂၀၂၃ မှ ၁၁၊၆၊၂၀၂၃ အထိဖြစ်ပြီး စုံစမ်းမေးမြန်းလိုသည်များရှိပါက info.language.mmr@goethe.de မှတဆင့် အီးမေးလ်ပေးပို့ဆက်သွယ်နိုင်ပါသည်။
Exam schedule in June at Goethe-Institut Myanmar

©Goethe-Institut Myanmar

ဇွန်လ

Goethe-Zertifikat စာမေးပွဲများ

သင့်ရဲ့ဂျာမန်ဘာသာစကားအရည်အသွေးကိုသက်သေပြရန် ကမ္ဘာတဝှမ်းကအသိအမှတ်ပြုသောအောင်လက်မှတ်တစ်ခုလိုအပ်နေပါသလား။ Goethe-Institut ၏ဘာသာစကားအောင်လက်မှတ်သည် ဂျာမန်ဘာသာစကားစွမ်းရည်ကိုမှတ်ကျောက်တင်ရန် ကမ္ဘာတဝှမ်းကအသိမှတ်ပြုသည့်အောင်လက်မှတ်ဖြစ်ပါသည်။ Goethe-Institut မြန်မာက ဇွန်လအတွက် Goethe-Zertifikat စာမေးပွဲများကိုကျင်းပမည်ဖြစ်ပါသည်။ စာရင်းသွင်းကာလမှာ ၂၊၆၊၂၀၂၃ မှ ၁၆၊၆၊၂၀၂၃ ဖြစ်သည့်အတွက် ယခုပဲအချိန်စာရင်းကိုကြည့်ပြီး info.language.mmr@goethe.de ကိုအီးမေးလ်ပို့ပြီး စာရင်းပေးသွင်းနိုင်ပါပြီ။

စာကြည့်တိုက်

Children and Youth program at Goethe-Institut Myanmar Library

©Goethe-Institut Myanmar

စာကြည့်တိုက်ရှိ

ကလေးနှင့်လူငယ်အစီအစဉ်မှကြိုဆိုပါတယ်!

ကလေးများနှင့်လူငယ်များအတွက် ဘေးကင်းသောပံ့ပိုးကူညီမှုနှင့် ကြွယ်ဝသောပတ်ဝန်းကျင်ကိုပေးဆောင်ရန်၊ Goethe-Institut Myanmar ၏စာကြည့်တိုက်မှ ယောဂနှင့်လှုပ်ရှားမှုလေ့ကျင့်ခန်းများ၊ အမျိုးသမီးများနေ့အကြောင်း၊ သိပ္ပံနည်းပညာဆိုင်ရာဂိမ်းအစီအစဉ်များနှင့် ရာသီအလိုက်လက်မှုပညာလှုပ်ရှားမှုများ အစရှိသောအစီအစဉ်များစွာကို စီစဉ်ပေးလျက်ရှိပါတယ်။ ကျွန်ုပ်တို့၏ရည်မှန်းချက်မှာ စာကြည့်တိုက်ကို ကလေးများနှင့်ဆယ်ကျော်သက်လူငယ်များသင်ယူရန်အတွက် ပျော်ရွှင်စရာနှင့်စိတ်လှုပ်ရှားဖွယ်နေရာတစ်ခုဖြစ်စေရန်ဖြစ်ပါတယ်။

ထပ်မံ၍ပြုလုပ်ကျင်းပမယ့် ကလေးနှင့်လူငယ်အစီအစဉ်ရဲ့  ‘‘Journaling & Mind Mapping Activity‘‘ အသေးစိတ် အချက်အလက်များကို မကြာမီအချိန်အတွင်း ကြေငြာပေးသွားမှာဖြစ်ပါတယ်။ အချက်အလက်များ အချိန်နဲ့တပြေးညီရရှိနိုင်ရန် ကျွန်ုပ်တို့ရဲ့လူမှုကွန်ရက်စာမျက်နှာများကို စောင့်ကြည့်ပေးဖို့မေတ္တာရပ်ခံပါရစေ။ ပြုလုပ်သွားမယ့် activity ကိုတက်ရောက်ဖို့ သင့်အားဖိတ်ခေါ်ပါတယ်။ 
Lese Club June

©Goethe-Institut Myanmar

ဇွန်လ

“LESECLUB” program

သင့်ရဲ့ဘာသာစကားစွမ်းရည်ကိုမြှင့်တင်ဖို့ ပေါ့ပေါ့ပါးပါးနဲ့လေ့လာလို့ရမယ့်နည်းလမ်းကို ရှာဖွေနေပါသလား? ဒါဆိုရင်တော့ ကျွန်ုပ်တို့ရဲ့စာဖတ်အသင်းအဖွဲ့လေးက သင့်အတွက်ရှိနေပါတယ်။ ဝေါဟာရအသစ်တွေကိုလေ့လာနိုင်မယ့် ဒီအစီအစဉ်လေးမှာပါ၀င်ပြီး သူငယ်ချင်းများနဲ့အတူပျော်ရွှင်စွာ များပြားလှတဲ့ Easy Readers စာအုပ်မျိုးစုံကို လေ့လာဖတ်ရှုနိုင်မှာပဲဖြစ်ပါတယ်။

အားလုံးစိတ်၀င်တစားပါ၀င်ကြတဲ့ စာဖတ်အသင်းအဖွဲ့လေးကို ဒီတစ်ခေါက်မှာလည်း နှစ်ကြိမ်တွေ့ဆုံရမယ့်အစီအစဉ်ကို ပြုလုပ်ပေးသွားမှာပဲ ဖြစ်ပြီး၊ Goethe-Institut Myanmar မှ အတွေ့အကြုံရှိဆရာ/ ဆရာမတစ်ဦးမှဦးဆောင်မှာဖြစ်ပါတယ်။ ပထမနေ့မှာ စာကိုအလှည့်လိုက်ဖတ်ဆိုကြပြီး၊ မိမိအထင်အမြင်တွေကို မြန်မာလိုရော၊ ဂျာမန်ဘာသာနဲ့ပါ ဖလှယ်ကြမှာဖြစ်ပါတယ်။ ဒုတိယနေ့မှာတော့ ပြန်လည်တွေ့ဆုံကြပြီး၊ အရင်ရှေ့နှစ်ပတ်ကဖတ်ခဲ့တဲ့ စာအုပ်လေးရဲ့ စိတ်၀င်စားဖို့ကောင်းတဲ့ အပိုင်းဆက်လေးတွေကို ဆက်လက်ဖတ်ရှုကာဆွေးနွေးကြမှာပဲဖြစ်ပါတယ်။

လူဦးရေကန့်သတ်ထားတာကြောင့် စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) မှတစ်ဆင့်ဖြစ်စေ၊ biblio-yangon@goethe.de မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါပြီ။ 

ဇွန်လ

“BOARD GAME FRIDAY!”

A1 plus level ရှိ ဂျာမန်စကားလုံးများဖြစ်တဲ့ ဥပမာအားဖြင့် – grüßen, die Orange, die Ankunft, laut, sich freuen, links, der Friseur, einkaufen, das Schwimmbad အစရှိတဲ့၀ေါ်ဟာရစကားလုံးများကို အချိန် (၂) နာရီပေးရုံနဲ့ စာကျက်စရာမလိုဘဲ လွယ်လွယ်ကူကူမှတ်မိနိုင်မယ်ဆိုရင်???    
ဒါကတော့ တစ်လမှာတစ်ကြိမ်သာကျင်းပတဲ့ Board Game Friday လေးမှာပါ၀င်ကစားပြီး၊ ဂျာမန်၀ေါ်ဟာရစကားလုံးလေးတွေကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ ဂိမ်းလေးကတော့ QUICK BUZZ လို့အမည်ရပြီး၊ ဂျာမန်စကားလုံးလေးတွေကို မြန်မြန်ဆန်ဆန်ခန့်မှန်းကာ အမြန်ဆုံးဘဲလ်တီးပြီး မှန်ကန်စွာဖြေဆိုရမှာပဲဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးကစားဖို့ >>> စာကြည့်တိုက်ဖွင့်ချိန်အတွင်း ၀၁ ၉၃၇၆၁၆၀ (လိုင်းခွဲနံပါတ် ၃၀၁/ ၃၀၂) (သို့) biblio-yangon@goethe.de သို့ အခုပဲစာရင်းပေးလိုက်တော့နော်
 
New Arrival B2 at Goethe-Institut Myanmar Library

©Goethe-Institut Myanmar

"New arrivals for B2 learners (DaF B2)”

စာကြည့်တိုက်မှာ ဂျာမန်ဘာသာစကားလေ့လာနေသူများ (B2 အဆင့်) အတွက် စာအုပ်အသစ်များစွာရောက်ရှိနေတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပေးပါရစေ။ 
အသစ်ရောက်ရှိနေတဲ့စာအုပ်လေးတွေက ဘယ်လိုအမျိုးအစားတွေဖြစ်မလဲ ကြည့်လိုက်ရအောင်! စာအုပ်အသစ်တွေကို စာအုပ်စင်မှာအလွယ်တကူရှာဖွေနိုင်ဖို့ NEU! ဆိုတဲ့ Tag လေးတွေကပ်ပေးထားတာမို့ မြန်မြန်ဆန်ဆန်နဲ့ လွယ်လွယ်ကူကူတွေ့နိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လိုစာအုပ်တွေငှားရမလဲ မသိဖြစ်နေရင်တော့ ကျွန်ုပ်တို့ရဲ့ စာကြည့်တိုက်မှူးတွေက သင့်လိုအပ်ချက်အတိုင်းကူညီပေးဖို့ အဆင်သင့်ရှိနေပါတယ်။ 
သင့်ရဲ့ဘာသာစကားလေ့လာမှုစွမ်းရည်တွေတိုးတက်လာဖို့ ကျွန်ုပ်တို့ရဲ့ အသစ်ရောက်စာအုပ်တွေက ကူညီပေးမှာပါ။ ဒါကြောင့်မို့ စာကြည့်တိုက်မှာဆုံကြမယ်နော်! 
New media Onleihe 6/23

©Goethe-Institut Myanmar

ONLEIHE: ဂျာမန်အွန်လိုင်းစာကြည့်တိုက်

Onleihe တွင် အသစ်ရောက်ရှိလာသော မီဒီယာများ

Alex Capus၊ Franzobel၊ Arno Geiger၊ Esther Gonstalla၊ Şeyda Kurt နှင့် Elisabeth Wellershaus တို့ရဲ့လက်ရာများအပါအ၀င် အခြားသောမီဒီယာအသစ်များ ကျွန်ုပ်တို့ရဲ့ ဂျာမန်အွန်လိုင်းစာကြည့်တိုက် “ONLEIHE” တွင်ရောက်ရှိနေပြီ ဖြစ်ကြောင်း သတင်းကောင်းပေးချင်ပါတယ်။ အခုပဲ ကျွန်ုပ်တို့ရဲ့ “ONLEIHE” မှာ အခမဲ့ငှားရမ်းဖတ်ရှုလိုက်ပါ။

ဆက်သွယ်ရန်

Goethe-Institut မြန်မာ
ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။
ဖုန်း +95 9 954296160
info-yangon@goethe.de